ဒလျမိဳ႕နယ္ ျမိဳ႕ေရွာင္လမ္း ေဖာက္လုပ္ရန္ ေဒသခံေတာင္သူမ်ား YCDC သို႕ မိမိပိုင္လယ္ေျမမ်ား လွဴဒါန္း

Facebook

ရန္ကုန္တိုင္းစည္ပင္သာယာေရးဝန္ျကီး ရန္ကုန္ျမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးသည္ ဒလျမိဳ႕နယ္ေက်းရြာခ်င္းဆက္လမ္းေဖာက္လုပ္ေနမွဳကို သြားေရာက္ျကည့္ရွဳ႕ျပီး ေဒသခံျပည္သူမ်ားနွင့္ေတြ႕ဆံုရာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴ းဦးသန္း နွင့္ေကာ္မတီဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနမွဴ းမ်ားနွင့္တာဝန္ရွိသူမ်ား ဒလျမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌနွင့္ေကာ္မတီဝင္မ်ား ၊ရပ္မိရပ္ဖမ်ား ေဒသခံျပည္သူမ်ားနွင့္ လယ္ေျမအလွဴ ရွင္မ်ား လာေရာက္ခဲ႔ျကသည္။

Facebook

ျမိဳ႕ေတာ္၀န္မွ ယခုျဖစ္စဥ္သည္ ဒလျမိဳ႕နယ္အတြက္ သမိုင္းတြင္သည္႕ ျဖစ္စဥ္တစ္ခုျဖစ္ျပီး ေဒသဖြံ႕ျဖိဳးေရးအတြက္ အလြန္တန္ဖိုးရွိေသာ ၀မ္းေျမာက္စရာျဖစ္ေၾကာင္း အထူးသျဖင့္ မိမိပိုင္လယ္ေျမကို အမ်ားအက်ိဳးအတြက္ လွဴဒါန္းေပးၾကေသာ ေတာင္သူဦးၾကီးမ်ားအား အထူးေက်းဇူးတင္ပါေၾကာင္း ဒီလိုစိတ္ဓါတ္မ်ိဳးသည္ လူတိုင္းထားနိုင္ေသာ စိတ္မ်ိဳးမဟုတ္ပဲ ျမင့္ျမတ္ေသာ စိတ္ထားပိုင္ရွင္ရွိသူမ်ားသာ လုပ္ေဆာင္နိင္သည္႕ မြန္ျမတ္ေသာ လုပ္ရပ္ျဖစ္ေၾကာင္း ယခု ေက်းရြာခ်င္းဆက္(ျမိဳ႕ေရွာင္လမ္း)ျပီးသြားတဲ႕အခါ အလွဴရွင္မ်ားအတြက္ အဆိုပါလမ္းတြင္ အမွတ္အသားျပဳလုပ္ ဂုဏ္ျပဳေပးသြားမည္ျဖစ္ေၾကာင္း အလွဴရွင္မ်ားဘက္မွ မိမိပိုင္ေျမကို စြန္႕လႊတ္လွဴဒါန္းထားသည္႕အတြက္ မိမိတို႕ YCDC အေနနဲ႕ လမ္းေဖာက္လုပ္ျခင္းလုပ္ငန္းကို အထူးျကိဳးစားေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ႕သည္။

ဒလ-ဓနုတ္-ေကာ့မွဴးလမ္းသည္ ေမာ္ေတာ္ယာဥ္မ်ား ၊သံုးဘီးကားမ်ား၊တကၠစီဆိုင္ကယ္မ်ားနွင့္ သြားလာမွဳရွဳပ္ေထြးေသာ လမ္းျဖစ္ျပီး ယခု ရခိုင္ေခ်ာင္ေက်းရြာမွ ခေနာင္ေက်းရြာသို႕ ေက်းရြာခ်င္းဆက္လမ္း(ျမိဳ႕ေရွာင္လမ္း)ေဖာက္လုပ္ျပီးပါက ဒလျမိဳ႕နယ္ ေဒသခံျပည္သူမ်ားနွင့္ေက်းရြာမ်ားမွ ျပည္သူမ်ား လမ္းပန္းသြားလာေရး လြယ္ကူေကာင္းမြန္လာမည္ျဖစ္ျပီး လူမွဳေရး၊စီးပြားေရး၊ ပညာေရး၊က်န္းမာေရးဆိုင္ရာ ကိစၥရပ္မ်ားအား အခ်ိန္တိုကာလအတြင္း ေဆာင္ရြက္လာနိုင္မည္ျဖစ္သည္။

Facebook

ရခိုင္ေခ်ာင္ေက်းရြာနွင့္ ခေနာင္ေက်းရြာသို႕ေဖာက္လုပ္မည္႕ လမ္းသည္ အရွည္ေပ (၁၅၀၀၀)ခန္႕ရွည္လ်ားျပီး အက်ယ္ေပ (၈၀)ခန္႕ ရရွိကာ လမ္းေဖာက္လုပ္မည္႕ လယ္ယာေျမအတြင္းက်ေရာက္သည္႕ ခေနာင္ေက်းရြာမွ ေတာင္သူ(၁၉)ဦး၊ရခိုင္ေခ်ာင္ေက်းရြာမွ ေတာင္သူ(၃၂)ဦးတို႕မွ မိမိပိုင္လယ္ေျမအခ်ိဳ႕ကို လွဴဒါန္းျခင္းျဖစ္သည္။

ဆက္လက္ျပီး ျမိဳ႕ေတာ္၀န္မွ ယခုလိုလမ္းျဖစ္ေျမာက္လာေရးအတြက္ အဓိကလိုအပ္ခ်က္ျဖစ္ေသာလယ္ေျမလွဴဒါန္းေပးခဲ႕ၾကေသာ ေတာင္သူမ်ား၊အထူး၀ိုင္း၀န္းၾကိဳးစား ဦးေဆာင္ေပးခဲ႕ၾကေသာ ဒလျမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႕လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္၊တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ျပည္သူမ်ား ဌာနဆိုင္ရာအသီးသီးမွ တာ၀န္ရွိသူမ်ားအားလံုးကို အထူးေက်းဇူးတင္ေၾကာင္းနွင့္ ယခုလိုလာေရာက္ရျခင္းမွာလည္း ထိုသူမ်ားအားလံုးကို အေလးအျမတ္ထား ဂုဏ္ျပဳရန္ လာေရာက္ျခင္းသာျဖစ္ျပီး လယ္ေျမအလွဴရွင္ေတာင္သူမ်ားအား ရန္ကုန္ျမိဳေတာ္စည္ပင္သာယာေရးေကာ္မတီ၊ျမိဳ႕ေတာ္ခန္းမတြင္လည္း တစ္ေလးတစ္စား ဂုဏ္ျပဳပြဲ ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ႕သည္။

Via: Maung Maung Soe’s Fb


#Unicode Version

ရန်ကုန်တိုင်းစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးသည် ဒလမြို့နယ်ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူ းဦးသန်း နှင့်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနမှူ းများနှင့်တာဝန်ရှိသူများ ဒလမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့်ကော်မတီဝင်များ ၊ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် လယ်မြေအလှူ ရှင်များ လာရောက်ခဲ့ကြသည်။

မြို့တော်ဝန်မှ ယခုဖြစ်စဉ်သည် ဒလမြို့နယ်အတွက် သမိုင်းတွင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်တန်ဖိုးရှိသော ဝမ်းမြောက်စရာဖြစ်ကြောင်း အထူးသဖြင့် မိမိပိုင်လယ်မြေကို အများအကျိုးအတွက် လှူဒါန်းပေးကြသော တောင်သူဦးကြီးများအား အထူးကျေးဇူးတင်ပါကြောင်း ဒီလိုစိတ်ဓါတ်မျိုးသည် လူတိုင်းထားနိုင်သော စိတ်မျိုးမဟုတ်ပဲ မြင့်မြတ်သော စိတ်ထားပိုင်ရှင်ရှိသူများသာ လုပ်ဆောင်နိင်သည့် မွန်မြတ်သော လုပ်ရပ်ဖြစ်ကြောင်း ယခု ကျေးရွာချင်းဆက်(မြို့ရှောင်လမ်း)ပြီးသွားတဲ့အခါ အလှူရှင်များအတွက် အဆိုပါလမ်းတွင် အမှတ်အသားပြုလုပ် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း အလှူရှင်များဘက်မှ မိမိပိုင်မြေကို စွန့်လွှတ်လှူဒါန်းထားသည့်အတွက် မိမိတို့ YCDC အနေနဲ့ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို အထူးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒလ-ဓနုတ်-ကော့မှူးလမ်းသည် မော်တော်ယာဉ်များ ၊သုံးဘီးကားများ၊တက္ကစီဆိုင်ကယ်များနှင့် သွားလာမှုရှုပ်ထွေးသော လမ်းဖြစ်ပြီး ယခု ရခိုင်ချောင်ကျေးရွာမှ ခနောင်ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်း(မြို့ရှောင်လမ်း)ဖောက်လုပ်ပြီးပါက ဒလမြို့နယ် ဒေသခံပြည်သူများနှင့်ကျေးရွာများမှ ပြည်သူများ လမ်းပန်းသွားလာရေး လွယ်ကူကောင်းမွန်လာမည်ဖြစ်ပြီး လူမှုရေး၊စီးပွားရေး၊ ပညာရေး၊ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်တိုကာလအတွင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

ရခိုင်ချောင်ကျေးရွာနှင့် ခနောင်ကျေးရွာသို့ဖောက်လုပ်မည့် လမ်းသည် အရှည်ပေ (၁၅၀၀၀)ခန့်ရှည်လျားပြီး အကျယ်ပေ (၈၀)ခန့် ရရှိကာ လမ်းဖောက်လုပ်မည့် လယ်ယာမြေအတွင်းကျရောက်သည့် ခနောင်ကျေးရွာမှ တောင်သူ(၁၉)ဦး၊ရခိုင်ချောင်ကျေးရွာမှ တောင်သူ(၃၂)ဦးတို့မှ မိမိပိုင်လယ်မြေအချို့ကို လှူဒါန်းခြင်းဖြစ်သည်။

ဆက်လက်ပြီး မြို့တော်ဝန်မှ ယခုလိုလမ်းဖြစ်မြောက်လာရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သောလယ်မြေလှူဒါန်းပေးခဲ့ကြသော တောင်သူများ၊အထူးဝိုင်းဝန်းကြိုးစား ဦးဆောင်ပေးခဲ့ကြသော ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူများ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်းနှင့် ယခုလိုလာရောက်ရခြင်းမှာလည်း ထိုသူများအားလုံးကို အလေးအမြတ်ထား ဂုဏ်ပြုရန် လာရောက်ခြင်းသာဖြစ်ပြီး လယ်မြေအလှူရှင်တောင်သူများအား ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၊မြို့တော်ခန်းမတွင်လည်း တစ်လေးတစ်စား ဂုဏ်ပြုပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Via: Maung Maung Soe’s Fb