ကျေးဇူးရှိတဲ့ ယုန်လေးကို ရန်ကုန်အထိ ပြန်လာကန်တော့ခဲ့ကြတဲ့ Rap ကျားကြီးနဲ့ MC ကယားလေး

@Facebook

အနုပညာမှာ အားနည်းပေမယ့်လည်း သူတို့တတ်နိုင်တဲ့ ကြိုးစားအားထုတ်မှုလေးနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ တိုင်းရင်းသားနှစ်ဦးဖြစ်တဲ့ Rap ကျားကြီးနဲ့ MC ကယားလေးတို့နှစ်ဦးကတော့ အဆိုတော် ယုန်လေးကြောင့် ရန်ကုန်သို့ ရောက်ရှိခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့သီချင်းလေးကိုလည်း ဗီဒီယိုရိုက်ကူးပြီး ပရိသတ်တွေဆီ ချပြခဲ့ပြီးပါပြီ။

@Facebook

လတ်တလောမှာတော့ ယုန်လေးက ကျေးဇူးသိတတ်လွန်းတဲ့ Rap ကျားကြီးနဲ့ MC ကယားလေးတို့နှစ်ဦးကြောင့် ပျော်ရွှင်ပီတိဖြစ်ခဲ့ရတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ နယ်ပြန်ပြီးကာမှ ကျေးဇူးရှိတဲ့ ယုန်လေးကို ပြန်လာကန်တော့ကြတဲ့ သူတို့နှစ်ဦးကတော့ တကယ့်ကို ချစ်ဖို့ကောင်းကြတဲ့ တပည့်တွေပါပဲနော်။

ယုန်လေးကတော့ “MV လေးထွက်ပြီးထဲက ကျွန်တော်တို့ ပျော်လွန်လို့ ငိုပြီးပြီ ဆိုပြီး ဖုန်းဆက်ပါတယ် ။ အခု ရန်ကုန်ရောက်တော့လည်း ကွင်းထဲ အထိ လာကန်တော့တဲ့ ညီလေးနှစ်ယောက်ကို တကယ်ကြည့်ပြီး ပီတိဖြစ်မိပါတယ် ။လေ့လာစရာတွေ လေ့လာပြီး ကိုရူးသွတ်တဲ့ အနုပညာကို ဆက်လက် ရူးသွတ်နိုင်ပါစေ . Nov 8 မှာ Music World Nov 9 မှာ Lighting Festival Nov 12 မှာ လမ်းမတော် တန်ဆောင်တိုင် မှာ သူတို့ဖျော်ဖြေမှာပါ . အားပေးကျဖို့လည်းဖိတ်ခေါ်ပါတယ်။” ဆိုပြီး သူ့ကို အားကိုးကြတဲ့ ညီလေးနှစ်ယောက်ကို ရှိုးပွဲတွေလည်း ခေါ်ဆိုမယ့်အကြောင်း ပြောထားပါသေးတယ်။

@Facebook
@Facebook

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ယုန်လေးနဲ့ တပည့်နှစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။