အမ်ိဳးသမီးေတြ ဘယ္လိုအခ်ိန္မ်ိဳးမွာ လိင္ခံစားမႈအထြတ္အထိပ္ေရာက္ၾကသလဲ

ဘယ္လိုအခ်ိန္မ်ိဳးမွာ လိင္ခံစားမႈအထြတ္အထိပ္ေရာက္ၾကသလဲ

လိင္ခံစားမႈမွာ အထြတ္အထိပ္ေရာက္ဖို႔ဆိုတာ လိင္ဆက္ဆံျခင္းရဲ႕ အဓိက ပန္းတိုင္တစ္ခုပါ။ 

လူ႔ပတ္ဝန္းက်င္ရဲ႕ စံႏႈန္းေတြက အမ်ိဳးသမီးတစ္ေယာက္လိင္ဆက္ဆံခ်ိန္ အထြတ္အထိပ္ေရာက္တာကုိ ကြၽန္ေတာ္တို႔ေတြ ဘယ္လိုျမင္သလဲဆိုတဲ့အေပၚ အမ်ားႀကီးသက္ေရာက္မႈ ရွိပါတယ္။ ေလ့လာခ်က္ေတြအရေတာ့ အမ်ိဳးသမီးေတြက လိင္ဆက္ဆံခ်ိန္ ဘယ္လိုပုံစံမ်ိဳးကို ႀကိဳက္ႏွစ္သက္သလဲဆိုတာနဲ႔ ဘယ္အခ်ိန္ ခံစားမႈအထြတ္အထိပ္ ေရာက္ၾကလဲဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူပါဘူးလို႔ ဆိုထားပါတယ္။ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းအတြက္ မိမိကိုယ္ကိုအျမင္ရယ္ အေဖာ္ျဖစ္သူနဲ႔လိင္ဆက္ဆံခ်ိန္ ပြင့္လင္းစြာ စကားေျပာဆက္သြယ္ျခင္းက အေရးပါေနပါတယ္။

ေရးသားသူ Arkar Hein
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

လိင္ခံစားမႈမွာ အထြတ္အထိပ္ေရာက္ဖို႔ဆိုတာ လိင္ဆက္ဆံျခင္းရဲ႕ အဓိက ပန္းတိုင္တစ္ခုပါ။ ဒါေပမဲ့  အမ်ိဳးသမီးအမ်ားစုဟာ သူတို႔ရဲ႕ အသက္ ၂၀ ကေန ၃၀ ႏွစ္အထိ အခ်ိန္ကာလေတြမွာ လိင္ဆက္ဆံခ်ိန္မွာ လိင္ခံစားမႈအထြတ္အထိပ္ေရာက္ျခင္းကို မခံစားရပါဘူး။ကေနဒါႏိုင္ငံ Université du Québec à Montréal (UQAM) လိင္မႈေဗဒဌာနမွ ေဒါက္တာ Léa J. Séguin ဟာ အမ်ိဳးသမီးေတြ လိင္ခံစားမႈအထြတ္အထိပ္ေရာက္ျခင္းကို မ်က္ေမွာက္ေခတ္ အျပာ႐ုပ္ရွင္ေလာကေတြမွာ ဘယ္လိုပုံေဖာ္ၾကလဲဆိုတာေလ့လာခဲ့ပါတယ္။

မ်က္ေမွာက္ေခတ္နာမည္ႀကီး အျပာ႐ုပ္ရွင္ ၅၀ ခန႔္ကို ေလ့လာခဲ့ရာမွာေတာ့ ဒီဇာတ္ကားေတြထဲမွာ ၁၈.၃ ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးေတြဟာ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ေၾကာင္း သ႐ုပ္ေဖာ္ထားတာကိုေတြရၿပီး အမ်ိဳးသမီး လိင္အဂၤါအေစ့ (Clitoris) ကို လႈံ႕ေဆာ္ျခင္းေၾကာင့္ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္တယ္လို႔ေဖာ္ျပထားတာ ၂၅ ရာခိုင္ႏႈန္းသာရွိေၾကာင္း ဆိုထားပါတယ္။ ဒါဟာ မ်က္ေမွာက္ေခတ္ အျပာ႐ုပ္ရွင္ကားမ်ားက အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို လြဲမွားစြာ ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။

လတ္တေလာ စစ္တမ္းမ်ားအရ အေမရိကန္ႏိုင္ငံမွာ ၅၃ ရာခိုင္ႏႈန္းေသာ အမ်ိဳးသားမ်ားက အျပာ႐ုပ္ရွင္ကားမ်ားကိုၾကည့္ၾကၿပီး အမ်ိဳးသမီး ၂၅ ရာခိုင္ႏႈန္းက အျပာကားမ်ားကို ၾကည့္ၾကေၾကာင္းသိရပါတယ္။လူမႈစံႏႈန္းေတြနဲ႔ သိပၸံပညာအရ နည္းစနစ္ မမွန္တဲ့ အျပာ႐ုပ္ရွင္ကားမ်ားေၾကာင့္ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို လူေတြ လြဲမွားစြာ နားလည္ထားၾကပါတယ္။ ဒါဆိုရင္ သိပၸံပညာကေရာ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို ဘယ္လိုအဓိပၸါယ္ဖြင့္ထားလဲ။ ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ အမ်ိဳသမီး လိင္အဂၤါအေစ့ (clitoris) ရဲ႕ အခန္းက႑က ဘယ္ေလာက္ပါဝင္သလဲ၊ အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာစိတ္ေက်နပ္မႈရဖို႔အတြက္ ဘာေတြ လိုခ်င္ၾကသလဲဆိုတာ ဒီေဆာင္းပါးထဲမွာ တစ္ခ်က္ၾကည့္လိုက္ရေအာင္။

ေလ့လာခ်က္မ်ားထဲက အမ်ိဳးသမီးလိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္း

ဖင္လန္ႏိုင္ငံ ဟယ္လ္စင္ကီ (Helsinki) ၿမိဳ႕ Population Research Institute တကၠသိုလ္မွ ပါေမာကၡ Prof. Osmo Kontula ရဲ႕ ေလ့လာခ်က္တစ္ခုထဲမွာ ဖင္လန္ႏိုင္ငံမွ အမ်ိဳးသမီး ၈၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့ၿပီး ဒီေလ့လာခ်က္အရေတာ့ အသက္ ၃၅ ႏွစ္ေအာက္ အမ်ိဳးသမီး အမ်ားစုကေတာ့သူတို႔ရဲ႕ ပထမဆုံး လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို တစ္ကိုယ္ရည္အာသာ ျဖည္ျခင္းမွ ရခဲ့တာ ျဖစ္ၿပီး ဒီလို လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းဟာ အသက္ ၁၀ ႏွစ္ေအာက္၊ ၁၀ ႏွစ္နဲ႔ ၁၃ ႏွစ္ေအာက္ အ႐ြယ္ေတြမွာ ျဖစ္ခဲ့တာလို႔ဆိုပါတယ္။

ဖင္လန္ႏိုင္ငံမွာ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံၾကတဲ့ အမ်ိဳးသမီးမ်ားရဲ႕ ပွ်မ္းမွ် အသက္အ႐ြယ္ဟာ ၁၇ ႏွစ္ျဖစ္ၿပီး အမ်ားစုကေတာ့ ပထမဆုံး လိင္ဆက္ဆံတဲ့ အခ်ိန္မွာ လိင္ခံစားမႈ အထြတ္အထိပ္ မေရာက္ခဲ့ၾကဘူးလို႔ဆိုပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီး ၈၀၀၀ အနက္ ေလးပုံတစ္ပုံကသာ အမ်ိဳးသားအေဖာ္နဲ႔ ပထမဆုံး တစ္ႏွစ္အတြင္း လိင္ဆက္ဆံရာမွာ ၁ ႀကိမ္သာ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ခဲ့တယ္ လို႔ဆိုခဲ့ၾကပါတယ္။ဒီစစ္တမ္းတစ္ခုနဲ႔ ေကာက္ခ်က္တစ္ခုကို အၿပီးျပတ္ခ်လို႔မရႏိုင္ေပမဲ့ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔ဆိုတာ အမ်ိဳးသားေတြထက္ ပိုခက္ခဲတဲ့ အရာဆိုတာကေတာ့ ေသခ်ာပါတယ္။

ပါေမာကၡ Prof. Osmo Kontula ၂၀၁၅ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ေလ့လာခ်က္မွာေတာ့ လိင္ဆက္ဆံၾကတဲ့ အမ်ိဳးသမီးမ်ားအနက္ ၆ ရာခိုင္ႏႈန္းက လိင္ဆက္ဆံခ်ိန္တိုင္း အၿမဲတမ္း လိင္ခံစားမႈ အထြတ္အထိပ္ ေရာက္တယ္လို႔ဆိုခဲ့ၿပီး ၄၀ ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးမ်ားကေတာ့ လိင္ဆက္ဆံခ်ိန္တိုင္းလိုလို လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ၾကတယ္ လို႔ဆိုပါတယ္။

၁၆ ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးမ်ားကေတာ့ လိင္ဆက္ဆံခ်ိန္ အမ်ားစုတိုင္းမွာ ခံစားမႈ အထြတ္အထိပ္ေရာက္ၾကတယ္လို႔ဆိုပါတယ္။ ၃၈ ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးမ်ားကေတာ့ လိင္ဆက္ဆံခ်ိန္တိုင္း ခံစားမႈအထြတ္အထိပ္မေရာက္ဘဲ တစ္ခါတစ္ရံမွ ခံစားမႈ အထိပ္အထြတ္ေရာက္တယ္လို႔ဆိုခဲ့ၿပီး အသက္ ၃၅ ႏွစ္ေအာက္ အမ်ိဳးသမီး ၁၄ ရာခိုင္ႏႈန္းကေတာ့ အမ်ိဳးသားအေဖာ္ျဖစ္သူနဲ႔ လိင္ဆက္ဆံခ်ိန္တိုင္း တစ္ခါမွ လိင္ခံစားမႈ အထြတ္အထိပ္ မေရာက္ၾကေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ၁၉၉၉ ခုႏွစ္ကတည္းက လိင္ဆက္ဆံရင္း ခံစားမႈ အထြတ္အထိပ္ေရာက္တဲ့ အမ်ိဳးသမီး အေရအတြက္ဟာ ၅၆ ရာခိုင္ႏႈန္းမွ ၄၆ ရာခိုင္ႏႈန္းအထိ က်ဆင္းလာခဲ့ပါတယ္။

ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ ဘာလိုအပ္သလဲဆိုတာနဲ႔ ဘာေၾကာင့္ ခံစားမႈ အထြတ္အထိပ္မေရာက္တာလဲဆိုတာ ပါေမာကၡ Prof. Osmo Kontula ေလ့လာခဲ့ရာမွာေတာ့ “ အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ေစဖို႔ ေသာ့ခ်က္တစ္ခုကေတာ့ စိတ္ခံစားခ်က္နဲ႔ ရင္းႏွီးစြာ ေပါင္းသင္းမႈတို႔ ျဖစ္ေၾကာင္းေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေတြထဲမွာ လိင္ဆႏၵဘယ္ေလာက္ျပင္းျပသလဲဆိုတဲ့အခ်က္ရယ္၊ လိင္ပိုင္းဆိုင္ရာ ယုံၾကည္ခ်က္ရယ္၊ အေဖာ္ျဖစ္သူနဲ႔ ဘယ္ေလာက္ ပြင့္လင္းစြာ စကားေျပာဆက္သြယ္ႏိုင္သလဲဆိုတဲ့ အခ်က္ ၃ ခ်က္က လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ အေရးႀကီးပါတယ္။ ” လို႔ဆိုပါတယ္။

လိင္ပိုင္းဆိုင္ရာယုံၾကည္ခ်က္ေတာ့ အိပ္ယာထဲမွာ အမ်ိဳးသမီးေတြ ဘယ္ေလာက္ တတ္ကြၽမ္းေၾကာင္း ယုံၾကည္ခ်က္ကိုဆိုလိုတာ ျဖစ္ၿပီး လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ တစ္ျခားလိုအပ္တာေတြကေတာ့ ပစၥဳပၸန္ အခ်ိန္ကို ဘယ္ေလာက္အာ႐ုံစိုက္ထားႏိုင္သလဲဆိုတာရယ္၊ ႏွစ္ဦးသား ေျမစမ္းခရမ္းပ်ိဳးအဆင့္မ်ားကို ေကာင္းမြန္စြာ ျဖတ္ေက်ာ္ခဲ့မႈနဲ႔ အေဖာ္ျဖစ္သူရဲ႕ လိင္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈတို႔လည္းပါဝင္ပါေသးတယ္။

အိမ္ေထာင္ရွိတဲ့ အမ်ိဳးသမီး ၅၀ ရာခိုင္ႏႈန္းေက်ာ္က လိင္ဆက္ဆံခ်ိန္မွာ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ၾကေၾကာင္း ေျပာဆိုခဲ့ၾကၿပီး အေဖာ္မရွိတဲ့အမ်ိဳးသမီး ၄၀ ရာခိုင္ႏႈန္းက တစ္ကိုယ္ရည္အာသာျဖည္ရာမွ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ၾကေၾကာင္းဆိုခဲ့ၾကပါတယ္။ ဒါဟာ အမ်ိဳးသမီးေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ႀကိဳက္ႏွစ္သက္တဲ့ ပုံစံျခင္း မတူေၾကာင္းျပေနၿပီး အေဖာ္နဲ႔ပဲ ျဖစ္ျဖစ္ တစ္ကိုယ္ရည္အာသာေျဖတာပဲ ျဖစ္ျဖစ္ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ႏိုင္ေၾကာင္း ျပသေနတာပါ။

လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို အဓိက တားျမစ္ထားတဲ့ အရာေတြကေတာ့ “ ပင္ပန္းျခင္း၊ စိတ္ဖိအား ခံစားေနရျခင္း ” နဲ႔ “ အာ႐ုံစူးစိုက္ႏိုင္စြမ္း နည္းျခင္း ” တို႔ျဖစ္ၾကပါတယ္။

ပါေမာကၡ Prof. Osmo Kontula ကေတာ့ “ အလြန္အကြၽံေတြးေတာတဲ့အခါ လိင္ခံစားမႈ အထြတ္အထိပ္မေရာက္ႏိုင္ပါဘူး။ ေတြးေတာျခင္းက စိတ္ခံစားခ်က္ကို စတင္ျဖစ္ေစတာ ဆိုေပမဲ့ ေတြးေတာ့ျခင္းရပ္သြားတဲ့အခါမွ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္တာ ျဖစ္ပါတယ္ ” လို႔ဆိုပါတယ္။

စိတ္ရဲ႕ အေရးႀကီးပုံ

အေတြးမ်ားက လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ျခင္းကို အဓိကသက္ေရာက္ေစႏိုင္ၿပီး ရာဂျပင္းထန္တဲ့ အေတြးမ်ားမရွိတဲ့ အမ်ိဳးသမီးဟာ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔ ခက္ခဲၾကပါတယ္။ အမ်ိဳးသမီး လိင္အဂၤါ အေစ့နဲ႔ ရင္သားမ်ားကို လႈံေဆာ္ခံရျခင္းကို ေတြးတဲ့အခ်ိန္နဲ႔ ကိုယ့္ဘာသာ လႈံ႕ေဆာ္တဲ့အခါမွာ သက္ေရာက္တဲ့ ဦးေႏွာက္ အစိတ္အပိုင္းေတြက တစ္ခုနဲ႔ တစ္ခု မတူၾကပါဘူး။

အမ်ိဳးသမီး လိင္အဂၤါအေစ့ လႈံ႕ေဆာ္ျခင္းနဲ႔ ခံစားခ်က္ အထြတ္အထိပ္ေရာက္ျခင္း

ဇီဝေဗဒနဲ႔ ခႏၶာကိုယ္ အဂၤါဖြဲ႕စည္းပုံေတြကို ခဏအသာထားဦး။ အမ်ိဳးသမီးေတြဟာ Clitoris က သူတို႔အတြက္ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ေစႏိုင္ေၾကာင္းသိၾကပါတယ္။ အေမရိကန္ အင္ဒီယာနာ ျပည္နယ္ Bloomington ၿမိဳ႕ရွိ Indiana တကၠသိုလ္မွ ေလ့လာခ်က္အရ အမ်ိဳးသမီး ၃၆.၆ ရာခိုင္ႏႈန္းဟာ Clitoris ကို လႈံ႕ေဆာ္ေပးမွ လိင္ဆက္ဆံခ်ိန္မွာ ခံစားမႈ အထြတ္အထိပ္ေရာက္ေၾကာင္းေတြရွိခဲ့ၾကပါတယ္။ က်န္ ၃၆ ရာခိုင္ႏႈန္းကေတာ့ ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ clitoris ကို လႈံ႕ေဆာ္ေပးစရာမလိုေပမဲ့ ဒီလို လႈံ႕ေဆာ္ေပးျခင္းက လိင္ခံစားခ်က္ကို ျမႇင့္တက္ေစေၾကာင္းဆိုခဲ့ၿပီး က်န္ ၁၈.၄ ရာခိုင္ႏႈန္းကေတာ့ အမ်ိဳးသမီး အဂၤါအတြင္း လိင္ဆက္ဆံျခင္းနဲ႔ တင္လုံေလာက္ၿပီလို႔ဆိုခဲ့ပါတယ္။ ဒါ့အျပင္ Clitoris ကို လႈံ႕ေဆာ္ရာမွာလည္း အမ်ိဳးသမီး ၃ ပုံ ၂ ပုံဟာ တိုက္႐ိုက္ အေပၚေအာက္ေ႐ႊ႕လ်ားမႈပုံစံ၊ စက္ဝိုင္းပုံစံ၊ ေဘးဘက္ေ႐ြ႕လ်ားတဲ့ ပုံစံေတြနဲ႔ တိုက္႐ိုက္လႈံ႕ေဆာ္ေပးျခင္းကို ႀကိဳက္ႏွစ္သက္တယ္လို႔ဆိုခဲ့ၿပီး အမ်ိဳးသမီး ၁၀ ေယာက္မွာ ၁ ေယာက္ကေတာ့ ဖိအားတင္းၾကပ္စြာလႈံ႕ေဆာ္ေပးျခင္းကို ႀကိဳက္ႏွစ္သက္တယ္လို႔ဆိုထားပါတယ္။ က်န္အမ်ိဳးသမီးမ်ားကေတာ့အားမပါတဲ့ လႈံ႕ေဆာ္ျခင္းကို သာႀကိဳက္ႏွစ္သက္ၾကတယ္လို႔ဆိုခဲ့ပါတယ္။ ဒီအခ်က္ေတြအရ သိရတဲ့အခ်က္ကေတာ့အမ်ိဳးသမီးေတြ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔အတြက္ပုံေသနည္းမရွိဘဲ အမ်ိဳးသမီး တစ္ေယာက္နဲ႔ တစ္ေယာက္အႀကိဳက္ခ်င္းကလည္း ကြဲျပားေနႏိုင္ပါတယ္။

အမ်ိဳးသမီးေတြ ဘယ္လိုအရာကို ႀကိဳက္ႏွစ္သက္ၾကသလဲ။

အေမရိကန္ အင္ဒီယာနာ ျပည္နယ္ Bloomington ၿမိဳ႕ရွိ Indiana တကၠသိုလ္မွ လိင္မႈက်န္းမာေရး စင္တာပါေမာကၡ Prof. Debby Herbenick  ဟာ အမ်ိဳးသမီး ၁၀၄၆ ေယာက္နဲ႔ အမ်ိဳးသား ၉၇၅ ေယာက္ပါဝင္တဲ့ အဖြဲ႕ကို ဘယ္လို လိင္မႈ ကိစၥေတြကို ႀကိဳက္ႏွစ္သက္ၾကသလဲဆိုတာေမးျမန္းခဲ့ပါတယ္။ ဒီစစ္တမ္းအရ အမ်ိဳးသား၊ အမ်ိဳးသမီးေတြ လိင္မႈကိစၥေတြထဲမွာ အႀကိဳက္ဆုံးအရာေတြကေတာ့-

တိုက္႐ိုက္လိင္ဆက္ဆံျခင္း – ၆၉.၉ ရာခိုင္ႏႈန္း၊ ေပြ႕ဖက္ျခင္း – ၆၂-၈ ရာခိုင္ႏႈန္း ၊ လိင္ဆက္ဆံခ်ိန္မွာ နမ္းရႈပ္ျခင္း – ၄၉.၃ ရာခိုင္ႏႈန္း ၊ လိင္ဆက္ဆံခ်ိန္ ၾကည္ႏႈးဖြယ္ရာ စကားမ်ားေျပာဆိုျခင္း – ၄၆.၆ ရာခိုင္ႏႈန္း ၊ လိင္မဆက္ဆံခင္ နင္းႏွိပ္ေပးျခင္း – ၄၅.၉ ရာခိုင္ႏႈန္း ၊ ညင္သာတဲ့ လိင္ဆက္ဆံျခင္း – ၄၅.၄ ရာခိုင္ႏႈန္း ၊ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း ၄၃.၃ ရာခိုင္ႏႈန္း ၊ အျပာဇာတ္ဝင္ခန္းမ်ားပါဝင္ေသာ အခ်စ္ဇာတ္ကားမ်ားကို ၾကည့္ျခင္း – ၄၁-၉ ရာခိုင္ႏႈန္း ၊ အခန္းအျပင္အဆင္က လိင္စိတ္ကို ႏႈိးဆြႏိုင္ျခင္း – ၄၁.၃ ရာခိုင္ႏႈန္း ၊ လိင္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈရွိေသာ အတြင္းခံဝတ္ဆင္ထားျခင္း – ၄၁.၂ ရာခိုင္ႏႈန္း ၊ မၾကာခဏလိင္ဆက္ဆံျခင္း – ၄၀.၄ ရာခိုင္ႏႈန္း

ဒီေလ့လာခ်က္အရ သိရွိလာရတဲ့ အေရးႀကီးဆုံးတစ္ခ်က္ကေတာ့ အမ်ိဳးသမီးေတြ တစ္ဦးတစ္ေယာက္မွ် မႀကိဳက္တဲ့ လိင္မႈကိစၥလုပ္ငန္းဆိုတာ မရွိတာပါပဲ။ ဥပမာေျပာရရင္ အမ်ိဳးသမီးအမ်ားစုက အျပာ႐ုပ္ရွင္ဇာတ္ကားမ်ားနဲ႔ ရာဂႏႈိးဆြေပးႏိုင္တဲ့ ဇာတ္ကားမ်ားကို မႀကိဳက္ၾကေပမဲ့ ၁၁.၄ ရာခိုင္ႏႈန္းက ႀကိဳက္ႏွစ္သက္ၾကပါေသးတယ္။

လိင္ဆက္ဆံခ်ိန္ ပြင့္လင္းမႈ ရွိျခင္းဟာ အဓိကက်ပါတယ္။

ဒီအခ်က္ဟာ အဓိကက်တဲ့အခ်က္မွန္း လူတိုင္း နီးပါးသိၾကမွာပါ။ ပြင့္လင္းမႈမရွိတဲ့အခါ အမ်ိဳးသမီးေတြနဲ႔ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔ ပိုခက္ခဲပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ လိင္ပိုင္းဆိုင္ရာ ဆႏၵေတြ၊ ႀကိဳက္ႏွစ္သက္တဲ့ အေနအထားေတြ၊ ျပႆနာေတြကို အေဖာ္ျဖစ္သူနဲ႔ ပြင့္လင္းစြာေျပာမယ္ဆိုရင္ လိင္ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔လြယ္ကူၿပီး ခံစားမႈ ျမင့္တက္ေစႏိုင္ပါတယ္။ နိဂုံးအေနနဲ႔ လိင္ကိစၥဆိုတာ ေပ်ာ္႐ႊင္မႈနဲ႔ တိုက္႐ိုက္ဆက္ႏႊယ္ေနတာပါ။ အေဖာ္ျဖစ္သူနဲ႔ လိင္ပိုင္းဆိုင္ရာႀကိဳက္ႏွစ္သက္မႈေတြကို ပြင့္လင္းစြာေဝမွ်ႏိုင္ျခင္းက လိင္ခံစားမႈ ျပည့္စုံေစဖို႔ အဓိက နည္းလမ္းတစ္ခုထဲမွာပါဝင္ပါတယ္။

ဤေဆာင္းပါးကို The Lifestyle Myanmar ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။


#Unicode Version

လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ 

လူ့ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေက အမျိုးသမီးတစ်ယောက်လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်တာကို ကျွန်တော်တို့တွေ ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ ဘယ်အချိန် ခံစားမှုအထွတ်အထိပ် ရောက်ကြလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ် အဖော်ဖြစ်သူနဲ့လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းက အရေးပါနေပါတယ်။

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့  အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ် အပြာရုပ်ရှင်လောကတွေမှာ ဘယ်လိုပုံဖော်ကြလဲဆိုတာလေ့လာခဲ့ပါတယ်။

မျက်မှောက်ခေတ်နာမည်ကြီး အပြာရုပ်ရှင် ၅၀ ခန့်ကို လေ့လာခဲ့ရာမှာတော့ ဒီဇာတ်ကားတွေထဲမှာ ၁၈.၃ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြောင်း သရုပ်ဖော်ထားတာကိုတွေရပြီး အမျိုးသမီး လိင်အင်္ဂါအစေ့ (Clitoris) ကို လှုံ့ဆော်ခြင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်လို့ဖော်ပြထားတာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း ဆိုထားပါတယ်။ ဒါဟာ မျက်မှောက်ခေတ် အပြာရုပ်ရှင်ကားများက အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို လွဲမှားစွာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

လတ်တလော စစ်တမ်းများအရ အမေရိကန်နိုင်ငံမှာ ၅၃ ရာခိုင်နှုန်းသော အမျိုးသားများက အပြာရုပ်ရှင်ကားများကိုကြည့်ကြပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်းက အပြာကားများကို ကြည့်ကြကြောင်းသိရပါတယ်။လူမှုစံနှုန်းတွေနဲ့ သိပ္ပံပညာအရ နည်းစနစ် မမှန်တဲ့ အပြာရုပ်ရှင်ကားများကြောင့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို လူတွေ လွဲမှားစွာ နားလည်ထားကြပါတယ်။ ဒါဆိုရင် သိပ္ပံပညာကရော အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ထားလဲ။ ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အမျိုသမီး လိင်အင်္ဂါအစေ့ (clitoris) ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ပါဝင်သလဲ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုရဖို့အတွက် ဘာတွေ လိုချင်ကြသလဲဆိုတာ ဒီဆောင်းပါးထဲမှာ တစ်ချက်ကြည့်လိုက်ရအောင်။

လေ့လာချက်များထဲက အမျိုးသမီးလိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း

ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီ (Helsinki) မြို့ Population Research Institute တက္ကသိုလ်မှ ပါမောက္ခ Prof. Osmo Kontula ရဲ့ လေ့လာချက်တစ်ခုထဲမှာ ဖင်လန်နိုင်ငံမှ အမျိုးသမီး ၈၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ဒီလေ့လာချက်အရတော့ အသက် ၃၅ နှစ်အောက် အမျိုးသမီး အများစုကတော့သူတို့ရဲ့ ပထမဆုံး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို တစ်ကိုယ်ရည်အာသာ ဖြည်ခြင်းမှ ရခဲ့တာ ဖြစ်ပြီး ဒီလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဟာ အသက် ၁၀ နှစ်အောက်၊ ၁၀ နှစ်နဲ့ ၁၃ နှစ်အောက် အရွယ်တွေမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

ဖင်လန်နိုင်ငံမှာ ပထမဆုံးအကြိမ် လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများရဲ့ ပျှမ်းမျှ အသက်အရွယ်ဟာ ၁၇ နှစ်ဖြစ်ပြီး အများစုကတော့ ပထမဆုံး လိင်ဆက်ဆံတဲ့ အချိန်မှာ လိင်ခံစားမှု အထွတ်အထိပ် မရောက်ခဲ့ကြဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး ၈၀၀၀ အနက် လေးပုံတစ်ပုံကသာ အမျိုးသားအဖော်နဲ့ ပထမဆုံး တစ်နှစ်အတွင်း လိင်ဆက်ဆံရာမှာ ၁ ကြိမ်သာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခဲ့တယ် လို့ဆိုခဲ့ကြပါတယ်။ဒီစစ်တမ်းတစ်ခုနဲ့ ကောက်ချက်တစ်ခုကို အပြီးပြတ်ချလို့မရနိုင်ပေမဲ့ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ဆိုတာ အမျိုးသားတွေထက် ပိုခက်ခဲတဲ့ အရာဆိုတာကတော့ သေချာပါတယ်။

ပါမောက္ခ Prof. Osmo Kontula ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာချက်မှာတော့ လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများအနက် ၆ ရာခိုင်နှုန်းက လိင်ဆက်ဆံချိန်တိုင်း အမြဲတမ်း လိင်ခံစားမှု အထွတ်အထိပ် ရောက်တယ်လို့ဆိုခဲ့ပြီး ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်းလိုလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြတယ် လို့ဆိုပါတယ်။

၁၆ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန် အများစုတိုင်းမှာ ခံစားမှု အထွတ်အထိပ်ရောက်ကြတယ်လို့ဆိုပါတယ်။ ၃၈ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်း ခံစားမှုအထွတ်အထိပ်မရောက်ဘဲ တစ်ခါတစ်ရံမှ ခံစားမှု အထိပ်အထွတ်ရောက်တယ်လို့ဆိုခဲ့ပြီး အသက် ၃၅ နှစ်အောက် အမျိုးသမီး ၁၄ ရာခိုင်နှုန်းကတော့ အမျိုးသားအဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်တိုင်း တစ်ခါမှ လိင်ခံစားမှု အထွတ်အထိပ် မရောက်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက လိင်ဆက်ဆံရင်း ခံစားမှု အထွတ်အထိပ်ရောက်တဲ့ အမျိုးသမီး အရေအတွက်ဟာ ၅၆ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် ဘာလိုအပ်သလဲဆိုတာနဲ့ ဘာကြောင့် ခံစားမှု အထွတ်အထိပ်မရောက်တာလဲဆိုတာ ပါမောက္ခ Prof. Osmo Kontula လေ့လာခဲ့ရာမှာတော့ “ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်စေဖို့ သော့ချက်တစ်ခုကတော့ စိတ်ခံစားချက်နဲ့ ရင်းနှီးစွာ ပေါင်းသင်းမှုတို့ ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ဒီအချက်တွေထဲမှာ လိင်ဆန္ဒဘယ်လောက်ပြင်းပြသလဲဆိုတဲ့အချက်ရယ်၊ လိင်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရယ်၊ အဖော်ဖြစ်သူနဲ့ ဘယ်လောက် ပွင့်လင်းစွာ စကားပြောဆက်သွယ်နိုင်သလဲဆိုတဲ့ အချက် ၃ ချက်က လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အရေးကြီးပါတယ်။ ” လို့ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာယုံကြည်ချက်တော့ အိပ်ယာထဲမှာ အမျိုးသမီးတွေ ဘယ်လောက် တတ်ကျွမ်းကြောင်း ယုံကြည်ချက်ကိုဆိုလိုတာ ဖြစ်ပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တစ်ခြားလိုအပ်တာတွေကတော့ ပစ္စုပ္ပန် အချိန်ကို ဘယ်လောက်အာရုံစိုက်ထားနိုင်သလဲဆိုတာရယ်၊ နှစ်ဦးသား မြေစမ်းခရမ်းပျိုးအဆင့်များကို ကောင်းမွန်စွာ ဖြတ်ကျော်ခဲ့မှုနဲ့ အဖော်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့လည်းပါဝင်ပါသေးတယ်။

အိမ်ထောင်ရှိတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်က လိင်ဆက်ဆံချိန်မှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်း ပြောဆိုခဲ့ကြပြီး အဖော်မရှိတဲ့အမျိုးသမီး ၄၀ ရာခိုင်နှုန်းက တစ်ကိုယ်ရည်အာသာဖြည်ရာမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်းဆိုခဲ့ကြပါတယ်။ ဒါဟာ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြိုက်နှစ်သက်တဲ့ ပုံစံခြင်း မတူကြောင်းပြနေပြီး အဖော်နဲ့ပဲ ဖြစ်ဖြစ် တစ်ကိုယ်ရည်အာသာဖြေတာပဲ ဖြစ်ဖြစ် လိင်ခံစားမှု အထွတ်အထိပ်ရောက်နိုင်ကြောင်း ပြသနေတာပါ။

လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိက တားမြစ်ထားတဲ့ အရာတွေကတော့ “ ပင်ပန်းခြင်း၊ စိတ်ဖိအား ခံစားနေရခြင်း ” နဲ့ “ အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း ” တို့ဖြစ်ကြပါတယ်။

ပါမောက္ခ Prof. Osmo Kontula ကတော့ “ အလွန်အကျွံတွေးတောတဲ့အခါ လိင်ခံစားမှု အထွတ်အထိပ်မရောက်နိုင်ပါဘူး။ တွေးတောခြင်းက စိတ်ခံစားချက်ကို စတင်ဖြစ်စေတာ ဆိုပေမဲ့ တွေးတော့ခြင်းရပ်သွားတဲ့အခါမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်တာ ဖြစ်ပါတယ် ” လို့ဆိုပါတယ်။

စိတ်ရဲ့ အရေးကြီးပုံ

အတွေးများက လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိကသက်ရောက်စေနိုင်ပြီး ရာဂပြင်းထန်တဲ့ အတွေးများမရှိတဲ့ အမျိုးသမီးဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ခက်ခဲကြပါတယ်။ အမျိုးသမီး လိင်အင်္ဂါ အစေ့နဲ့ ရင်သားများကို လှုံဆော်ခံရခြင်းကို တွေးတဲ့အချိန်နဲ့ ကိုယ့်ဘာသာ လှုံ့ဆော်တဲ့အခါမှာ သက်ရောက်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။

အမျိုးသမီး လိင်အင်္ဂါအစေ့ လှုံ့ဆော်ခြင်းနဲ့ ခံစားချက် အထွတ်အထိပ်ရောက်ခြင်း

ဇီဝဗေဒနဲ့ ခန္ဓာကိုယ် အင်္ဂါဖွဲ့စည်းပုံတွေကို ခဏအသာထားဦး။ အမျိုးသမီးတွေဟာ Clitoris က သူတို့အတွက် လိင်ခံစားမှု အထွတ်အထိပ်ရောက်စေနိုင်ကြောင်းသိကြပါတယ်။ အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လေ့လာချက်အရ အမျိုးသမီး ၃၆.၆ ရာခိုင်နှုန်းဟာ Clitoris ကို လှုံ့ဆော်ပေးမှ လိင်ဆက်ဆံချိန်မှာ ခံစားမှု အထွတ်အထိပ်ရောက်ကြောင်းတွေရှိခဲ့ကြပါတယ်။ ကျန် ၃၆ ရာခိုင်နှုန်းကတော့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် clitoris ကို လှုံ့ဆော်ပေးစရာမလိုပေမဲ့ ဒီလို လှုံ့ဆော်ပေးခြင်းက လိင်ခံစားချက်ကို မြှင့်တက်စေကြောင်းဆိုခဲ့ပြီး ကျန် ၁၈.၄ ရာခိုင်နှုန်းကတော့ အမျိုးသမီး အင်္ဂါအတွင်း လိင်ဆက်ဆံခြင်းနဲ့ တင်လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။ ဒါ့အပြင် Clitoris ကို လှုံ့ဆော်ရာမှာလည်း အမျိုးသမီး ၃ ပုံ ၂ ပုံဟာ တိုက်ရိုက် အပေါ်အောက်ရွှေ့လျားမှုပုံစံ၊ စက်ဝိုင်းပုံစံ၊ ဘေးဘက်ရွေ့လျားတဲ့ ပုံစံတွေနဲ့ တိုက်ရိုက်လှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ဆိုခဲ့ပြီး အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ကတော့ ဖိအားတင်းကြပ်စွာလှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ဆိုထားပါတယ်။ ကျန်အမျိုးသမီးများကတော့အားမပါတဲ့ လှုံ့ဆော်ခြင်းကို သာကြိုက်နှစ်သက်ကြတယ်လို့ဆိုခဲ့ပါတယ်။ ဒီအချက်တွေအရ သိရတဲ့အချက်ကတော့အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက်ပုံသေနည်းမရှိဘဲ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းကလည်း ကွဲပြားနေနိုင်ပါတယ်။

အမျိုးသမီးတွေ ဘယ်လိုအရာကို ကြိုက်နှစ်သက်ကြသလဲ။

အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လိင်မှုကျန်းမာရေး စင်တာပါမောက္ခ Prof. Debby Herbenick  ဟာ အမျိုးသမီး ၁၀၄၆ ယောက်နဲ့ အမျိုးသား ၉၇၅ ယောက်ပါဝင်တဲ့ အဖွဲ့ကို ဘယ်လို လိင်မှု ကိစ္စတွေကို ကြိုက်နှစ်သက်ကြသလဲဆိုတာမေးမြန်းခဲ့ပါတယ်။ ဒီစစ်တမ်းအရ အမျိုးသား၊ အမျိုးသမီးတွေ လိင်မှုကိစ္စတွေထဲမှာ အကြိုက်ဆုံးအရာတွေကတော့-

တိုက်ရိုက်လိင်ဆက်ဆံခြင်း – ၆၉.၉ ရာခိုင်နှုန်း ၊ ပွေ့ဖက်ခြင်း – ၆၂-၈ ရာခိုင်နှုန်း ၊ လိင်ဆက်ဆံချိန်မှာ နမ်းရှုပ်ခြင်း – ၄၉.၃ ရာခိုင်နှုန်း ၊ လိင်ဆက်ဆံချိန် ကြည်နှုးဖွယ်ရာ စကားများပြောဆိုခြင်း – ၄၆.၆ ရာခိုင်နှုန်း ၊ လိင်မဆက်ဆံခင် နင်းနှိပ်ပေးခြင်း – ၄၅.၉ ရာခိုင်နှုန်း ၊ ညင်သာတဲ့ လိင်ဆက်ဆံခြင်း – ၄၅.၄ ရာခိုင်နှုန်း ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ၄၃.၃ ရာခိုင်နှုန်း ၊ အပြာဇာတ်ဝင်ခန်းများပါဝင်သော အချစ်ဇာတ်ကားများကို ကြည့်ခြင်း – ၄၁-၉ ရာခိုင်နှုန်း ၊ အခန်းအပြင်အဆင်က လိင်စိတ်ကို နှိုးဆွနိုင်ခြင်း – ၄၁.၃ ရာခိုင်နှုန်း ၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသော အတွင်းခံဝတ်ဆင်ထားခြင်း – ၄၁.၂ ရာခိုင်နှုန်း ၊ မကြာခဏလိင်ဆက်ဆံခြင်း – ၄၀.၄ ရာခိုင်နှုန်း

ဒီလေ့လာချက်အရ သိရှိလာရတဲ့ အရေးကြီးဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေ တစ်ဦးတစ်ယောက်မျှ မကြိုက်တဲ့ လိင်မှုကိစ္စလုပ်ငန်းဆိုတာ မရှိတာပါပဲ။ ဥပမာပြောရရင် အမျိုးသမီးအများစုက အပြာရုပ်ရှင်ဇာတ်ကားများနဲ့ ရာဂနှိုးဆွပေးနိုင်တဲ့ ဇာတ်ကားများကို မကြိုက်ကြပေမဲ့ ၁၁.၄ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ကြပါသေးတယ်။

လိင်ဆက်ဆံချိန် ပွင့်လင်းမှု ရှိခြင်းဟာ အဓိကကျပါတယ်။

ဒီအချက်ဟာ အဓိကကျတဲ့အချက်မှန်း လူတိုင်း နီးပါးသိကြမှာပါ။ ပွင့်လင်းမှုမရှိတဲ့အခါ အမျိုးသမီးတွေနဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ပိုခက်ခဲပါတယ်။ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ ကြိုက်နှစ်သက်တဲ့ အနေအထားတွေ၊ ပြဿနာတွေကို အဖော်ဖြစ်သူနဲ့ ပွင့်လင်းစွာပြောမယ်ဆိုရင် လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့လွယ်ကူပြီး ခံစားမှု မြင့်တက်စေနိုင်ပါတယ်။ နိဂုံးအနေနဲ့ လိင်ကိစ္စဆိုတာ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပါ။ အဖော်ဖြစ်သူနဲ့ လိင်ပိုင်းဆိုင်ရာကြိုက်နှစ်သက်မှုတွေကို ပွင့်လင်းစွာဝေမျှနိုင်ခြင်းက လိင်ခံစားမှု ပြည့်စုံစေဖို့ အဓိက နည်းလမ်းတစ်ခုထဲမှာပါဝင်ပါတယ်။

ဤဆောင်းပါးကို The Lifestyle Myanmar ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။