အုတ္ခဲပံုၾကီးကို ရွိခိုးဦးခ်ေနျခင္းမဟုတ္

ေစတီ

ေစတီ အဆင္တန္ဆာ တစ္ခုခ်င္းစီ၏ အဓိပၸါယ္ အက်ဥ္းမ်ားမွာ –

(၁) တံခြန္တိုင္ = မာန ( ရတနာေတာ္ျမတ္ ၃ ပါးအား ဖူးေမွ်ာ္မာန္ေလ်ာ့ ကန္ေတာ့ရန္)

(၂) ပန္းတင္ခံု = ပတၳနာ – နိဗၺာန္ေရာက္ေၾကာင္း ဆုေတာင္းရန္

(၃) ရွစ္ေၿမွာင့္ = ေမြးၿခင္း(၄)မ်ိဳး+ ေသၿခင္း(၄) မ်ိဳးကို ႏွလံုးသြင္းဆင္ၿခင္ၾကရန္

(၄) ၾကီ၀င္း-၅ခု = ဂတိ-၅ပါးမွ လြတ္ေအာင္ ၾကိဳးစားၾကရန္

(၅) ခါးစည္း = သီလ/သမာဓိ/ပညာ ဟူေသာ အဓိသိကၡာ-၃ပါးၿဖင့္ ခါးကိုစည္းႏိုင္ၾကရန္

(၆) ေခါင္းေလာင္း = မိမိတို.၏ ကုသိုလ္ေကာင္းမႈမ်ားကို ကုသိုလ္ငတ္မြတ္ေနေသာသတၱ၀ါမ်ားသို႔ မွ်ေ၀ေပးရန္

(၇) ေဖာင္းရစ္-၇ရစ္ = ၀ိသုဒၶိ ၇ပါး(စင္ၾကယ္ၿခင္း ၇မ်ိဳး)ၿပည့္စံုေအာင္ၾကိဳးစားၾကရန္

(၈) သပိတ္ေမွာက္ = တဏွာ/မာန/ဒိဌိ(အယူမွား) ဟူေသာ သံသရာနယ္ခ်ဲ႕တတ္သည့္ပပဥၥတရား(၃)ပါးတို.ကို သပိတ္ေမွာက္ ဆန္႔က်င္ေတာ္လွန္္ၾကရန္

(၉) ဘီလူးပန္းဆြဲ-၁၆ခု = ဥာဏ္စဥ္-၁၆ပါး ရေအာင္ၾကိဳးစားၾကရန္

(၁၀) ၾကာေမွာက္/ၾကာလွန္= ၾကာပန္းသည္ ဗုဒၶျမတ္စြာဘုရား၏သေကၤတ

(၁၁) ထီးေတာ္ဘံု ၇ဆင့္ = ေအးၿငိမ္းသည့္ အရိယာသူေတာ္စင္တို႔ ရရွိခံစားရသည့္မဂ္(၄)တန္+ ဖိုလ္(၄)တန္(ေသာတာပတၱိမဂ္အပါအ၀င္)

(၁၂) ငွက္ၿမတ္နား = ရဟႏၱာအရွင္ၿမတ္တို. ခႏၵာ၀န္မခ်မီ စာေရး စာခ် တရားေဟာ တရားျပ/သာသနာၿပဳသူေတာ္ျမတ္အလုပ္မ်ားၿဖင့္ ေခတၱနားခိုရာ

(၁၃) စိန္ဖူးေတာ္ = စိန္တြင္ အညစ္အေၾကးပါဝင္မႈ ကင္းစင္သလို ကမၻာေပၚတြင္ အမာဆံုးပစၥည္းၿဖစ္သလို၊ စိ္တ္အညစ္အေၾကး
(ကိေလသာ) အားလံုး ကင္းစင္သည့္ နိဗၼာန္တရားေတာ္ၿမတ္

သူေတာ္ေကာင္းတရား လႊမ္းပတ္ကမၻာတည္ပါေစ…

ယုတ္မာညစ္ဆိုး ဒုစရိုက္မ်ိဳးကို သူေတာ္လက္နက္ တရားစက္ျဖင့္ ျဖိဳဖ်က္နိုင္ၾကပါေစ…

အေလာင္းအလ်ာ ျဖည့္ေကာင္းရာသည့္ သံုးဖ်ာဆယ္လီ ပါရမီေတာ္တို႔ကို မလင့္ပံုေသ ျဖည့္က်င့္နိုင္ၾကပါေစကုန္သတည္း…။

ေစတီ

Credit


#Unicode version

စေတီ အဆင်တန်ဆာ တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ –

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ – နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တဝါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ဝိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဉာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၄)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအဝင်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ်အကြေး
(ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖျာဆယ်လီ ပါရမီတော်တို့ကို မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…။

စေတီ

Credit