Sponsored

သင်သာ မကြာသေးခင်ကာလက မလေးရှားနိုင်ငံတဝိုက်မှာ ကားပတ်မောင်းဖူးတယ်ဆိုလျှင် မီးပွိုင့်နီနေချိန်မှာ သင့်ကားနားကိုကပ်လာပြီး ငွေတောင်းခံတဲ့သူတွေရှိတယ်ဆိုတာ သံသယဖြစ်မှာမဟုတ်ပါဘူး။

အဲ့လိုအချိန်မျိုးမှာဆိုလျှင် အများစုကတော့ သူတို့ကိုလျစ်လျုရှုပြီး မှန်တံခါးပိတ်ပစ်လေ့ရှိပါတယ်။ ဒါပေမယ့် ငွေတောင်းတဲ့ ကလေးတစ်ယောက်ကတော့ လူတွေထိတ်လန့်သွားစေလောက်တဲ့အပြုအမူမျိုး လုပ်ခဲ့ပါတယ်။

Source: Sabah Trending

ဒီဖြစ်ရပ်ဟာ Lahad Datu မှာဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ ကလေးတစ်ယောက်က ကစားစရာသေနတ်နဲ့ မီးပွိုင့်မှာကားထဲကလူကိုခြောက်ပြီး ပိုက်ဆံတောင်းနေခဲ့တာပါ။ အဲ့ဒီအချိန်မှာပဲ ရဲတွေကချက်ချင်းပဲ အခင်းဖြစ်ပွားရာကိုရောက်လာပြီး ကောင်လေးကိုဖမ်းလိုက်ပါတယ်။

Sponsored
Source: Sabah Trending

ဒီဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး ဒီကောင်လေးတစ်ယောက်ထဲဖမ်းမိခဲ့တာမဟုတ်ဘဲ အခြားလူ ၁၅ယောက်ကိုလည်းဖမ်းမိခဲ့ပါတယ်။ သူတို့တွေကိုစစ်လိုက်ချိန်မှာတော့ နိုင်ငံတွင်းနေထိုင်ခွင့် တရားဝင်စာရွက်စာတမ်းတွေ မရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ Lahad Datu ရဲဌာနရဲ့အကြီးအကဲ Nasri Mansor က ထိန်းသိမ်းခံရသူ ၁၅ယောက်ထဲမှ ၁၁ယောက်က ကလေးတွေဖြစ်ပြီး အကြီးဆုံးက ၃၁နှစ်ဖြစ်တယ်လို့ဆိုပါတယ်။

Source: Sabah Trending

ဒီကစားစရာ သေနတ်ကို သူ့အမေကဝယ်ပေးခဲ့တာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရအောင်ဖြစ်ပါတယ်။ဒီအမှုကို လူဝင်မှုကြီးကြပ်ရေးရဲ့ အပိုင်း ၆ အရစစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒီကလေးရဲ့ဖြစ်ရပ်ဟာ ကြမ်းတမ်းတဲ့လုပ်ရပ်မျိုးမဟုတ်ဘဲ ပျော်စေပျက်စေ စနောက်တာမျိုးလောက်ပဲဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။ ဒီဖြစ်ရပ်ဟာ ကောင်းတဲ့အခြင်းအရာမဟုတ်ဘူးဆိုတာ ကောင်လေးသင်ခန်းစာရသွားဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်ဗျာ…။

Writer – Leo ( The Lifestyle Myanmar )
Source: World Of Buzz

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *