Sponsored

ရခိုင်ပြည်နယ်-မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကမ်း‌ခြေအနီးမှာ ဝေလငါး တကောင် ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက  ကမ်းတင်သေဆုံးနေပါတယ်။

အဆိုပါဝေလငါးဟာ  အရှည် ၄၅ ပေ၊ လုံးပတ် ၃၀ ပေလောက် ရှိပြီး မောင်တောကမ်းခြေမှာ   သောင်တင်သေဆုံးတာလို့ သိရပါတယ်။

အရှည် ၄၅ ပေ၊ လုံးပတ် ၃၀ ပေ

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ငါးလုပ်ငန်းက တာဝန်ရှိသူတွေကို စေလွှတ်ထားပါတယ်။ ဘာကြောင့် သေဆုံးရတာလဲ။ ရေထုညစ်ညမ်းတဲ့အတွက်‌ကြောင့်လား။ သဘာဝအတိုင်း သေတာလားဆိုတာ သိရှိဖို့ပေါ့လေ‌။ အရှင်ဆိုတော့ သူအသက်ရှင်နိုင်ဖို့ ကြိုးစားပေးရမှာပေါ့။ အသေဆိုတော့လည်း မြေမြုပ်လိုက်ရ ရမှာပေါ့လေ”လို့ ပြောပါတယ်။

Sponsored
အသေဆိုတော့လည်း မြေမြုပ်လိုက်ရ ရမှာပေါ့လေ

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း စစ်တွေမြို့နဲ့ တစ်မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောမြို့နယ် သဲခုန်ကျေးရွာအနောက်ဘက် လေးရှင်းတောင်ကျွန်းမှာ ဝေလငါးတစ်ကောင် ကမ်းတင်သေဆုံးခဲ့ဖူးပါတယ်။

ကောင်းကောင်း

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *