Sponsored

ဗီဒီယိုတစ်ခု တက်လာပါတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းက ဝန်ကြီးဖုန်းနံပါတ် သူ့ဘက်မှာ မပေါ်ကြောင်း ရှင်းပြတဲ့အခါ ကျောင်းသားတွေက မယုံကြည်ဘဲ အဖွဲ့လိုက် လှောင်ရယ်နေကြတဲ့ ဗီဒီယိုပါ။ (အောက်မှာ ဗီဒီယိုလင့်ခ် ပါပါတယ်)

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်း

တိုက်ဆိုင်စွာနဲ့ မနှစ်က အတွေ့အကြုံကို သတိရမိပါတယ်။ ပညာရေးဝန်ကြီးက ကိုယ်ဖိတ်ထားတဲ့ပွဲကို တက်ရောက်လာရင်း ရုတ်တရက် ကိုယ့်ဖုန်းနံပါတ်မေးပြီး သူ့ဖုန်းထဲ တစ်ခါတည်း အမည်နဲ့တွဲ ရေးထည့်ပါတယ်။ ဝန်ကြီးက သူဘယ်နိုင်ငံရောက်ရောက် ခေါ်လို့ရအောင် ကျွန်တော့်နံပါတ်ကို +95 နဲ့ မှတ်တော့​ ကျွန်တော်ကနေ “ဝန်ကြီး နံပါတ်မှန်မမှန် စစ်လို့ရအောင် ကျွန်တော့်ဆီ missed-call ပေးကြည့်ပါ” လို့ ပြောတော့ missed-call ပေးပါတယ်။ နံပါတ်မပေါ်ပါဘူး။ မပေါ်နိုင်မှန်း လည်း ကြိုသိပြီးသားပါ။ နောက်နေ့မနက်ကျတော့ ဝန်ကြီးက အကြောင်းအရာ တစ်ခုတည်းကို ဖုန်းမက်ဆေ့ ပို့နည်း ၂ နည်းနဲ့ ပို့လာပါတယ်။ တစ်နည်းမှာ နံပါတ်အမှန်ပေါ်ပြီး နောက်နည်းမှာ မပေါ်ပါဘူး။

(ဆရာကြီး ဒေါက်တာဖိုးကောင်း (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)

Sponsored

ဖုန်းနံပါတ်လုံခြုံရေး

တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ပိန်းလို့ ပိန်းမှန်း မသိကြတဲ့ အဖြစ်

နိုင်ငံတကာမှာ ဝန်ကြီးအဆင့်ဆိုရင် ဖုန်းနံပါတ်ကို Calling Line Identification Restriction (CLIR) လို့​ခေါ်တဲ့ စနစ်နဲ့ သုံးပါတယ်။ Private numbers လို့လဲ ခေါ်လေ့ရှိပါတယ်။ အဲ့လိုနံပါတ်နဲ့ဆက်လာရင် ဖုန်းနံပါတ်အစား “No Caller ID” ဆိုပြီးပဲ ပေါ်ပါတယ်။ နံပါတ်ကို လူအနည်းငယ်ကိုသာ ပေးသိပါတယ်။ အဲ့လူအနည်းငယ်ကလည်း ဖုန်းနံပါတ်လုံခြုံရေးကို ဂရုစိုက်ပေးရပါတယ်။

အီးမေးလုံခြုံရေး

ဖုန်းနံပါတ်များနည်းတူ အီးမေးလိပ်စာကလည်း လုံခြုံဖို့လိုပါတယ်။ နိုင်ငံတကာမှာ ဝန်ကြီးအဆင့်ဆို (ဝန်ထမ်းက ကိုင်တဲ့) ရုံးအလုပ်အီးမေးရယ်၊ (ဝန်ကြီးကိုယ်တိုင်ကိုင်တဲ့) ကိုယ်ပိုင်အလုပ်အီးမေးရယ် အမျိုးမျိုးရှိလေ့ရှိပါတယ်။ ပေးသိသင့်တဲ့သူကို သိသင့်တဲ့ အီးမေးပဲ ပေးတာပါ။

ရုပ်သံ ကြည့်ရန်

ဗီဒီယိုကြည့်ရင်း မြန်မာနိုင်ငံမှာ useless class တကယ်ရှိတယ် ဆိုတာ ပိုမြင်သာလာပါတယ်။ ဝမ်းနည်းတာက အနာဂတ်ကို ဦးဆောင်ရမဲ့ တက္ကသိုလ် ကျောင်းသား/သူ အချို့ ပါဝင်နေတာပါပဲ။ အမြင်မကျဉ်းသင့်ပါဘူး။

(ထပ်မံ ဖြည့်စွက်ချက်) ကိုယ်တိုင်လည်း မသိသေးတဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်။ အရာအားလုံးကိုလည်း သိလာနိုင်မှာ မဟုတ်ပါဘူး။ မသိတာကို သိအောင် ပြောပြတဲ့ အဖေအရွယ် ပညာရှိ ပါမောက္ခချုပ် ဆရာကြီးတစ်ယောက်ကို ရိုသေဖို့ လေးလေးစားစား အကြံပြုလိုပါတယ်။

ရဲပြည့်သူ

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *