Sponsored

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ကုမ္ပဏီကြီးတစ်ခုရှေ့မှာ ပလာတာရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က ပလာတာတွေက အလွန့်ကိုအရသာရှိတဲ့အတွက် ကုမ္ပဏီက ဝန်ထမ်းတော်တော်များများ နေ့လည်စာစားချိန်တိုင်းမှာ လာရောက်စားသောက်လေ့ရှိတယ်။-တစ်နေ့မှာတော့ ကုမ္ပဏီက မိတ်ဆွေမန်နေဂျာတစ်ယောက် ဆိုင်မှာပလာတာလာစားရင်း ဆိုင်ရှင်ကို မေးခွန်းတစ်ခုမေးလိုက်တယ်။-” ခင်ဗျားက ခင်ဗျားရဲ့ဆိုင်ကို သပ်သပ်ရပ်ရပ်လည်း ပြုပြင်ထိန်းသိမ်းနိုင်တယ် ပြီးတော့ စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ ခင်ဗျားရဲ့ ပင်ကိုအရည်အသွေးနဲ့ အချိန်တွေကို ပလာတာရောင်းတာတစ်ခုထဲနဲ့ပဲ အချိန်ဖြုန်းနေမိတယ်လို့ မထင်ဘူးလား။ -ကျွန်တော့်လို ကုမ္ပဏီအကြီးကြီးတစ်ခုခုမှာ အလုပ်လုပ်နေခဲ့တယ်လို့ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါဗျာ။ ဒီအချိန်မှာကျွန်တော့်လို မန်နေဂျာတစ်ယောက် ဖြစ်နေလောက်ပြီ။

မဟုတ်ဘူးလားဗျာ။”ပလာတာဆိုင်ရှင်က မန်နေဂျာကို”ဆရာရယ် ကျွန်တော်ကတော့ ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက် ပိုကောင်းတယ်လို့ ထင်ပါတယ်ဗျာ။”လို့ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။ဆက်ပြီးတော့-“ဘာလို့လည်း သိလား?လွန်ခဲ့တဲ့ဆယ်နှစ်က ခင်ဗျားဒီအလုပ်ကို စဝင်တဲ့အချိန်မှာ ကျွန်တော်က ပလာတာကို လက်တွန်းလှည်းလေးနဲ့ လှည့်ရောင်းနေတဲ့အချိန်ပေါ့။ ကျွန်တော်တစ်လကို ရူပီးတစ်ထောင်လောက်ပဲ ရှာလို့ရတဲ့အချိန်မှာ ခင်ဗျားလစာက တစ်သောင်းလေ။ -ဒီဖြတ်သန်းလာတဲ့ ဆယ်စုနှစ်အတွင်းမှာ ခင်ဗျားရော၊ ကျွန်တော်ရော တော်တော်လေး တိုးတက်လာခဲ့တယ်လေ။

ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်လာပြီး ဒီနယ်တဝိုက်မှာ နာမယ်ကြီး ပလာတာဆိုင်ကြီး ဖြစ်လာပြီး ခင်ဗျားက အဲဒီကုမ္ပဏီမှာ မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့တယ်လေ။-အခု ခင်ဗျား တစ်လတစ်သိန်းရနေချိန်မှာ ကျွန်တော်လည်း အဲဒီလောက်ရှာနိုင်တယ်။ တခါတလေမှာ အဲဒီထက်တောင် များများရှာနိုင်သေးတယ်။ အဲဒါကြောင့် ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက်သာတယ်လို့ သေသေချာချာပြောနိုင်တာပေါ့။ဘာကြောင့် အဲဒီလိုပြောနိုင်သလဲဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂတ်ကြောင့်ပေါ့။-ထပ်ရှင်းပြပါရစေဦး။ကျွန်တော်ပြောတဲ့စကားလုံးတွေကို သေသေချာချာ ဂရုစိုက်ပြီး နားထောင်ကြည့်စမ်းပါဗျာ။

Sponsored

ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အနိမ့်ဆုံးဝင်ငွေက စတင်ခဲ့ရတယ်လေ။ ကျွန်တော့်သား လက်ထက်မှာ ကျွန်တော့်လို မခံစားစေရတော့ဘူး။ တနေ့မှာ သူက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံရမှာလေ။ သူ သုညက စလုပ်စရာ မလိုတော့ဘူး။ သူ့မှာ သေချာတည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက အသင့်စောင့်နေမှာလေ။-ခင်ဗျားရဲ့လက်ရှိအခြေအနေမှာဆိုရင် ခင်ဗျားကြိုးစားမှုကြောင့် ရရှိထားတဲ့စီးပွားရေးအကျိုးအမြတ် အသီးအပွင့်တွေက ခင်ဗျား အလုပ်ရှင်သူဌေးရဲ့ ကလေးတွေအတွက်ပဲဖြစ်သွားမယ်။ ခင်ဗျားကလေးတွေအတွက်တော့ မဟုတ်ဘူးလေ။

-ခင်ဗျားရဲ့သား သို့မဟုတ် သမီးကို ခင်ဗျားလက်ရှိရနေတဲ့ မန်နေဂျာရာထူးနေရာကို တန်းပေးလို့မရဘူး။ သူတို့က သုညက ပြန်စရမှာဗျ။ ခင်ဗျားလွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြိုးစားရုန်းကန် ခံစားခဲ့ရသလိုမျိုး ခင်ဗျားကလေးတွေပြန်ခံစား ကြိုးစားရုန်းကန်ရလိမ့်မယ်။-ကျွန်တော့်သားကတော့ ကျွန်တော့်ရဲ့လက်ရှိရောက်နေတဲ့ စီးပွားရေးအခြေအနေကနေ အဆင်သင့်ဝင်ပြီး လုပ်ငန်းကို ဆက်လက်ချဲ့ထွင်နိုင်လိမ့်မယ်။ ခင်ဗျားရဲ့ကလေး မန်နေဂျာဖြစ်လာမဲ့အချိန်မှာ ကျွန်တော့်ရဲ့သားအခြေအနေက အများကြီး မြင့်မားနေလိမ့်မယ်ဗျ။

ကဲ ပြောပါဦးဗျာ ဘယ်သူက အချိန်နဲ့ ပင်ကိုအရည်အသွေးတွေ ဖြုန်းတီးပစ်နေတယ်ဆိုတာ။”-မန်နေဂျာကြီး စကားတစ်ခွန်းမှပြန်မပြောနိုင်တော့ပဲ ပလာတာဖိုး ၅၀-ရူပီးပေးပြီး ထွက်သွားပါတော့တယ်။

-Credit to original writer

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *