Sponsored

အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လျင်မြန်နေတဲ့အတွက် သတိအပြည့်ထားကြဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

@CNA

အခြအနေက လျင်မြန်စွာ ပြန့်နေတာပါ။ နောက်ထပ်လူများများကို ထပ်ကူးမယ့် အဖြစ်ကို တားမြစ်ဖို့ အားထုတ်ချက်အားလုံးကို ချက်ချင်းအရှိန်မြှင့်ဖို့ လိုနေပါတယ်” လို့ WHO ရဲ့ ဒေသဆိုင်ရာဒါရိုက်တာ ဒေါက်တာ ပူနမ်ခီထရပ်ပယ်ဆင်းက ပြောပါတယ်။

အရှေ့တောင်နဲ့ တောင်အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အခုအခါ ၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

Sponsored
ထိုင်းတွင် COVID-19 လူနာ ၃၀ ဦး ထပ်တွေ့၊ ရုပ်ရှင်ရုံ၊ အနှိပ်ခန်း၊ ကေတီဗွီနှင့် သင်္ကြန်ပွဲပိတ်

ဗိုင်းရပ်စ် တွေ့ရှိသူအများဆုံး နိုင်ငံကတော့ ထိုင်းဖြစ်ပြီး ၁၇၇ ဦး၊ အင်ဒိုနီးရှား ၁၃၄ ဦး၊ အိန္ဒိယ ၁၂၅ ဦး၊ သီရိလင်္ကာ ၁၉ ဦး၊ မော်လ်ဒိုက်စ် ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၅ ဦး၊ နီပေါနဲ့ ဘူတန်တို့ တဦးစီ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *