ရန္ကုန္ ေလယာဥ္ကြင္း ျပန္ဖြင့္ျပီ

Photo Crd; MOTC

မေန႔ကရန္ကုန္ကြင္းမွာ မနက္ ၁၁ နာရီမထိုးခင္ေလာက္ျဖစ္တဲ့ေလယာဥ္မေတာ္တဆမႈ့ေၾကာင့္ေလယာဥ္ကြင္းပိတ္လိုက္ရတဲ့ Impact ကအေတာ္ႀကီးခဲ့တယ္…

မိုးကလဲမ်ား ေလယာဥ္ကလဲကုန္တင္ေလယာဥ္ ေျပးလမ္းေဘးဗြက္နစ္ေနေတာ့ ဖယ္ရွားတဲ့သူေတြလဲအေတာ္ေလးခက္ခက္ခဲခဲလုပ္ေနၾကရတယ္ထင္တယ္…။ ဒီမနက္ ၅ နာရီအထိကြင္းကိုဆက္လက္ပိတ္တုန္းလို႔သိရတယ္…

ခရီးသည္ေတြလဲအေတာ္ဒုကၡေရာက္ၾကရသလို အဲလိုင္းေတြလဲအေတာ္အထိနာခဲ့ၾကရတယ္…။ ခရီးသည္ေတြဘက္ကိုကိုယ္ခ်င္းစာသလို အဆင္မေျပ မေခ်ာေမြ႕ျခင္းေၾကာင့္ျဖစ္လာရတဲ့သူတို႔ရဲ႕ေဒါသမ်ားကိုနားလည္မိတယ္…ေဒါသျဖစ္ေနၾကေသာခရီးသည္မ်ားရဲ႕တဦးခ်င္းစီက Complaint မ်ားကိုဒိုင္ခံရွင္းေနရတဲ့ေျမျပင္ဝန္ထမ္းမ်ားကိုလဲစာနာမိတယ္…။

တကယ္ေတာ့ တေယာက္မွအသာစီး (သို႔) အျမတ္မရၾကတဲ့ အားလံုးရံႈးလိုက္ရတဲ့ေက့စ္ပါ…။ ဒီေနရာမွာစားသံုးသူကေတာ့ အဲလိုင္းေတြရဲ႕တာဝန္ယူမႈ၊ တာဝန္ခံမႈလိုခ်င္ၾကမွာပါပဲ…။ အဲလိုင္းဘက္ကၾကည့္ေတာ့လဲ အဲလိုင္းရဲ႕အားနည္းခ်က္ေၾကာင့္မဟုတ္ပဲျပင္ပျပႆနာတခုကအေၾကာင္းခံတာဆိုေတာ့ တာဝန္ယူသင့္သေလာက္ယူၾကေပမဲ့ ခရီးသြားမ်ားစိတ္ေက်နပ္မႈ့ၿပီးျပည့္စံုေအာင္ေတာ့လုပ္ေပးဖို႔ခက္ခဲၾကမယ္ထင္ရဲ႕….။ အဲလိုင္းေတြမွာလဲ ေလယာဥ္ေတြ Divert လုပ္ရ ဆီဖိုးေတြကုန္၊ ေလယာဥ္သားေတြဟိုတယ္ေတြထားဖို႔ ၊ ခရီးစဥ္ေတြဖ်က္ရ အေတာ္ဆံုးရံႈးၾကရပါတယ္…။

ဓာတ္ပံု- DCA

မေန႔ညကခရီးသည္တဦးတင္ထားတဲ့အဲလိုင္းတခုရဲ႕ေလယာဥ္ဝန္ထမ္းေတြကို Complaint တက္ေနၾကတဲ့ ဗီဒီယိုဖိုင္ေလးၾကည့္လိုက္ရတယ္…။ စကၤာပူမွာကထဲကသိရက္နဲ႔ဘာလို႔တက္လာလဲ ဆိုတာမ်ိဳးေမးထားတာေလးေတြ႕ရတယ္..
စကၤာပူ-ရန္ကုန္ဆိုတာ ၃ နာရီနီးပါးပ်ံသန္းရပါတယ္..။ Disable ေလယာဥ္ဖယ္ဖို႔ဆိုတာ အဲ့ဒီေလာက္ပဲၾကာႏိုင္တာဆိုေတာ့ ရန္ကုန္ကြင္းကထုတ္ျပန္တဲ့ ဘယ္အထိကြင္းပိတ္တယ္ဆိုတဲ့အခ်ိန္ကိုေက်ာ္ၿပီးဆိုက္ေရာက္ႏိုင္ရင္ အဲလိုင္းတိုင္းခရီးသည္တင္ထြက္ခြါၾကတာပါပဲ…။ (ဘန္ေကာက္လိုတနာရီပဲၾကာတဲ့ခရီးစဥ္ဆိုရင္ေတာ့တမ်ိဳးေပါ့ ) ဒါေၾကာင့္လဲမေန႔က မေလးရွားအဲလိုင္း ဘန္ေကာက္ကို Divert လုပ္တယ္.. ေနာက္ဆံုးအဲ့ကေနမေလးရွားျပန္တက္သြားတယ္လို႔သိရတယ္…။ ဂ်ပန္ ANA လဲထြက္လာခဲ့ၿပီး ပဲခူးမွာပတ္တယ္.. ဘန္ေကာက္ Divert လုပ္တယ္….။

ကြ်န္ေတာ္ Europe က Estonia သြားေမာင္းစဥ္ ပိတ္ရက္ဆက္တဲ့အပတ္ ခ်က္၊ ဂ်ာမဏီခရီးေလးသြားခဲ့တယ္.. အျပန္မွာဘာလင္ကေနအက္စ္တိုးနီးယားတိုက္႐ိုက္မဟုတ္ပဲ Poland ဝါေဆာ Transit ထင္တယ္..။ တကယ့္ Transit time က တနာရီခြဲေလာက္ပဲ…။ ဒါေပမဲ့ ၃ နာရီေက်ာ္ Delay နဲ႔ အဲ့ဒီေလဆိပ္မွာ ၄ နာရီခြဲ-၅ နာရီေလာက္ၾကာခဲ့တယ္…။ အဲလိုင္း Staff ေရာက္လာရင္ သူ႔ဆီျပံဳေမးၾက၊ ျပဳၾက၊ တခ်ိဳ႕ကလဲဆဲဆိုၾက…။ ကိုယ္ေတြကေတာ့ အဲလိုင္းဝန္ထမ္းခ်င္းဆိုေတာ့နားလည္မိတယ္.,, အေၾကာင္းရင္းသိခ်င္တဲ့အတြက္ဘာေၾကာင့္ဆိုတာေတာ့ေမးတယ္…။

ခရီးစဥ္ေတြေႏွာင့္ေႏွး Delay ေတြျဖစ္ေတာ့ ေလယာဥ္သားေတြရဲ႕ Duty Hours ေတြေက်ာ္ကုန္လို႔ အျခားေလယာဥ္သားေတြအစားထိုးေခၚေနရလို႔တဲ့..။ ညဘက္ အဲ့ဒီေလဆိပ္မွာပဲေျခဆန္႔လက္ဆန္႔ ခံုေတြေပၚလွဲအိပ္ခဲ့ရတယ္…။ ရာသီဥတုကအရမ္းေအး မနက္ ၂-၃ နာရီကိုယ့္ရဲ႕ Estonia ေလဆိပ္ေရာက္ေတာ့ Taxi ေတြမရွိေတာ့၊ Public Train & Bus ေတြမရွိေတာ့ အသဲခိုက္ေအာင္ေအးတဲ့အခ်ိန္ႀကီးလမ္းပဲေလွ်ာက္ျပန္ရေတာ့မလိုျဖစ္ခဲ့ရတယ္….။ ေနာက္ဆံုး Taxi Service တခုရဲ႕ဖုန္းနံပါတ္ရၿပီး ေခၚလို႔ရလိုက္လို႔အဆင္ေျပသြားခဲ့တယ္…။

ဓာတ္ပံု- DCA

မေန႔ကရန္ကုန္ကြင္းပိတ္တဲ့ ျဖစ္စဥ္နဲ႔ပါတ္သတ္ၿပီးစဥ္းစားၾကည့္ရေအာင္…။ ၾကားမိသေလာက္က ေျပးလမ္းေဘးထြက္တဲ့ေလယာဥ္ဟာ အတက္မွာအင္ဂ်င္ပါဝါထိုးရင္းေဘးဆြဲသြားတာလို႔သိရတယ္…။ အဲ့ေလယာဥ္ေမာင္းတဲ့ပိုင္းေလာ့လဲျဖစ္ခ်င္မွာမဟုတ္၊ ေလယာဥ္ပိုင္တဲ့ေလတပ္ကလဲျဖစ္ခ်င္မွာမဟုတ္.. ။ ဒီေနရာမွာတခ်ိဳ႕ေျပာလာတာရွိတယ္.. ” civil ကြင္းမွာ ေလတပ္ေလယာဥ္ကဘာလို႔ဆင္းသက္လဲ အာ့ေၾကာင့္ျဖစ္တာ” ဘာညာ..ကမ႓ာမွာ civil ေကာ Airforce ေကာမွ်သံုးတဲ့ကြင္းေတြမ်ားစြာရွိၾကပါတယ္..

တကယ့္ျပႆနာက ေလတပ္ကေလယာဥ္ေၾကာင့္မဟုတ္ပါဘူး…။ အျခားျပည္ပေလယာဥ္အႀကီးအဲ့လိုဗြက္နစ္သြားရင္လဲ ဒီလိုပဲၾကာမွာပါပဲ…။ ဖယ္ရွားဖို႔ Equipment မျပည့္စံု၊ မလံုေလာက္ျခင္းေၾကာင့္ၾကာျမင့္သြားတယ္လို႔ယူဆပါတယ္…။ ေနာက္ဆက္တြဲက ဒီလိုေလယာဥ္မေတာ္တဆမႈတိုင္းမွာ ေျပးလမ္းတစ္ေၾကာင္းပဲရွိေတာ့ ကြင္းကိုပိတ္ေပးထားရတာကလဲ ပိုဆိုးေစတာျဖစ္ပါတယ္…။ (သေဘာက ေျပးလမ္းႏွစ္ေခ်ာင္းရွိေနရင္ဒီလိုျပႆနာမရွိႏိုင္ပါဘူး)။
ဒါေတြကို ႏိုင္ငံေတာ္အဆင့္လူႀကီးေတြ ေသခ်ာစဥ္းစားၿပီး ေနာက္ထပ္ဒီလိုဆံုးရံႈးမႈ့နည္းေအာင္၊ မရွိေအာင္ ႀကိဳတင္ Plan ခ်သင့္ပါတယ္…။

ျဖစ္တာေလးပဲကြက္ၾကည့္ၿပီး အျပစ္ေတြေျပာေနလို႔လဲၿပီးမွာမဟုတ္ပါဘူး…။ ဆံုးရံႈးၾကသူခ်င္း တဦးကိုတဦး တဖက္ကိုတဖက္ စာနာနားလည္ေပးၾကရင္ေလာကႀကီးဟာေအးခ်မ္းျခင္းေဆာင္လာပါလိမ့္မယ္…။

ဒီစာေရးတုန္းမွာပဲ ဒီမနက္ ၆:၀၀ နာရီကစၿပီးကြင္းျပန္ဖြင့္ၿပီလို႔သိရပါတယ္…
ရန္ကုန္ကြင္း ယေန႔ပံုမွန္ျပန္ျဖစ္သြားပါၿပီ..
တညလံုးပင္ပန္းစြာႀကိဳးစားဖယ္ရွားေပးၾကတဲ့ အဖြဲ႕အစည္း၊ ပုဂၢိဳလ္တဦးခ်င္းစီကို ေက်းဇူးတင္ပါတယ္…
ဒုကၡေရာက္ၾကရေသာခရီးသည္အေပါင္းကိုလဲေလေၾကာင္းလိုင္းမ်ားကိုယ္စားအနႈးအၫြတ္ေတာင္းပန္ရင္းအားနာမိပါတယ္..

