ခေးအတွက်​ဆိုပြီး ခံစားချက်​​တွေကို ကဗျာ​လေးနဲ့ ရင်​ဖွင့်​လာတဲ့ ရဲ​လေး

@Facebook


@Facebook


@Facebook


@Facebook


Source: Ye Lay Fb


#Unicode version

အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ငြိမ့်ငြိမ့်လေး စီးဝင်စေတဲ့ သီချင်းကောင်းတွေရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရဲလေးကတော့သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း အရည်အချင်းပြည့်ဝသူတစ်ဦးပါ။ အချစ်ရေးနဲ့ ပတ်သတ်တာတွေ တင်လေ့မရှိတဲ့ အဆိုတော် ရဲလေးကတော့ လတ်တလောမှာတော့ ခေးအတွက်ဆိုပြီး Romantic ဆန်ဆန် စာသားလေးနဲ့အတူ အရမ်းချောတဲ့ ကောင်မလေးတစ်ယောက်ပုံကို လူမှုကွန်ယက်မှာ ဝေမျှပေးလာတာ တွေ့ရပါတယ်။ ရဲလေးရဲ့ပရိသတ်တွေကတော့ ခေးဆိုတာ ဘယ်သူလဲဆိုပြီး စိတ်ဝင်စားနေကြတာပါနော်။

ရဲလေးကတော့ “အင်တိုက်အားတိုက်အချစ်တို့မွေးဖွားမယ် ရောင်စုံပန်းခင်းကြီးထဲ ပြေးလွှားမယ် အလှဆုံးအခမ်းနားဆုံးပေးဆပ်မယ် ကဗျာများလည်းရေးစပ်ခေးအတွက်ကွယ် YELAY” ဆိုပြီးRomantic ဆန်ဆန် ကဗျာလေးနဲ့အတူ ကောင်မလေးတစ်ယောက်ရဲ့ပုံကို ချပြထားတာပါ။ အဆိုတော် ရဲလေးကတော့ အချစ်နဲ့ပတ်သတ်တဲ့ ကဗျာလေးတွေတောင် တင်လေ့မရှိတာ့ ပရိသတ်တွေ အရမ်း စိတ်ဝင်စားနေကြတာပါ။

ဘာလာလာ ရုပ်ရှင်ရယ် စပွန်ဆာ ရုပ်ရှင် ရယ် နှင်းဆီအငြိမ့် တို့မတိုင်ခင် သီချင်းအသစ် တစ်ပုဒ်မနေ့ကရိုက်ကူးပြီးစီးခဲ့ပြီး စက်တင်ဘာလထဲမှာပဲ YLJK ENTERTAINMENT ကနေထပ်မံတင်ဆက်သွားပါမယ်ခင်ဗျာ …။ မင်းသမီးကတော့တစ်ခါမှမဆုံဘူးသေးတဲ့ နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေးသက်ထားသူဇာ နဲ့ ရိုက်ကူးထားပါတယ်ခင်ဗျာ…Hollow Guitar တစ်လုံးတည်းနဲ့ပရိသတ်တွေကိုယ်တိုင်လိုက်တီးပြီးလိုက်ဆို လို့ရမယ့်ပုံစံလေးကို ဖန်တီးထားပါတယ် …” လို့ ရဲလေးက သူ့ဖေ့ဘွတ်စာမျက်နှာမှာတင်ထားတာပါ။

အဆိုတော် ရဲလေးကတော့ လတ်တလောမှာ သီချင်းတွေဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ ရဲလေးပါဝင်သရုပ်ဆောင်ထားတဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင် ရုံတင်ပြသတော့မှာပါ။ချစ်ပရိသတ်တွေလည်း အဆိုတော် ရဲလေးရဲ့ခေးကို စိတ်ဝင်စားရင် ရှယ် သွားကြဖို့ မမေ့ပါနဲ့နော်။

Source: Ye Lay Fb