Wolf of Wall Street နာမည္ေက်ာ္ ဇာတ္ဝင္ခန္းအတြက္ အရွက္ကို ေဘးခ်ိတ္ခဲ့ရတဲ့ မာေဂါ့ေရာ္ဘီ

margot robbie

Wolf of Wall Street ႐ုပ္ရွင္မွာ လူေျပာမ်ားခဲ့တဲ့ ဇာတ္ဝင္ခန္းအတြက္ အရွက္ကို ေဘးခ်ိတ္ၿပီး ႐ိုက္ကူးခဲ့ရေၾကာင္း မာေဂါ့ ေရာ္ဘီက ေျပာပါတယ္။

margot robbie

၂၀၁၄ တုန္းက ေအာင္ျမင္မႈေတြ ရခဲ့တဲ့ ဇာတ္ကားမွာ မာေဂါ့ဟာ နာမည္ေက်ာ္မင္းသား လီယိုနာဒို ဒစ္ကာပရီယိုနဲ႔ တြဲဖက္ သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ လူသိမ်ားတဲ့ စေတာ့ပြဲစား တစ္ဦးရဲ႕ ဇနီးျဖစ္သူ နာအိုမီ လာပါဂလီရာ ဇာတ္႐ုပ္မွာ မာေဂါ့က ပါဝင္ခဲ့ရတာျဖစ္ၿပီး ခင္ပြန္းသည္ကို ျမႇဴဆြယ္ ျဖားေယာင္းခဲ့တဲ့ ဇာတ္ဝင္ခန္း တစ္ခုမွာ အေမရိကန္ မင္းသမီးရဲ႕ ညႇိဳ႕ဓာတ္ကို ပရိသတ္ေတြ မွတ္မွတ္ထင္ထင္ ျဖစ္ခဲ့ပါတယ္။

Porter မဂၢဇင္းမွာ ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္လုိ႔ ေျပာဆိုျဖစ္တဲ့အခါ မာေဂါ့က သူ႔အတြက္ေတာ့ အရွက္ကို ေဘးခ်ိတ္ၿပီး မ်က္ႏွာပူပူနဲ႔ ႐ိုက္ခဲ့ရတာလုိ႔ ရယ္ရယ္ေမာေမာ ရွင္းျပသြားပါတယ္။

margot robbie

႐ိုက္ကြင္း အေျခအေနက အခန္း တစ္ခုထဲမွာ ႐ိုက္ကူးေရး အဖဲြ႕သား ေယာက္်ားခ်ည္း ၃၀ ေလာက္ ရွိေနခဲ့ေၾကာင္း၊ သူ႔အေနနဲ႔ စိတ္ထဲမွာ သိပ္မရဲသလို ျဖစ္ေနၿပီး ျပႆနာေတြလည္း ႀကံဳခဲ့ေၾကာင္း၊ လူေတြ အမ်ားႀကီး ေ႐ွ႕မွာ ေယာက္်ား တစ္ေယာက္ကို ျမႇဴဆြယ္ျပရတာ အရမ္းခက္ေပမယ့္ ေနာက္ဆံုးမွာေတာ့ အျပည့္အဝ စိတ္ႏွစ္ၿပီး အေကာင္းဆံုး ေက်ာ္ျဖတ္ႏုိင္ခဲ့ေၾကာင္း မာေဂါ့ ေျပာပါတယ္။

အဲဒီ ဇာတ္ဝင္ခန္းအတြက္ စိတ္ပိုင္းေရာ၊ ႐ုပ္ပိုင္းပါ ျပင္ဆင္ဖုိ႔ အခ်ိန္ ၁၇ နာရီေလာက္ လိုအပ္ခဲ့တယ္လုိ႔လည္း Suicide Squad မင္းသမီးက ေျပာပါတယ္။ သူအပင္ပန္း ခံခဲ့ရတာ အခ်ည္းႏွီး မျဖစ္ခဲ့ဘဲ Wolf of Wall Street ႐ုပ္ရွင္ ႐ံုတင္ခဲ့တဲ့ေနာက္ပိုင္း သူကိုယ္တုိင္လည္း ေဟာလိဝုဒ္မွာ ပိုမို ေက်ာ္ၾကားတဲ့ မင္းသမီးတစ္လက္ အေနနဲ႔ ရပ္တည္လာႏုိင္ခဲ့ပါတယ္။

Via: 7daydaily


#Unicode Version

Wolf of Wall Street ရုပ်ရှင်မှာ လူပြောများခဲ့တဲ့ ဇာတ်ဝင်ခန်းအတွက် အရှက်ကို ဘေးချိတ်ပြီး ရိုက်ကူးခဲ့ရကြောင်း မာဂေါ့ ရော်ဘီက ပြောပါတယ်။

margot robbie

၂၀၁၄ တုန်းက အောင်မြင်မှုတွေ ရခဲ့တဲ့ ဇာတ်ကားမှာ မာဂေါ့ဟာ နာမည်ကျော်မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရပါတယ်။ လူသိများတဲ့ စတော့ပွဲစား တစ်ဦးရဲ့ ဇနီးဖြစ်သူ နာအိုမီ လာပါဂလီရာ ဇာတ်ရုပ်မှာ မာဂေါ့က ပါဝင်ခဲ့ရတာဖြစ်ပြီး ခင်ပွန်းသည်ကို မြှူဆွယ် ဖြားယောင်းခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်ခုမှာ အမေရိကန် မင်းသမီးရဲ့ ညှို့ဓာတ်ကို ပရိသတ်တွေ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်။

Porter မဂ္ဂဇင်းမှာ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်လို့ ပြောဆိုဖြစ်တဲ့အခါ မာဂေါ့က သူ့အတွက်တော့ အရှက်ကို ဘေးချိတ်ပြီး မျက်နှာပူပူနဲ့ ရိုက်ခဲ့ရတာလို့ ရယ်ရယ်မောမော ရှင်းပြသွားပါတယ်။

margot robbie

ရိုက်ကွင်း အခြေအနေက အခန်း တစ်ခုထဲမှာ ရိုက်ကူးရေး အဖွဲ့သား ယောက်ျားချည်း ၃၀ လောက် ရှိနေခဲ့ကြောင်း၊ သူ့အနေနဲ့ စိတ်ထဲမှာ သိပ်မရဲသလို ဖြစ်နေပြီး ပြဿနာတွေလည်း ကြုံခဲ့ကြောင်း၊ လူတွေ အများကြီး ရှေ့မှာ ယောက်ျား တစ်ယောက်ကို မြှူဆွယ်ပြရတာ အရမ်းခက်ပေမယ့် နောက်ဆုံးမှာတော့ အပြည့်အဝ စိတ်နှစ်ပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ကြောင်း မာဂေါ့ ပြောပါတယ်။

အဲဒီ ဇာတ်ဝင်ခန်းအတွက် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပြင်ဆင်ဖို့ အချိန် ၁၇ နာရီလောက် လိုအပ်ခဲ့တယ်လို့လည်း Suicide Squad မင်းသမီးက ပြောပါတယ်။ သူအပင်ပန်း ခံခဲ့ရတာ အချည်းနှီး မဖြစ်ခဲ့ဘဲ Wolf of Wall Street ရုပ်ရှင် ရုံတင်ခဲ့တဲ့နောက်ပိုင်း သူကိုယ်တိုင်လည်း ဟောလိဝုဒ်မှာ ပိုမို ကျော်ကြားတဲ့ မင်းသမီးတစ်လက် အနေနဲ့ ရပ်တည်လာနိုင်ခဲ့ပါတယ်။

Via: 7daydaily