အစစအရာရာအဆင္ေျပေခ်ာေမြ႕ၿပီးစိတ္ႏွလံုးမ်ားေအးခ်မ္းၾကပါေစ။

ထြန္းထြန္းဝင္း
၆.၉.၂၀၁၉


#Unicode Version

မနေ့ကရန်ကုန်ကွင်းမှာ မနက် ၁၁ နာရီမထိုးခင်လောက်ဖြစ်တဲ့လေယာဉ်မတော်တဆမှု့ကြောင့်လေယာဉ်ကွင်းပိတ်လိုက်ရတဲ့ Impact ကအတော်ကြီးခဲ့တယ်…

မိုးကလဲများ လေယာဉ်ကလဲကုန်တင်လေယာဉ် ပြေးလမ်းဘေးဗွက်နစ်နေတော့ ဖယ်ရှားတဲ့သူတွေလဲအတော်လေးခက်ခက်ခဲခဲလုပ်နေကြရတယ်ထင်တယ်…။ ဒီမနက် ၅ နာရီအထိကွင်းကိုဆက်လက်ပိတ်တုန်းလို့သိရတယ်…

ခရီးသည်တွေလဲအတော်ဒုက္ခရောက်ကြရသလို အဲလိုင်းတွေလဲအတော်အထိနာခဲ့ကြရတယ်…။ ခရီးသည်တွေဘက်ကိုကိုယ်ချင်းစာသလို အဆင်မပြေ မချောမွေ့ခြင်းကြောင့်ဖြစ်လာရတဲ့သူတို့ရဲ့ဒေါသများကိုနားလည်မိတယ်…ဒေါသဖြစ်နေကြသောခရီးသည်များရဲ့တဦးချင်းစီက Complaint များကိုဒိုင်ခံရှင်းနေရတဲ့မြေပြင်ဝန်ထမ်းများကိုလဲစာနာမိတယ်…။

တကယ်တော့ တယောက်မှအသာစီး (သို့) အမြတ်မရကြတဲ့ အားလုံးရှုံးလိုက်ရတဲ့ကေ့စ်ပါ…။ ဒီနေရာမှာစားသုံးသူကတော့ အဲလိုင်းတွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုလိုချင်ကြမှာပါပဲ…။ အဲလိုင်းဘက်ကကြည့်တော့လဲ အဲလိုင်းရဲ့အားနည်းချက်ကြောင့်မဟုတ်ပဲပြင်ပပြဿနာတခုကအကြောင်းခံတာဆိုတော့ တာဝန်ယူသင့်သလောက်ယူကြပေမဲ့ ခရီးသွားများစိတ်ကျေနပ်မှု့ပြီးပြည့်စုံအောင်တော့လုပ်ပေးဖို့ခက်ခဲကြမယ်ထင်ရဲ့….။ အဲလိုင်းတွေမှာလဲ လေယာဉ်တွေ Divert လုပ်ရ ဆီဖိုးတွေကုန်၊ လေယာဉ်သားတွေဟိုတယ်တွေထားဖို့ ၊ ခရီးစဉ်တွေဖျက်ရ အတော်ဆုံးရှုံးကြရပါတယ်…။

မနေ့ညကခရီးသည်တဦးတင်ထားတဲ့အဲလိုင်းတခုရဲ့လေယာဉ်ဝန်ထမ်းတွေကို Complaint တက်နေကြတဲ့ ဗီဒီယိုဖိုင်လေးကြည့်လိုက်ရတယ်…။ စင်္ကာပူမှာကထဲကသိရက်နဲ့ဘာလို့တက်လာလဲ ဆိုတာမျိုးမေးထားတာလေးတွေ့ရတယ်..
စင်္ကာပူ-ရန်ကုန်ဆိုတာ ၃ နာရီနီးပါးပျံသန်းရပါတယ်..။ Disable လေယာဉ်ဖယ်ဖို့ဆိုတာ အဲ့ဒီလောက်ပဲကြာနိုင်တာဆိုတော့ ရန်ကုန်ကွင်းကထုတ်ပြန်တဲ့ ဘယ်အထိကွင်းပိတ်တယ်ဆိုတဲ့အချိန်ကိုကျော်ပြီးဆိုက်ရောက်နိုင်ရင် အဲလိုင်းတိုင်းခရီးသည်တင်ထွက်ခွါကြတာပါပဲ…။ (ဘန်ကောက်လိုတနာရီပဲကြာတဲ့ခရီးစဉ်ဆိုရင်တော့တမျိုးပေါ့ ) ဒါကြောင့်လဲမနေ့က မလေးရှားအဲလိုင်း ဘန်ကောက်ကို Divert လုပ်တယ်.. နောက်ဆုံးအဲ့ကနေမလေးရှားပြန်တက်သွားတယ်လို့သိရတယ်…။ ဂျပန် ANA လဲထွက်လာခဲ့ပြီး ပဲခူးမှာပတ်တယ်.. ဘန်ကောက် Divert လုပ်တယ်….။

ကျွန်တော် Europe က Estonia သွားမောင်းစဉ် ပိတ်ရက်ဆက်တဲ့အပတ် ချက်၊ ဂျာမဏီခရီးလေးသွားခဲ့တယ်.. အပြန်မှာဘာလင်ကနေအက်စ်တိုးနီးယားတိုက်ရိုက်မဟုတ်ပဲ Poland ဝါဆော Transit ထင်တယ်..။ တကယ့် Transit time က တနာရီခွဲလောက်ပဲ…။ ဒါပေမဲ့ ၃ နာရီကျော် Delay နဲ့ အဲ့ဒီလေဆိပ်မှာ ၄ နာရီခွဲ-၅ နာရီလောက်ကြာခဲ့တယ်…။ အဲလိုင်း Staff ရောက်လာရင် သူ့ဆီပြုံမေးကြ၊ ပြုကြ၊ တချို့ကလဲဆဲဆိုကြ…။ ကိုယ်တွေကတော့ အဲလိုင်းဝန်ထမ်းချင်းဆိုတော့နားလည်မိတယ်.,, အကြောင်းရင်းသိချင်တဲ့အတွက်ဘာကြောင့်ဆိုတာတော့မေးတယ်…။

ခရီးစဉ်တွေနှောင့်နှေး Delay တွေဖြစ်တော့ လေယာဉ်သားတွေရဲ့ Duty Hours တွေကျော်ကုန်လို့ အခြားလေယာဉ်သားတွေအစားထိုးခေါ်နေရလို့တဲ့..။ ညဘက် အဲ့ဒီလေဆိပ်မှာပဲခြေဆန့်လက်ဆန့် ခုံတွေပေါ်လှဲအိပ်ခဲ့ရတယ်…။ ရာသီဥတုကအရမ်းအေး မနက် ၂-၃ နာရီကိုယ့်ရဲ့ Estonia လေဆိပ်ရောက်တော့ Taxi တွေမရှိတော့၊ Public Train & Bus တွေမရှိတော့ အသဲခိုက်အောင်အေးတဲ့အချိန်ကြီးလမ်းပဲလျှောက်ပြန်ရတော့မလိုဖြစ်ခဲ့ရတယ်….။ နောက်ဆုံး Taxi Service တခုရဲ့ဖုန်းနံပါတ်ရပြီး ခေါ်လို့ရလိုက်လို့အဆင်ပြေသွားခဲ့တယ်…။

မနေ့ကရန်ကုန်ကွင်းပိတ်တဲ့ ဖြစ်စဉ်နဲ့ပါတ်သတ်ပြီးစဉ်းစားကြည့်ရအောင်…။ ကြားမိသလောက်က ပြေးလမ်းဘေးထွက်တဲ့လေယာဉ်ဟာ အတက်မှာအင်ဂျင်ပါဝါထိုးရင်းဘေးဆွဲသွားတာလို့သိရတယ်…။ အဲ့လေယာဉ်မောင်းတဲ့ပိုင်းလော့လဲဖြစ်ချင်မှာမဟုတ်၊ လေယာဉ်ပိုင်တဲ့လေတပ်ကလဲဖြစ်ချင်မှာမဟုတ်.. ။ ဒီနေရာမှာတချို့ပြောလာတာရှိတယ်.. ” civil ကွင်းမှာ လေတပ်လေယာဉ်ကဘာလို့ဆင်းသက်လဲ အာ့ကြောင့်ဖြစ်တာ” ဘာညာ..ကမ္ဘာမှာ civil ကော Airforce ကောမျှသုံးတဲ့ကွင်းတွေများစွာရှိကြပါတယ်..

တကယ့်ပြဿနာက လေတပ်ကလေယာဉ်ကြောင့်မဟုတ်ပါဘူး…။ အခြားပြည်ပလေယာဉ်အကြီးအဲ့လိုဗွက်နစ်သွားရင်လဲ ဒီလိုပဲကြာမှာပါပဲ…။ ဖယ်ရှားဖို့ Equipment မပြည့်စုံ၊ မလုံလောက်ခြင်းကြောင့်ကြာမြင့်သွားတယ်လို့ယူဆပါတယ်…။ နောက်ဆက်တွဲက ဒီလိုလေယာဉ်မတော်တဆမှုတိုင်းမှာ ပြေးလမ်းတစ်ကြောင်းပဲရှိတော့ ကွင်းကိုပိတ်ပေးထားရတာကလဲ ပိုဆိုးစေတာဖြစ်ပါတယ်…။ (သဘောက ပြေးလမ်းနှစ်ချောင်းရှိနေရင်ဒီလိုပြဿနာမရှိနိုင်ပါဘူး)။
ဒါတွေကို နိုင်ငံတော်အဆင့်လူကြီးတွေ သေချာစဉ်းစားပြီး နောက်ထပ်ဒီလိုဆုံးရှုံးမှု့နည်းအောင်၊ မရှိအောင် ကြိုတင် Plan ချသင့်ပါတယ်…။

ဖြစ်တာလေးပဲကွက်ကြည့်ပြီး အပြစ်တွေပြောနေလို့လဲပြီးမှာမဟုတ်ပါဘူး…။ ဆုံးရှုံးကြသူချင်း တဦးကိုတဦး တဖက်ကိုတဖက် စာနာနားလည်ပေးကြရင်လောကကြီးဟာအေးချမ်းခြင်းဆောင်လာပါလိမ့်မယ်…။

ဒီစာရေးတုန်းမှာပဲ ဒီမနက် ၆:၀၀ နာရီကစပြီးကွင်းပြန်ဖွင့်ပြီလို့သိရပါတယ်…
ရန်ကုန်ကွင်း ယနေ့ပုံမှန်ပြန်ဖြစ်သွားပါပြီ..
တညလုံးပင်ပန်းစွာကြိုးစားဖယ်ရှားပေးကြတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တဦးချင်းစီကို ကျေးဇူးတင်ပါတယ်…
ဒုက္ခရောက်ကြရသောခရီးသည်အပေါင်းကိုလဲလေကြောင်းလိုင်းများကိုယ်စားအနှုးအညွတ်တောင်းပန်ရင်းအားနာမိပါတယ်..

အစစအရာရာအဆင်ပြေချောမွေ့ပြီးစိတ်နှလုံးများအေးချမ်းကြပါစေ။

ထွန်းထွန်းဝင်း
၆.၉.၂၀၁၉