Sponsored

ယနေ့( ဇန်နဝါရီ ၁၇) ညနေ ၆း၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇x၇၈ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာပုံဈေးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၆း၃၅ နာရီအချိန်တွင် Level 4 ယာဉ်အုပ် စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရသည်။

Sky Walk အဆောက်အဦးမှာ လောင်ကျွမ်းတဲ့ မီးဟာ လက်ရှိအချိန်ထိလောင်ကျွမ်းဆဲဖြစ်ကာ Level 5 ယာဉ်အုပ်စုတွေ ထွက်ခွာငြိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

MFSD

မီးမငြိမ်းသေးဘဲ ပိတ်မိနေသည့် လူများလည်း ရှိနေ ကာ အတည်မပြုနိုင်သေးသည့် သတင်းများအရ အပေါ်ဆုံးထပ်တွင် လူ ၂၀ မှ ၃၀ အကြားပိတ်မိနေသည်ဟု မီးလောင်နေသည့် ပတ်ဝန်းကျင်ရှိပြည်သူများ၏ FB Live ထုတ်လွှင့်မှုများအရ သိရသည်။

Sponsored
MFSD

မီးသတ်တပ်ဖွဲ့ဝင်များကလည်း ပိတ်မိပြည်သူများကိုကယ်တင်နိုင်ရန် လှေခါးများထောင်၍ ဈေးအပေါ်ထပ် သို့ ကြိုးစားနေကြသည်ကို တွေ့ရှိရသည်။

Source: MFSD

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *