“ျပည့္တန္ဆာအိမ္၌ ဝါဆိုျခင္း” – ဇင္ပံုျပင္

ျပည့္တန္ဆာအိမ္၌ ဝါဆိုျခင္း

ဝါဆိုျခင္း ဓေလ့ စတင္ျဖစ္တည္လာခဲ့စဥ္က ရဟန္းေတြဟာ ဒီကေန႔ေခတ္လို တစ္စုတစ္ေဝးထဲ ဝါဆိုႏိုင္ျခင္း မရွိခဲ့ေသးဘူး။ အလြန္မ်ားျပားတဲ့ ရဟန္းေတြ အေနနဲ႔ ဝါတြင္း ခရီးသြားလာျခင္း မျပဳရ ဆိုတဲ့ ဝိနည္းကိုလည္း ထိန္းရမွာ တစ္ေၾကာင္း… လူေနအိမ္ တစ္အိမ္ထဲမွာ ရဟန္းေတြ အမ်ားႀကီး ဝင္ေရာက္ တည္းခိုဖို႔ မသင့္ေတာ္တာက တစ္ေၾကာင္းေၾကာင့္ ရဟန္းတစ္ပါးကို အိမ္တစ္အိမ္က် ဝါဆိုႏိုင္ဖို႔ အတြက္ ရွာေဖြ ခဲ့ရတယ္ ဆိုတယ္။

အခါတပါးက ရဟန္းတစ္ပါးဟာ ဒီလို ဝါဆိုႏိုင္ဖို႔ တည္းခိုအိမ္ ရွာေနတုန္း ျပည့္တန္ဆာ တစ္ေယာက္က ခ်ဥ္းကပ္ၿပီး ႏွစ္လိုဖြယ္ အျပံဳးနဲ႔ ေလွ်ာက္တယ္။

“ေခ်ာေမာလွပတဲ့ အရွင္… ဝါတြင္းမွာ တည္းခိုဖို႔ အရပ္ကို ရွာေနတယ္ ဆိုရင္ တပည့္ေတာ္ရဲ႕ အိမ္မွာ လိုက္ ဝါဆိုပါလား။

ဒီေတာ့ ရဟန္းက “ငါ့ အေနနဲ႔ မင္း အိမ္ကို လိုက္လို႔က ျဖစ္ပါတယ္။ ဒါေပမယ့္ ငါ့ဆရာ ဗုဒၶရဲ႕ ခြင့္ျပဳခ်က္ကို တဆိတ္ေလာက္ ယူပါရေစဦး။” လို႔ ျပန္ေျဖလိုက္တယ္။

ရဟန္းဟာ ဗုဒၶရွိရာ ေက်ာင္းကို ျပန္ၿပီး ေလွ်ာက္တယ္။ သူ႔ကို ဒီလိုပဲ ျပည့္တန္ဆာ တစ္ေယာက္ကေတာ့ အိမ္မွာ လိုက္ ဝါဆိုဖို႔ ေခၚေနၿပီေပါ့။ ခြင့္ျပဳခ်က္ လာယူတာလို႔ ဗုဒၶကို ေလွ်ာက္တယ္။

အဲ့ဒီေတာ့ ဗုဒၶက “တည္းခိုဖို႔ ဖိတ္တာကို ျငင္းရင္ မွားမွာေပါ့။ ငါ ခြင့္ျပဳတယ္ ရဟန္း။ သံုးလအၾကာ ဝါထြက္မွ ျပန္လာပါ” လို႔ မိန္႔လိုက္တယ္။

အဲ့ဒီအခ်ိန္ ေက်ာင္းမွာေရာက္ေနၾကတဲ့ တကယ့္ လူရင္း သာဝကေတြေရာ.. အျခား အျခားေသာ ေနာက္လိုက္ ရဟန္းေတြပါ ဟင္ကနဲ ဟာကနဲ ျဖစ္ကုန္ၾကတယ္။ သူတို႔မ်ား နားၾကားလြဲသလားလို႔ ဗုဒၶကို ျပန္မိန္႔ဖို႔ ေလွ်ာက္ၾကတယ္။

ဗုဒၶလည္း အထက္က အတိုင္းပဲ ခြင့္ျပဳေၾကာင္းနဲ႔ သံုးလ အၾကာမွ ျပန္လာဖို႔ အေၾကာင္း ေနာက္တစ္ခါ ထပ္ရြတ္ျပတယ္။

အားလံုး အုတ္ေအာ္ေသာင္းနင္းနဲ႔ ဝိုင္းေအာ္ ကန္႔ကြက္ ၾကေတာ့တာပဲ။ မျဖစ္ဖူးေပါ့။ ျပည့္တန္ဆာ အိမ္ လိုက္ေနတဲ့ ရဟန္း… ဘယ္လာ ေကာင္းႏိုင္ေတာ့မွာေပါ့။ ပ်က္စီးေတာ့မယ္။ ညားၿပီး ျပန္လာေတာ့မယ္။ ဝိနည္းေတြ တစ္ခုၿပီး တစ္ခု ခ်ိဳးေဖာက္ေတာ့မယ္ စသျဖင့္ ျဖစ္လာႏိုင္ေခ်ေတြကို တစ္ေယာက္တစ္ေပါက္ စတင္ ေရရြတ္ၾကတယ္။

ဗုဒၶက ၿငိမ္ၿငိမ္ေလး နားေထာင္ေနၿပီး သူတို႔ တိတ္ေတာ့မွသာ မိန္႔ တယ္။ “မင္းတို႔… မင္းတို႔ ထင္သမွ်ေတြဟာ ခုထိေတာ့ အထင္ေတြ ခ်ည့္ပဲ။ ဒီ အထင္ေတြ ျဖစ္လာ မလာကို ငါတို႔ သံုးလ တူတူ ေစာင့္ၾကည့္ၾကပါစို႔။ ခုေတာ့ ငါ့အေနနဲ႔ ဘာလို႔ ေပးသြားတယ္ ဆိုတာ ရွင္းမျပႏိုင္ ေသးဘူး”

သံုးလတင္းတင္းျပည့္တဲ့ေန႔မွာ ရဟန္းဟာ ဗုဒၶဆီကို ျပန္လာတယ္

အားလံုးဟာ သိပ္ ေက်နပ္ၾကပံု မေပၚ။

ဒီေနာက္ ဖိတ္ခံရတဲ့ ရဟန္းလည္း ျပည့္တန္ဆာ အိမ္မွာ လိုက္ေနတာေပါ့။ အဲ့ဒီ ေနစဥ္ ကာလ တစ္ေလွ်ာက္ ဗုဒၶရဲ႕ သာဝကေတြေရာ… ေနာက္လိုက္ ရဟန္းေတြေရာ ျပည့္တန္ဆာ အိမ္နား ရစ္သီ ရစ္သီ သြားၿပီး အက်ိဳးအေၾကာင္း နားစြင့္ၾကတယ္။

တခါတရံမွာ သူတို႔ ျပည့္တန္ဆာရဲ႕ ေတးဆိုသံ ေလးေတြ ၾကားရတယ္။ တခါတရံမွာ ရယ္ေမာသံနဲ႔ ကခုန္သံေလးေတြ ၾကားရတယ္။ တစ္ေန႔ထက္ တစ္ေန႔ စိတ္ပူစြာနဲ႔ ဗုဒၶ အနားကို လာေလွ်ာက္ထားသူေတြ တျဖည္းျဖည္း မ်ားလာခဲ့တယ္။ ဗုဒၶဟာ ဝါဝင္ခါစတုန္းကလို တိတ္ဆိတ္ၿမဲ… တိတ္ဆိတ္ေနဆဲ။

တစထက္ တစ ေနာက္ေယာင္ခံၾကည့္သူေတြ စိတ္ကုန္လာၾကတယ္။ ဗုဒၶဆီလည္း သြား ေလွ်ာက္မေနေတာ့ဘူး။ ျပည့္တန္ဆာ အိမ္နားလည္း သြားနားေထာင္ မေနေတာ့ဘူး။ အဲ့ဒီလိုနဲ႔ ဝါထြက္ခါ နီးေလေလ ျပည့္တန္ဆာ အိမ္ဟာ တိတ္သထက္ တိတ္လာေလေလ ဆိုတာကို တစ္ေယာက္မွ သတိမထားမိၾကေတာ့ဘူး။

သံုးလတင္းတင္းျပည့္တဲ့ေန႔မွာ ရဟန္းဟာ ဗုဒၶဆီကို ျပန္လာတယ္။ သူ႔ေနာက္မွာ ျပည့္တန္ဆာလည္း တိတ္ဆိတ္စြာ ပါလာတယ္။ တျခားေသာ ရဟန္းေတြဟာ ဒီကိုယ္ေတာ္ကို ျမင္ေတာ့ ရြံရွာဟန္နဲ႔ ေဘးကို ေရွာင္ၾကတယ္။

“ေတြ႕လား.. သံုးလေလာက္ ေပ်ာ္ေနရတာကို အားမရႏိုင္ဘူး။ မယားပါ ေခၚျပန္လာသတဲ့ေလ” အစရွိတဲ့ ပုတ္ခတ္ ျပစ္တင္သံေတြ ေဘးတစ္ဖက္တစ္ခ်က္မွာ ၾကားေနရတယ္။

ဗုဒၶေရွ႕ေရာက္ေတာ့ ျပည့္တန္ဆာက ေလွ်ာက္တယ္။

တပည့္ေတာ္ဟာ ကိုယ့္အလွကို ကိုယ္ ရတနာတစ္မ်ိဳး ကဲ့သို႔ တန္ဖိုးထားပါတယ္။ ခု ဒီရဟန္းကို စေတြ႕တဲ့ ေန႔က အမွန္အတိုင္း ေျပာရရင္ ေမတၱာမွ်မိခဲ့တယ္။ ငါ့အလွနဲ႔သာ စည္းရံုးလိုက္မယ္ ဆိုရင္ ဒီရဟန္း ဘယ္ ေျပးလြတ္မလဲလို႔ ေတြးမိခဲ့တယ္။ ဒါေပမယ့္ ဘယ္လိုပဲ စည္းရံုးပါေစ… ဘယ္လိုပဲ သူ႔ကို ျဖားေယာင္း ေနပါေစ… ရဟန္းငယ္ရဲ႕ တည္ၿငိမ္မႈကို ဖ်က္မရႏိုင္ခဲ့ဘူး။

တေလာကလံုးမွာ အဖိုးအတန္ဆံုးလို႔ ထင္ခဲ့မိတဲ့ ကိုယ့္အလွဟာ ေယာက္်ားတစ္ေယာက္ကိုေတာင္ မတုန္လႈပ္ေစတဲ့အခါ တပည့္ေတာ္ မာနေတြ တစ္စစီ က်ိဳးကုန္ပါၿပီ။ တခ်ိန္ထဲမွာ သူ႔ကို ၾကည့္ၿပီး သူ႔လို စိတ္ေအးခ်မ္း ခ်င္လာတယ္။ အရာရာကို သူ႔လို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေက်ာ္ျဖတ္ႏိုင္ရင္ ေကာင္းမယ္လို႔ ေတြးမိလာတယ္။ ဒါ့ေၾကာင့္ တပည့္ေတာ္ကို ျဖစ္ႏိုင္မယ္ဆိုရင္ ေနာက္လိုက္တပည့္ အျဖစ္ သတ္မွတ္ေပးေတာ္မူပါ” လို႔ ေလွ်ာက္ပါတယ္။

အဲ့ဒီေတာ့ ဗုဒၶလည္း ျပံဳးၿပီး ဒီ သံုးလ အတြင္းမွာ ေနာက္ေယာင္ခံလိုက္ ေလ့လာေနၾကတဲ့ ရဟန္းေတြနဲ႔ သာဝကေတြကို ေအာက္ပါ အတိုင္း မိန္႔တယ္။

ဒီ ျဖစ္စဥ္ဟာ ေနထိုင္နည္း ၂ နည္း ရင္ေဘာင္တန္း ၿပိဳင္ခဲ့တဲ့ ပြဲပဲ။ ငါ့ တပည့္ ရဟန္းဟာ ငါ့ေနနည္းကို အသံုးခ်တယ္။ ျပည့္တန္ဆာဟာလည္း သူ႔ ေနနည္းကို သူ အသံုးခ်တယ္။ ဒီ ေနနည္း ၂ နည္း အားၿပိဳင္တဲ့ ပြဲမွာ ပို သာလြန္တဲ့ ေနနည္းဟာ အႏိုင္ရတာပဲ မဟုတ္လား။

အကယ္၍ ျပည့္တန္ဆာ ေနနည္းဟာ ငါ့နည္းထက္ သာလြန္တာ မွန္ရင္ ဝါသြားဆိုတဲ့ ရဟန္းတင္မကဘူး။ ငါပါ လိုက္ၿပီး ဒီေနထိုင္မႈ ထဲ ခိုဝင္မွာ။ ေလာကမွာ လူတိုင္း အသာလြန္ဆံုး ေနနည္းကို ရွာၾကတာခ်ည့္ပဲ။ ခုလည္း ျပည့္တန္ဆာဟာ ပိုသာလြန္တဲ့ ေနနည္းေအာက္ကို ခိုဝင္ လာတာပဲေပါ့။ ဒါေတြဟာ ဝမ္းသာရမယ့္ ကိစၥေတြ

တကယ္တမ္း ဝမ္းနည္းရမွာက ျပည့္တန္ဆာရဲ႕ ေနထိုင္နည္းဟာ ငါ့ေနထိုင္နည္းကို လႊမ္းမိုးသြားလိမ့္မယ္ လို႔ ထင္ခဲ့တဲ့ မင္းတို႔ရဲ႕ အထင္ေတြ အေပၚ ဝမ္းနည္း ရမွာ”

အဲ့ဒီေန႔က ျပည့္တန္ဆာတစ္ေယာက္ ဘိကၡဴနီဘဝကို စတင္ ေျပာင္းလဲတဲ့ ေန႔ျဖစ္သလို အမွားျမင္ခဲ့တဲ့ လူတစ္စု အမွန္ျပင္ခဲ့တဲ့ ေန႔တစ္ေန႔လည္း ျဖစ္ပါတယ္။

ေရးသားသူ – kyawnge (ဘာသာျပန္)


#Unicode Version

ဝါဆိုခြင်း ဓလေ့ စတင်ဖြစ်တည်လာခဲ့စဉ်က ရဟန်းတွေဟာ ဒီကနေ့ခေတ်လို တစ်စုတစ်ဝေးထဲ ဝါဆိုနိုင်ခြင်း မရှိခဲ့သေးဘူး။ အလွန်များပြားတဲ့ ရဟန်းတွေ အနေနဲ့ ဝါတွင်း ခရီးသွားလာခြင်း မပြုရ ဆိုတဲ့ ဝိနည်းကိုလည်း ထိန်းရမှာ တစ်ကြောင်း… လူနေအိမ် တစ်အိမ်ထဲမှာ ရဟန်းတွေ အများကြီး ဝင်ရောက် တည်းခိုဖို့ မသင့်တော်တာက တစ်ကြောင်းကြောင့် ရဟန်းတစ်ပါးကို အိမ်တစ်အိမ်ကျ ဝါဆိုနိုင်ဖို့ အတွက် ရှာဖွေ ခဲ့ရတယ် ဆိုတယ်။

အခါတပါးက ရဟန်းတစ်ပါးဟာ ဒီလို ဝါဆိုနိုင်ဖို့ တည်းခိုအိမ် ရှာနေတုန်း ပြည့်တန်ဆာ တစ်ယောက်က ချဉ်းကပ်ပြီး နှစ်လိုဖွယ် အပြုံးနဲ့ လျှောက်တယ်။

“ချောမောလှပတဲ့ အရှင်… ဝါတွင်းမှာ တည်းခိုဖို့ အရပ်ကို ရှာနေတယ် ဆိုရင် တပည့်တော်ရဲ့ အိမ်မှာ လိုက် ဝါဆိုပါလား။

ဒီတော့ ရဟန်းက “ငါ့ အနေနဲ့ မင်း အိမ်ကို လိုက်လို့က ဖြစ်ပါတယ်။ ဒါပေမယ့် ငါ့ဆရာ ဗုဒ္ဓရဲ့ ခွင့်ပြုချက်ကို တဆိတ်လောက် ယူပါရစေဦး။” လို့ ပြန်ဖြေလိုက်တယ်။

ရဟန်းဟာ ဗုဒ္ဓရှိရာ ကျောင်းကို ပြန်ပြီး လျှောက်တယ်။ သူ့ကို ဒီလိုပဲ ပြည့်တန်ဆာ တစ်ယောက်ကတော့ အိမ်မှာ လိုက် ဝါဆိုဖို့ ခေါ်နေပြီပေါ့။ ခွင့်ပြုချက် လာယူတာလို့ ဗုဒ္ဓကို လျှောက်တယ်။

အဲ့ဒီတော့ ဗုဒ္ဓက “တည်းခိုဖို့ ဖိတ်တာကို ငြင်းရင် မှားမှာပေါ့။ ငါ ခွင့်ပြုတယ် ရဟန်း။ သုံးလအကြာ ဝါထွက်မှ ပြန်လာပါ” လို့ မိန့်လိုက်တယ်။

အဲ့ဒီအချိန် ကျောင်းမှာရောက်နေကြတဲ့ တကယ့် လူရင်း သာဝကတွေရော.. အခြား အခြားသော နောက်လိုက် ရဟန်းတွေပါ ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတယ်။ သူတို့များ နားကြားလွဲသလားလို့ ဗုဒ္ဓကို ပြန်မိန့်ဖို့ လျှောက်ကြတယ်။

ဗုဒ္ဓလည်း အထက်က အတိုင်းပဲ ခွင့်ပြုကြောင်းနဲ့ သုံးလ အကြာမှ ပြန်လာဖို့ အကြောင်း နောက်တစ်ခါ ထပ်ရွတ်ပြတယ်။

အားလုံး အုတ်အော်သောင်းနင်းနဲ့ ဝိုင်းအော် ကန့်ကွက် ကြတော့တာပဲ။ မဖြစ်ဖူးပေါ့။ ပြည့်တန်ဆာ အိမ် လိုက်နေတဲ့ ရဟန်း… ဘယ်လာ ကောင်းနိုင်တော့မှာပေါ့။ ပျက်စီးတော့မယ်။ ညားပြီး ပြန်လာတော့မယ်။ ဝိနည်းတွေ တစ်ခုပြီး တစ်ခု ချိုးဖောက်တော့မယ် စသဖြင့် ဖြစ်လာနိုင်ချေတွေကို တစ်ယောက်တစ်ပေါက် စတင် ရေရွတ်ကြတယ်။

ဗုဒ္ဓက ငြိမ်ငြိမ်လေး နားထောင်နေပြီး သူတို့ တိတ်တော့မှသာ မိန့် တယ်။ “မင်းတို့… မင်းတို့ ထင်သမျှတွေဟာ ခုထိတော့ အထင်တွေ ချည့်ပဲ။ ဒီ အထင်တွေ ဖြစ်လာ မလာကို ငါတို့ သုံးလ တူတူ စောင့်ကြည့်ကြပါစို့။ ခုတော့ ငါ့အနေနဲ့ ဘာလို့ ပေးသွားတယ် ဆိုတာ ရှင်းမပြနိုင် သေးဘူး”

အားလုံးဟာ သိပ် ကျေနပ်ကြပုံ မပေါ်။

ဒီနောက် ဖိတ်ခံရတဲ့ ရဟန်းလည်း ပြည့်တန်ဆာ အိမ်မှာ လိုက်နေတာပေါ့။ အဲ့ဒီ နေစဉ် ကာလ တစ်လျှောက် ဗုဒ္ဓရဲ့ သာဝကတွေရော… နောက်လိုက် ရဟန်းတွေရော ပြည့်တန်ဆာ အိမ်နား ရစ်သီ ရစ်သီ သွားပြီး အကျိုးအကြောင်း နားစွင့်ကြတယ်။

တခါတရံမှာ သူတို့ ပြည့်တန်ဆာရဲ့ တေးဆိုသံ လေးတွေ ကြားရတယ်။ တခါတရံမှာ ရယ်မောသံနဲ့ ကခုန်သံလေးတွေ ကြားရတယ်။ တစ်နေ့ထက် တစ်နေ့ စိတ်ပူစွာနဲ့ ဗုဒ္ဓ အနားကို လာလျှောက်ထားသူတွေ တဖြည်းဖြည်း များလာခဲ့တယ်။ ဗုဒ္ဓဟာ ဝါဝင်ခါစတုန်းကလို တိတ်ဆိတ်မြဲ… တိတ်ဆိတ်နေဆဲ။

တစထက် တစ နောက်ယောင်ခံကြည့်သူတွေ စိတ်ကုန်လာကြတယ်။ ဗုဒ္ဓဆီလည်း သွား လျှောက်မနေတော့ဘူး။ ပြည့်တန်ဆာ အိမ်နားလည်း သွားနားထောင် မနေတော့ဘူး။ အဲ့ဒီလိုနဲ့ ဝါထွက်ခါ နီးလေလေ ပြည့်တန်ဆာ အိမ်ဟာ တိတ်သထက် တိတ်လာလေလေ ဆိုတာကို တစ်ယောက်မှ သတိမထားမိကြတော့ဘူး။

သုံးလတင်းတင်းပြည့်တဲ့နေ့မှာ ရဟန်းဟာ ဗုဒ္ဓဆီကို ပြန်လာတယ်။ သူ့နောက်မှာ ပြည့်တန်ဆာလည်း တိတ်ဆိတ်စွာ ပါလာတယ်။ တခြားသော ရဟန်းတွေဟာ ဒီကိုယ်တော်ကို မြင်တော့ ရွံရှာဟန်နဲ့ ဘေးကို ရှောင်ကြတယ်။

“တွေ့လား.. သုံးလလောက် ပျော်နေရတာကို အားမရနိုင်ဘူး။ မယားပါ ခေါ်ပြန်လာသတဲ့လေ” အစရှိတဲ့ ပုတ်ခတ် ပြစ်တင်သံတွေ ဘေးတစ်ဖက်တစ်ချက်မှာ ကြားနေရတယ်။

ဗုဒ္ဓရှေ့ရောက်တော့ ပြည့်တန်ဆာက လျှောက်တယ်။

တပည့်တော်ဟာ ကိုယ့်အလှကို ကိုယ် ရတနာတစ်မျိုး ကဲ့သို့ တန်ဖိုးထားပါတယ်။ ခု ဒီရဟန်းကို စတွေ့တဲ့ နေ့က အမှန်အတိုင်း ပြောရရင် မေတ္တာမျှမိခဲ့တယ်။ ငါ့အလှနဲ့သာ စည်းရုံးလိုက်မယ် ဆိုရင် ဒီရဟန်း ဘယ် ပြေးလွတ်မလဲလို့ တွေးမိခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပဲ စည်းရုံးပါစေ… ဘယ်လိုပဲ သူ့ကို ဖြားယောင်း နေပါစေ… ရဟန်းငယ်ရဲ့ တည်ငြိမ်မှုကို ဖျက်မရနိုင်ခဲ့ဘူး။

တလောကလုံးမှာ အဖိုးအတန်ဆုံးလို့ ထင်ခဲ့မိတဲ့ ကိုယ့်အလှဟာ ယောက်ျားတစ်ယောက်ကိုတောင် မတုန်လှုပ်စေတဲ့အခါ တပည့်တော် မာနတွေ တစ်စစီ ကျိုးကုန်ပါပြီ။ တချိန်ထဲမှာ သူ့ကို ကြည့်ပြီး သူ့လို စိတ်အေးချမ်း ချင်လာတယ်။ အရာရာကို သူ့လို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ရင် ကောင်းမယ်လို့ တွေးမိလာတယ်။ ဒါ့ကြောင့် တပည့်တော်ကို ဖြစ်နိုင်မယ်ဆိုရင် နောက်လိုက်တပည့် အဖြစ် သတ်မှတ်ပေးတော်မူပါ” လို့ လျှောက်ပါတယ်။

အဲ့ဒီတော့ ဗုဒ္ဓလည်း ပြုံးပြီး ဒီ သုံးလ အတွင်းမှာ နောက်ယောင်ခံလိုက် လေ့လာနေကြတဲ့ ရဟန်းတွေနဲ့ သာဝကတွေကို အောက်ပါ အတိုင်း မိန့်တယ်။

ဒီ ဖြစ်စဉ်ဟာ နေထိုင်နည်း ၂ နည်း ရင်ဘောင်တန်း ပြိုင်ခဲ့တဲ့ ပွဲပဲ။ ငါ့ တပည့် ရဟန်းဟာ ငါ့နေနည်းကို အသုံးချတယ်။ ပြည့်တန်ဆာဟာလည်း သူ့ နေနည်းကို သူ အသုံးချတယ်။ ဒီ နေနည်း ၂ နည်း အားပြိုင်တဲ့ ပွဲမှာ ပို သာလွန်တဲ့ နေနည်းဟာ အနိုင်ရတာပဲ မဟုတ်လား။

အကယ်၍ ပြည့်တန်ဆာ နေနည်းဟာ ငါ့နည်းထက် သာလွန်တာ မှန်ရင် ဝါသွားဆိုတဲ့ ရဟန်းတင်မကဘူး။ ငါပါ လိုက်ပြီး ဒီနေထိုင်မှု ထဲ ခိုဝင်မှာ။ လောကမှာ လူတိုင်း အသာလွန်ဆုံး နေနည်းကို ရှာကြတာချည့်ပဲ။ ခုလည်း ပြည့်တန်ဆာဟာ ပိုသာလွန်တဲ့ နေနည်းအောက်ကို ခိုဝင် လာတာပဲပေါ့။ ဒါတွေဟာ ဝမ်းသာရမယ့် ကိစ္စတွေ

တကယ်တမ်း ဝမ်းနည်းရမှာက ပြည့်တန်ဆာရဲ့ နေထိုင်နည်းဟာ ငါ့နေထိုင်နည်းကို လွှမ်းမိုးသွားလိမ့်မယ် လို့ ထင်ခဲ့တဲ့ မင်းတို့ရဲ့ အထင်တွေ အပေါ် ဝမ်းနည်း ရမှာ”

အဲ့ဒီနေ့က ပြည့်တန်ဆာတစ်ယောက် ဘိက္ခူနီဘဝကို စတင် ပြောင်းလဲတဲ့ နေ့ဖြစ်သလို အမှားမြင်ခဲ့တဲ့ လူတစ်စု အမှန်ပြင်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ရေးသားသူ – kyawnge (ဘာသာပြန်)