Sponsored

ဇန်နဝါရီလ ၉ရက်နေ့ကက ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၁၈ခုနှစ်မှာ အိန္ဒိယမှာ ၁၅မိနစ်လျှင် တစ်ဦးကျ မုဒိမ်းကျင့်ခံနေရတယ်လို့ တိုင်ကြားမှုများ ရှိနေခဲ့တာကြောင့် ဒါဟာ ကမ္ဘာမှာ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံးနေရာတစ်ခုအဖြစ် နာမည်ဆိုးထွက်နေရခြင်းရဲ့ အခြေခံအကြောင်းရင်းပဲ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် ဒေလီက ဒေလီက ဘတ်စ်ကားတစ်စင်းပေါ်မှာ အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ ဟိုးလေးတကျော်ကျော်အမှုကြောင့် နိုင်ငံအဝန်းမှာ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ထွက် ဆန္ဒပြလာကြပြီး ရုပ်ရှင်သရုပ်ဆောင်တွေ နိုင်ငံရေးသမားတွေကပါ တောင်းဆိုလာကြတာကြောင့် မုဒိမ်းမှုတွေကို ပိုမိုမြန်မြန်ဆန်ဆန် စီရင်လာပြီး ပြစ်ဒဏ်တွေလည်း ပိုမိုပြင်းထန်လာခဲ့ပေမယ့် လိင်အကြမ်းဖက်မှုတွေက လျော့မသွားပဲ ဆက်လက်ဖြစ်ပွားနေဆဲသာဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးတယူသိပ်မလုပ်ကြဘဲ ရဲတွေကလည်း ပေါ့ပေါ့လျော့လျော့ပဲ စုံစမ်းစစ်ဆေးနေကြ

၂၀၁၈ခုနှစ်မှာ မုဒိမ်းမှု ၃၄၀၀၀ကို အမျိုးသမီးတွေက တိုင်ကြားအမှုဖွင့်လာခဲ့တာကြောင့် အရင်တစ်နှစ်ကနဲ့စာရင် အတော်ကွာခြားသွားခဲ့ပါတယ်။ တိုင်ကြားလာတဲ့ အမှုတွေအနက်က ၈၅%သာလျှင် တရားစွဲခံရပြီး ယင်းတို့အနက်က ၂၇%သာလျှင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် မှုခင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Sponsored

အမျိုးသမီးအခွင့်အရေးအုပ်စုတွေက ပြောကြားရာမှာတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးတယူသိပ်မလုပ်ကြဘဲ ရဲတွေကလည်း ပေါ့ပေါ့လျော့လျော့ပဲ စုံစမ်းစစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့အဖွဲ့များက အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မကြာခဏအရေးယူမှုနည်းပါးပြီး ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာလည်း စာနာထောက်ထားမှုအားနည်းနေတယ်လို့ ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာလည်း စာနာထောက်ထားမှုအားနည်းနေတယ်လို့ ဆိုခဲ့ပါတယ်။

နိုင်ငံကို အမျိုးသားတွေက စီမံနေတုန်းပါပဲ။ အမျိုးသမီးဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီတစ်ယောက် ရှိခဲ့ပေမယ့်လည်း ပြောင်းလဲမသွားခဲ့ပါဘူး။ တရားသူကြီးအများစုက ယောကျာ်းတွေပါပဲ”ဟု အမျိုးသမီးရေးရာကော်မရှင် အကြီးအကဲဟောင်း လာလီသာ ကုမာရမန်ဂါလမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံမှာ မှုခင်းဓာတ်ခွဲခန်းရယ်လို့ အလွန်နည်းနေသေးပြီး ရှောင်တခင်ခုံရုံးတွေမှာလည်း တရားသူကြီးတွေ နည်းနေသေးတယ်”လို့လည်း ၀န်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီဝင်တစ်ယောက်ဖြစ်တဲ့ ကုမာရမန်ဂါလမ်က ပြောကြားပါတယ်။

၂၀၁၇ခုနှစ်တုန်းက ဘီဂျေပီ ပြည်နယ်လွှတ်တော်အမတ် ကတ်ဒိ ဆင်း ဆင်ဂါက ဆယ်ကျော်သက်တစ်ယောက်ကို မုဒိမ်းကျင့်လိုက်လို့ နောက်နှစ်မှာ အဲဒီဆယ်ကျော်သက်က သူ့ကိုယ်သူ သတ်သေသွားတဲ့အခါမှာ တစ်နိုင်ငံလုံးက အာရုံစိုက်လာပြီး ရဲတပ်ဖွဲ့ကိုလည်း တုန့်ပြန်အရေးယူမှုမရှိဘူးဆိုပြီး စွပ်စွဲလာခဲ့ကြပါတယ်။

တရားသူကြီးအများစုက ယောကျာ်းတွေပါပဲ

ဆင်ဂါကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြစ်ဒဏ်မချမီ ၅လအလိုမှာပဲ တရားစွဲသူ လိုက်ပါလာတဲ့ ကားကို ကုန်ကားတစ်စင်းက ၀င်တိုက်ခဲ့ရာမှာ တရားစွဲသူ ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့အပြင် သူမရဲ့ ဆွေးမျိုးနှစ်ယောက်လည်း သေဆုံးသွားခဲ့လို့ တရားစွဲသူရဲ့ မိသားစုကို လုံခြုံရေးပေးထားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်ဂါလူရူက ဥပဒေနဲ့ ပေါ်လစီ သုတေသနဌာနရဲ့ ၂၀၁၅ခုနှစ် သုတေသနအရ ရှောင်တခင်တရားရုံးတွေဟာ အမှန်တကယ် မြန်ဆန်ပေမယ့်လည်း ဒီလောက်များပြားတဲ့ အမှုတွေကိုတော့ မကိုင်တွယ်နိုင်ဘူးလို့ ဆိုပါတယ်။

နယူးဒေလီက ဖွံ့ဖြိုးမှုဆိုင်ရာ ဥပဒေပါ့တနာအဖွဲ့ရဲ့ သုတေသနမှာတော့ ရှောင်တခင်ရုံးတော်တွေဟာ အမှုတစ်ခုကို ပျမ်းမျှ ၈လကြာအောင် ကိုင်တွယ်တတ်လို့ ဒါဟာ သတ်မှတ်ကာလထက် လေးဆမျှ ကြာမြင့်တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ မုဒိမ်းကျင့်ပြီး လူပါသတ်ရင် လူသတ်မှုအနေနဲ့ပဲ သတ်မှတ်တာကြောင့် တစ်ကြောင်း၊ အိန္ဒိယရဲ့ တချို့ဒေသတွေမှာ မုဒိမ်းမှုကို လူသိရှင်ကြား တိုင်တန်းဖို့ မလုပ်အပ်တဲ့အရာလို့ ယူဆကြတာကတစ်ကြောင်းကြောင့် မုဒိမ်းမှုတွေ ဘယ်လောက်ထူပြောနေသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

Writer – Aung Moe

XYZ News ၏ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *