Sponsored

မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အများကစွပ်စွဲနေသလို လက်နက် ၊ခဲယမ်း တွေထောက်ပံ့နေတာမျိုးလုံးဝမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က Horizon Lake View Resort Hotel မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာတရုတ်သမ္မတ က ပြောခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မည်သည့် အဖွဲ့ အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်တာမျိုး လက်မခံကြောင်း ၊ အများက စွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက် ၊ခဲယမ်း တွေ ထောက်ပံ့ပေးနေတာ လုံးဝမရှိကြောင်း ၊ အခြားနည်းလမ်းတွေနဲ့ ရနိုင်တာဖြစ်လို့ သေချာစွာ စိစစ်ဖြေရှင်း ပေးသွားမယ်လို့လည်း တရုတ်သမ္မတ က ဆိုခဲ့ပါတယ်။

Sponsored

ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်ဆိုတာကို တိုင်းရင်းသားအားလုံးနားလည်လက်ခံနိုင်ဖို့ လို ပြီး တရုတ်သမ္မတကြီးကလည်း တိုက်တွန်းအားပေးဖို့ မေတ္တာရပ်ခံလိုတဲ့အကြောင်း ဒီတွေ့ဆုံမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုထားပါတယ်။

တရုတ်သမ္မတ မြန်မာနိုင်ငံကို မလာရောက်မီကတော့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းဟာ မြန်မာ- တရုတ် နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ တိုက်ပွဲတွေမဖြစ်ဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တရုတ်သမ္မတ ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တစ်ဦးရဲ့မြန်မာနိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်။

Source: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *