ခုျဖစ္ေနတဲ့ ဂယက္ေတြက ကိုဇင္ဝိုင္းနဲ႔ ဘာမွမဆိုင္ဘူးလို႕ ရန္ေအာင္ေျပာ

Facebook

အႏုပညာနဲ႕ ပတ္သက္ရင္ စြယ္စုံရတဲ့ အကယ္ဒမီမ်ားရွင္ ရန္ေအာင္က အကယ္ဒမီ ဘုတ္အဖြဲ႕မွာ အကဲျဖတ္ေပးဖို႔အတြက္ ကမ္းလွမ္းလာရင္ေတာ့ ပါဝင္ေပးမယ္လို႔ ဆိုၿပီး အရင္ကလည္း ကမ္းလွမ္းခဲ့တာရွိတယ္လို႔ ဧရာဝတီကို ေျပာပါတယ္။

က်ေနာ္တို႔ကို ဘုတ္အဖြဲ႕အတြက္ ကမ္းလွမ္းလာရင္ေတာ့ ပါေပးရမွာေပါ့။ အရင္တုန္းက အစည္းအ႐ုံးက အကယ္ဒမီ ဘုတ္အတြက္ ေခၚဖူးပါတယ္။ က်ေနာ္တို႔ ကားေတြကလည္း အရမ္းမ်ားတယ္။ အဲ့အတြက္ က်ေနာ္ မပါေတာ့ဘူး။ အခု အကယ္ဒမီကလည္း စည္းမ်ဥ္းစည္းကမ္း အသစ္ဆြဲတာပါပဲ။ သူတို႔မွာ ခိုင္လုံတဲ့ အေၾကာင္းျပမႈေတြ ရွိမွာပါ”လို႔ သ႐ုပ္ေဆာင္ ရန္ေအာင္က ေျပာပါတယ္။

ျမန္မာနိုင္ငံ အစည္းအ႐ုံးဥကၠ႒ ဦးဇင္ဝိုင္းကို အထင္လြဲေနတဲ့ ပရိသတ္ေတြကို အထင္မလြဲဖို႔နဲ႕ အကယ္ဒမီ ဆုအကဲျဖတ္တာလည္း သူနဲ႕ ဘာမွမဆိုင္ပါဘူးလို႔ ရန္ေအာင္က ဆိုပါတယ္။

The Irrawaddy

အခုလို ျဖစ္ေနတဲ့ ဂယက္ေတြက ကိုဇင္ဝိုင္းနဲ႕ ဘာမွမဆိုင္ဘူး။ ဟိုေန႕ကပြဲတခုမွာ ကိုဇင္ဝိုင္းနဲ႕ ပတ္သက္ၿပီး သီခ်င္းဆိုလို႔ မရေအာင္ျဖစ္တယ္ဆိုၿပီး ၾကားတယ္။ သူ႕ကို ပရိသတ္ေတြက အထင္လြဲၾကတယ္။ စိတ္မေကာင္းဘူး။ ကိုဇင္ဝိုင္းက အစည္းအ႐ုံးဥကၠ႒က ဥကၠ႒ သက္သက္ပဲ။ အကယ္ဒမီဘုတ္က ဘုတ္သက္သက္ပဲ။ အကယ္ဒမီဘုတ္အဖြဲ႕က ဆုံးျဖတ္ေတြ အကုန္လုံးကို သူလည္း မသိဘူး”

က်ေနာ္တို႔လည္း အကယ္ဒီမီေပးပြဲအတြက္ ေ႐ႊႀကိဳေတြကို သင္ၾကားေပးတာ က်ေနာ္တို႔လည္း အစည္းအ႐ုံးကို ပါေပမယ့္ မသိဘူး။ တခါတေလက်ရင္ ကိုေဌးရယ္ လူ႐ုပ္ေတာင္ မေပါက္ေတာ့ဘူးလို႔ ေျပာရတယ္။ ပရိသတ္ေတြက အထင္လြဲၾကတာပါ။ ဒီကိစၥေတြက ကိုဇင္ဝိုင္းနဲ႕ ဘာမွမဆိုင္ပါဘူးလို႔ ေျပာခ်င္ပါတယ္”လို႔ ရန္ေအာင္က ေျပာပါတယ္။

ဆက္လက္ၿပီး ရန္ေအာင္က မၾကာခင္ က်င္းပမယ့္ Star Awards ဆုေပးပြဲနဲ႕ ပတ္သက္ၿပီးလည္း သူ႕အျမင္ကို အခုလိုပဲ ဆိုပါတယ္။

Star Awards က သူတို႔လည္း အႏုပညာအေၾကာင္းေတြကို သိတဲ့သူေတြ မ်ားပါတယ္။ ေရွ႕က ဂယက္က ေတာ္ေတာ္ႀကီးေတာ့ သူတို႔ မျဖစ္ေအာင္ ေတာ္ေတာ္ထိန္းသိမ္းမယ္လို႔ က်ေနာ္ထင္ပါတယ္။ အကုန္လုံးက ေကာင္းဖို႔ လုပ္ၾကတာပါပဲ။ အဲ့ဒါကို အထင္ေတြ လြဲကုန္ၾကတာေပါ့။ အထင္လြဲတာထက္လည္း ေနာက္တခုက ေခါက္ရိုးေလး နည္းနည္းက်ိဳးသြားတာေပါ့ေလ။ အဲ့ေခါက္ရိုးကို ျပန္ျဖန႔္ရမွာေပါ့”လို႔ ေျပာပါတယ္။

သ႐ုပ္ေဆာင္ ရန္ေအာင္က အႏုပညာေလာကမွာ အခ်ိန္ၾကာျမင့္စြာ ေအာင္ျမင္ေနဆဲ အႏုပညာရွင္တဦး ျဖစ္ပါတယ္။ အကယ္ဒမီ ၆ ဆုကို ရရွိထားတဲ့ အႏုပညာရွင္တဦးျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္မွာ ထူးခြၽန္သူ တင္မကဘဲ ဂီတဘက္မွာပါ အသံပါရမီ အားေကာင္းသူ တေယာက္လည္း ျဖစ္ပါတယ္။

Via:The Irrawaddy


#Unicode Version

အနုပညာနဲ့ ပတ်သက်ရင် စွယ်စုံရတဲ့ အကယ်ဒမီများရှင် ရန်အောင်က အကယ်ဒမီ ဘုတ်အဖွဲ့မှာ အကဲဖြတ်ပေးဖို့အတွက် ကမ်းလှမ်းလာရင်တော့ ပါဝင်ပေးမယ်လို့ ဆိုပြီး အရင်ကလည်း ကမ်းလှမ်းခဲ့တာရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

ကျနော်တို့ကို ဘုတ်အဖွဲ့အတွက် ကမ်းလှမ်းလာရင်တော့ ပါပေးရမှာပေါ့။ အရင်တုန်းက အစည်းအရုံးက အကယ်ဒမီ ဘုတ်အတွက် ခေါ်ဖူးပါတယ်။ ကျနော်တို့ ကားတွေကလည်း အရမ်းများတယ်။ အဲ့အတွက် ကျနော် မပါတော့ဘူး။ အခု အကယ်ဒမီကလည်း စည်းမျဉ်းစည်းကမ်း အသစ်ဆွဲတာပါပဲ။ သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြမှုတွေ ရှိမှာပါ”လို့ သရုပ်ဆောင် ရန်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အထင်လွဲနေတဲ့ ပရိသတ်တွေကို အထင်မလွဲဖို့နဲ့ အကယ်ဒမီ ဆုအကဲဖြတ်တာလည်း သူနဲ့ ဘာမှမဆိုင်ပါဘူးလို့ ရန်အောင်က ဆိုပါတယ်။

အခုလို ဖြစ်နေတဲ့ ဂယက်တွေက ကိုဇင်ဝိုင်းနဲ့ ဘာမှမဆိုင်ဘူး။ ဟိုနေ့ကပွဲတခုမှာ ကိုဇင်ဝိုင်းနဲ့ ပတ်သက်ပြီး သီချင်းဆိုလို့ မရအောင်ဖြစ်တယ်ဆိုပြီး ကြားတယ်။ သူ့ကို ပရိသတ်တွေက အထင်လွဲကြတယ်။ စိတ်မကောင်းဘူး။ ကိုဇင်ဝိုင်းက အစည်းအရုံးဥက္ကဋ္ဌက ဥက္ကဋ္ဌ သက်သက်ပဲ။ အကယ်ဒမီဘုတ်က ဘုတ်သက်သက်ပဲ။ အကယ်ဒမီဘုတ်အဖွဲ့က ဆုံးဖြတ်တွေ အကုန်လုံးကို သူလည်း မသိဘူး”

ကျနော်တို့လည်း အကယ်ဒီမီပေးပွဲအတွက် ရွှေကြိုတွေကို သင်ကြားပေးတာ ကျနော်တို့လည်း အစည်းအရုံးကို ပါပေမယ့် မသိဘူး။ တခါတလေကျရင် ကိုဌေးရယ် လူရုပ်တောင် မပေါက်တော့ဘူးလို့ ပြောရတယ်။ ပရိသတ်တွေက အထင်လွဲကြတာပါ။ ဒီကိစ္စတွေက ကိုဇင်ဝိုင်းနဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောချင်ပါတယ်”လို့ ရန်အောင်က ပြောပါတယ်။

ဆက်လက်ပြီး ရန်အောင်က မကြာခင် ကျင်းပမယ့် Star Awards ဆုပေးပွဲနဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

Star Awards က သူတို့လည်း အနုပညာအကြောင်းတွေကို သိတဲ့သူတွေ များပါတယ်။ ရှေ့က ဂယက်က တော်တော်ကြီးတော့ သူတို့ မဖြစ်အောင် တော်တော်ထိန်းသိမ်းမယ်လို့ ကျနော်ထင်ပါတယ်။ အကုန်လုံးက ကောင်းဖို့ လုပ်ကြတာပါပဲ။ အဲ့ဒါကို အထင်တွေ လွဲကုန်ကြတာပေါ့။ အထင်လွဲတာထက်လည်း နောက်တခုက ခေါက်ရိုးလေး နည်းနည်းကျိုးသွားတာပေါ့လေ။ အဲ့ခေါက်ရိုးကို ပြန်ဖြန့်ရမှာပေါ့”လို့ ပြောပါတယ်။

သရုပ်ဆောင် ရန်အောင်က အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်နေဆဲ အနုပညာရှင်တဦး ဖြစ်ပါတယ်။ အကယ်ဒမီ ၆ ဆုကို ရရှိထားတဲ့ အနုပညာရှင်တဦးဖြစ်ပြီး သရုပ်ဆောင်ဘက်မှာ ထူးချွန်သူ တင်မကဘဲ ဂီတဘက်မှာပါ အသံပါရမီ အားကောင်းသူ တယောက်လည်း ဖြစ်ပါတယ်။

Via:The Irrawaddy