Sponsored

Facebook တို့၊ Viber တို့လို လူမှုကွန်ယက်တွေကစလို့ ကိုယ်ကိုင်ထားတဲ့ ဖုန်းကိုတောင်မှပဲ ဘယ်ကမှန်းမသိတဲ့လူတွေက message နဲ့ပဲဖြစ်ဖြစ်၊ ဖုန်းခေါ်ပြီးပဲဖြစ်ဖြစ် နှောက်ယှက်တာမျိုး ကြုံဖူးကြတယ်မဟုတ်လား။

အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ မဖွယ်မရာစကားတွေ၊ မဖွယ်မရာ ပုံတွေအပို့ခံရတာမျိုးပေါ့။ ဒါဟာ ဒီနိုင်ငံမှာတင်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံတွေရဲ့အမျိုးသမီးတွေတောင် ဒီလိုကိစ္စမျိုးတွေ ခံရတုန်းပါပဲ။

@Instagram

ဒါကို Merseyside အမျိုးသမီးတစ်ယောက်ကတော့ ပညာသားပါပါနဲ့ပဲဖြေရှင်းခဲ့ပါတယ်။ သူမကတော့ အသက် ၂၉ နှစ်အရွယ် Jennifer Sandbach ပဲဖြစ်ပါတယ်။ သူမရဲ့အလုပ်ဟာ လူမှုကွန်ယက်စာမျက်နှာတွေကို စီမံခန့်ခွဲရတာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာတော့ page နဲ့ group ပေါင်း ၁၅ ခုတို့ကို ကိုင်တွယ်ထားနေပါတယ်။

Sponsored
@Facebook

လူတွေဆိုတာမျိုးက စီးပွားရေး page တွေဆိုရင်တောင် သိသိရက်နဲ့ မဖွယ်မရာမက်ဆေ့တွေပို့တာမျိုးတွေရှိနေပါတယ်။ Jennifer အနေနဲ့လည်း သူမကိုင်ထားတဲ့ page တွေကနေ ဒီလိုမဖွယ်မရာမတ်ဆေ့တွေ ရဖူးပါတယ်တဲ့။ မှတ်မှတ်ရရ သူမမှတ်ထားတာကတော့ မက်ဆေ့ပေါင်း အစောင် ၅၀ ကျော်ပါတယ်တဲ့။

ဒါကြောင့် သူမအနေနဲ့ ဒီလိုလူမျိုးတွေကို တစ်ခုခု ပြန်တုန့်ပြန်ဖို့စဉ်းစားခဲ့တာ သူမရဲ့ ဝစ်လစ်စလစ်ပုံကို ပို့ခိုင်းတုန်းကပါတဲ့။ အဲဒီအချိန်မှာပဲ အကြံတစ်ခုရသွားခဲ့တယ်။ အဲဒါကတော့..

Jennifer က သူမကို ဝစ်လစ်စလစ်ပုံပို့ခိုင်းတဲ့အမျိုးသားကို သူမဖက်က အရင်ဆုံး ဒီလိုပြန်ပြောခဲ့ပါတယ်။ ဝစ်လစ်စလစ်ပုံတော့မရှိဘူး၊ ရင်သားပုံကြည့်မလားတဲ့ဆိုပြီး ရင်သားပုံကို ပြခဲ့ပါတယ်။

တကယ်တော့ ပုံဟာ သူမရဲ့တကယ့်ရင်သားပုံမဟုတ်ပါဘူး။ သက်သက်ပညာပြချင်လို့ တခြားအမျိုးသားတစ်ယောက်ရဲ့ တင်ပါးကို အဝတ်ပတ်၊ ဆွဲကြိုးတွေနဲ့ဆင်ပေးပြီး ရင်သားပုံစံဖြစ်အောင် ဓာတ်ပုံဆင်ရိုက်ထားခဲ့တာပဲဖြစ်ပါတယ်။

အကတော့ ဝစ်လစ်စလစ်ပုံတောင်းတဲ့လူက Jennifer ရဲ့ တကယ့်ရင်သားပုံလို့ထင်ပြီး ပီတိတွေဖြာနေတာပေါ့။ နောက်မှ တခြားအမျိုးသားတစ်ယောက်ရဲ့တင်ပါးကို ရိုက်ထားတယ်ဆိုတာလည်းသိရော..

အမျိုးသမီးတွေအနေနဲ့လည်း မဖွယ်မရာပုံတောင်းတဲ့ နှာဗူးတွေကို ဒီလိုနည်းနဲ့ ပြန်လည်ပညာပေးလို့ရပါတယ်နော်။

Source: The Sun

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *