Sponsored

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးထားစဉ်။ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့

ထိုသို့ တိုင်ကြားရာတွင် ၎င်းသည် ဗိုလ်တထောင်မြို့နယ်ရှိ သူငယ်ချင်းဖြစ်သူနေမကောင်းသဖြင့် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်၌ သွားရောက်ပြုစုပေးခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ ဝိုင်ဘီအက်စ် ၄ ကို စီးနင်းကာ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြန်ခဲ့သည်ဟု ဆိုသည်။

Sponsored

၎င်းက ယာဉ်မောင်း၏ နောက်ထိုင်ခုံတွင်လိုက်ပါခဲ့ပြီး လမ်းတွင် ခေါင်းမူးသဖြင့် မှေး၍ လိုက်ပါလာရာ ဆင်းရမည့် ၆၅ မှတ်တိုင်၌ မဆင်းမိဘဲ မှတ်တိုင်ကျော်၍ ကားပေါ်တွင်ပါသွားခဲ့သည်။

ယာဉ်မောင်းဖြစ်သူက ယုဇနတွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း ကားမှာချက်ချင်းပြန်ထွက်မည်ဖြစ်ကြောင်း ပြောသောကြောင့် ဆက်လက်လိုက်ပါခဲ့သည်။

Source: မြန်မာနိုင်ငံရဲတပ်ဖွဲ့

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *