ဘာကြောင့် ရန်ကုန်မြို့ဟာ မန္တလေးမြို့လို ပြောင်းလဲမှုတွေ မမြင်ရတာလဲ
လမ်းဘေးဈေးသည်များ
လမ်းဘေးဈေးသည်များ
လမ်းဘေးဈေးသည်များ
လမ်းဘေးဈေးသည်များ
#Unicode Version
ရန်ကုန်မြို့ကိုဖျက်ဆီးနေသူများ….
မန္တလေးနဲ့ ရန်ကုန်ကကွာတယ်။၊မန်းလေးက တိုးတက်တယ်။ စမတ်ဖြစ်တယ်။ ရန်ကုန်က ဖြစ်မလာဘူးနော်ဆိုတော့ ရုံးကစီနီယာ ဘဒိုကပြောတယ်။ မန်းကလူတွေ မန်းသူမန်းသားတွေက သူတို့မြို့ သူတို့ချစ်တယ်။ သူတို့မြို့လှဖို့ သူတို့ပေးဆပ်တယ် ပူးပေါင်းဆောင်ရွက်တယ်တဲ့။ ရန်ကုန်က ရောကျော်ကွ။ တောသားတွေ နယ်ကလူစုံ လာပြီးစီးပွားရှာ အခြေချကြတာ ဘယ်သူမှရန်ကုန်ကို စေတနာမရှိဘူးတဲ့။ အဲ့တော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး နှေးနေတယ်တဲ့။
ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ဗဟန်းဈေးရှိတယ်။ အဲ့ဈေးအပြင်ဘက်မှာ လမ်းဘေးဈေးသည်အများကြီး ကားလည်းပိတ်တယ်။ ခုအဲ့ဈေးသည်တွေကို ဈေးရုံထဲပို့လိုက်တယ်။ အဲ့ဒါကို ဈေးသည်တွေက အပြင်မှာပဲ ပြန်ထွက်ချင်နေတယ်။ ဆန္ဒပြမယ်ဘာညာပေါ့။ အဲ့လူတွေကြည့်တော့ အဲ့နားဝန်းကျင်က ဘုန်းကြီးကျောင်တွေက နယ်ကအမျိုးတွေခေါ်လာ ဈေးရောင်းခိုင်း ကျောင်းမှာနေခိုင်း အဲ့လိုနဲ့ ဒီမှာ အခြေချကြတာ။ အဲ့ဒီလမ်းဘေးဈေးသည်တွေမရှိရင် ရေတာရှည်လမ်းဟောင်းမှာကားမပိတ်တော့ဘူး။ ဘုရားအနီးဝန်းကျင်လမ်းတွေလည်း သန့်သွားတယ်။ ဒါပေမယ့် ဒီဝန်းကျင်သာယာသွားဖို့သူတို့ စိတ်မရှိဘူး။ သူတို့မြို့မှမဟုတ်တာလေ။
ရန်ကုန်မှာ အခြေကျပြီး ရန်ကုန်ကို စေတနာရှိသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် နည်းပါတယ်။၊ကျန်တာက တောသားမြို့ရောက် ဂဂျောင်တွေများတယ်။ နောက်ဆုံးဗျာ ဒီမှာစီးပွားရှာလို့ စီးပွားဖြစ်ရင်တောင် ရွာပြန်အလှူလုပ် ဘုရားတည်ကျောင်းဆောက် ကိုယ့်နေရာကိုယ်ပြန်လှူကြတာ။ သေချာသတိထားကြည့် ရန်ကုန်မှာ အောင်မြင်တဲ့သူတွေက သူတို့ဒေသတွေမှာ ပြန်အကျိုးပြုတာများတယ်။ ရန်ကုန်အတွက် ထည့်စဉ်းစားကြလား။ ရန်ကုန်အတွက် စေတနာရှိလားမေးချင်တယ်။ (ကိုယ့်စိတ်ထဲရှိတာ ကိုယ့်ဘာသာချရေးထားတာ။မှားရင်လည်း မှားနိုင်တယ်။ သေချာ စစ်တမ်းမလုပ်နိုင်လို့)
သေချာတာတော့ ဘာလုပ်လုပ်ပူးပေါင်းလိုစိတ်မရှိတဲ့ရွှေ့ပြောင်းတွေနဲ့ ရန်ကုန်က တိုးတက်လာမှာမဟုတ်တော့ဘူး။ ပူးပေါင်းလိုစိတ်မရှိသူတွေထွက်သွားပါ။ မထွက်သွားရင် မောင်းထုတ်ကြဗျာ ဒါပဲရှိတယ်။
မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)