သက္ေသခံအျဖစ္ တင္သြင္းထားတဲ့ ဗီဒီယိုဖိုင္မ်ား၊ အသံဖိုင္မ်ား စစ္ေဆးခဲ့တဲ့ ေဝဠုေက်ာ္အမႈ ႐ုံးခ်ိန္း

Myanmar Celebrity

ကာမလိမ္လည္မႈျဖင့္ တရားစြဲဆိုခံထားရေသာ သ႐ုပ္ေဆာင္ေဝဠုေက်ာ္ရဲ႕ ၄ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ယေန႕၊ မတ္လ ၈ ရက္ေန႕၊ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ ျပဳလုပ္ခဲ့ၿပီး တရားလိုျပသက္ေသခံအျဖစ္ တင္သြင္းထားတဲ့ ဗီဒီယိုဖိုင္မ်ား၊ အသံဖိုင္မ်ားကို စစ္ေဆးခဲ့ပါတယ္။

တရားလိုျဖစ္သူ သင္းသင္းဘက္မွ မီဒီယာမ်ားကို အင္တာဗ်ဴးေျဖဆိုထားတဲ့ Myanmar Celebrity မွ ဗီဒီဖိုင္ ၂ ခု ၊ ေပၚျပဴလာမွ ဗီဒီယိုဖိုင္ ၁ ခု ၊ ေဝဠုေက်ာ္ႏွင့္ သင္းသင္းတို႔ ဖုန္းေျပာဆိုထားေသာ အသံဖိုင္ ၁ ခုႏွင့္ ေဝဠုေက်ာ္ရဲ႕ ညီမျဖစ္သူႏွင့္ သင္းသင္းတို႔ ဖုန္းေျပာဆိုထားတဲ့ အသံဖိုင္ ၁ ခုတို႔ကို ဖြင့္လွစ္ စစ္ေဆးခဲ့ပါတယ္။

Myanmar Celebrity

အသံဖိုင္က ၅ ခုပါ။ ဟုတ္တယ္၊ မဟုတ္ဘူးဆိုတာကို တင္သြင္းထားတဲ့ အသံဖိုင္ေတြကို ဖြင့္နားေထာင္တယ္။ ေရးထားတဲ့စာေတြကို တိုက္ၾကည့္တယ္။ အျငင္းပြားမႈ မရွိပါဘူး။ အားလုံးၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ စစ္ရပါတယ္” လို႔ တရားလိုျဖစ္သူရဲ႕ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ တပတ္႐ုံးခ်ိန္းမွာေတာ့ တရားလိုျဖစ္သူ သင္းသင္းကို စတင္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး အဆိုပါ အသံဖိုင္မ်ား ၊ ဗီဒီယိုဖိုင္မ်ားကို တရားလိုျဖစ္သူသင္းသင္းဘက္မွ တင္သြင္းခဲ့ရာ စြပ္စြဲခံရသူ ေဝဠုေက်ာ္ဘက္မွ ကန႔္ကြက္ျခင္း မရွိခဲ့တဲ့အတြက္ ယေန႕မွ စတင္ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

က်ေနာ္ လူတိုင္းေပၚမွာ တတ္နိုင္သမွ် ကူညီတယ္။ လူေတြကို စိတ္ဓာတ္ခြန္အား ရွိလာေအာင္ ကူညီပံ့ပိုး ေပးတယ္။ ႏႈတ္နဲ႕ျဖစ္ေစ။ လူအားျဖင့္ျဖစ္ေစ ကူညီေပးတယ္။ သူ႕ဘက္က တင္ျပတဲ့ အဆင့္ပဲရွိပါေသးတယ္။ က်ေနာ့္ဘက္က ဘာမွတင္ျပရေသးတဲ့ အဆင့္ မရွိေသးပါဘူး” လို႔ ေဝဠုေက်ာ္က ေျပာပါတယ္။

Myanmar Celebrity

ဇန္နဝါရီလ ၈ ရက္ေန႕က စတင္တရားစြဲဆိုခဲ့ေသာ အဆိုပါအမႈမွာေတာ့ ယေန႕တြင္ ၂ လျပည့္ခဲ့ၿပီျဖစ္ၿပီး တရား႐ုံးဘက္မွ ခ်ိန္းဆိုသမွ်႐ုံးခ်ိန္းတိုင္းကိုလည္း ၂ဖက္စလုံးမွ ယေန႕အခ်ိန္ထိ မပ်က္မကြက္ လာေရာက္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၉ရက္ေန႕မွာေတာ့ သင္းသင္းဘက္က ေဝဠုေက်ာ္နဲ႕ စတင္ေတြ႕ဆုံမႈမွ တရားစြဲဆိုမႈအထိ ျဖစ္ခဲ့ရတဲ့အေၾကာင္းအရာမ်ားကို တရားသူႀကီးေရွ႕ေမွာက္မွာ ထြက္ဆိုခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ တရားလိုျဖစ္သူ သင္းသင္းကိုသာ စစ္ေဆးေနဆဲကာလျဖစ္ၿပီး ေဝဠုေက်ာ္ကေတာ့ သိန္း ၅၀ ျဖင့္ အခ်ဳပ္လြတ္အာမခံျဖင့္ ႐ုံးခ်ိန္းမ်ားကို လာေရာက္ၾကားနာလ်က္ ရွိပါတယ္။

ေနာက္တႀကိမ္ ႐ုံးခ်ိန္းကိုေတာ့ မတ္လ ၂၈ ရက္ေန႕ ျပန္လည္ခ်ိန္းဆိုခဲ့ပါတယ္။

Via: The Irrawaddy


#Unicode version

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင်ဝေဠုကျော်ရဲ့ ၄ ကြိမ်မြောက် ရုံးချိန်းကို ယနေ့၊ မတ်လ ၈ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး တရားလိုပြသက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များကို စစ်ဆေးခဲ့ပါတယ်။

တရားလိုဖြစ်သူ သင်းသင်းဘက်မှ မီဒီယာများကို အင်တာဗျူးဖြေဆိုထားတဲ့ Myanmar Celebrity မှ ဗီဒီဖိုင် ၂ ခု ၊ ပေါ်ပြူလာမှ ဗီဒီယိုဖိုင် ၁ ခု ၊ ဝေဠုကျော်နှင့် သင်းသင်းတို့ ဖုန်းပြောဆိုထားသော အသံဖိုင် ၁ ခုနှင့် ဝေဠုကျော်ရဲ့ ညီမဖြစ်သူနှင့် သင်းသင်းတို့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင် ၁ ခုတို့ကို ဖွင့်လှစ် စစ်ဆေးခဲ့ပါတယ်။

Myanmar Celebrity

အသံဖိုင်က ၅ ခုပါ။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို တင်သွင်းထားတဲ့ အသံဖိုင်တွေကို ဖွင့်နားထောင်တယ်။ ရေးထားတဲ့စာတွေကို တိုက်ကြည့်တယ်။ အငြင်းပွားမှု မရှိပါဘူး။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းပဲ စစ်ရပါတယ်” လို့ တရားလိုဖြစ်သူရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းကို စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အသံဖိုင်များ ၊ ဗီဒီယိုဖိုင်များကို တရားလိုဖြစ်သူသင်းသင်းဘက်မှ တင်သွင်းခဲ့ရာ စွပ်စွဲခံရသူ ဝေဠုကျော်ဘက်မှ ကန့်ကွက်ခြင်း မရှိခဲ့တဲ့အတွက် ယနေ့မှ စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကျနော် လူတိုင်းပေါ်မှာ တတ်နိုင်သမျှ ကူညီတယ်။ လူတွေကို စိတ်ဓာတ်ခွန်အား ရှိလာအောင် ကူညီပံ့ပိုး ပေးတယ်။ နှုတ်နဲ့ဖြစ်စေ။ လူအားဖြင့်ဖြစ်စေ ကူညီပေးတယ်။ သူ့ဘက်က တင်ပြတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကျနော့်ဘက်က ဘာမှတင်ပြရသေးတဲ့ အဆင့် မရှိသေးပါဘူး” လို့ ဝေဠုကျော်က ပြောပါတယ်။

Myanmar Celebrity

ဇန်နဝါရီလ ၈ ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ယနေ့တွင် ၂ လပြည့်ခဲ့ပြီဖြစ်ပြီး တရားရုံးဘက်မှ ချိန်းဆိုသမျှရုံးချိန်းတိုင်းကိုလည်း ၂ဖက်စလုံးမှ ယနေ့အချိန်ထိ မပျက်မကွက် လာရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာတော့ သင်းသင်းဘက်က ဝေဠုကျော်နဲ့ စတင်တွေ့ဆုံမှုမှ တရားစွဲဆိုမှုအထိ ဖြစ်ခဲ့ရတဲ့အကြောင်းအရာများကို တရားသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ တရားလိုဖြစ်သူ သင်းသင်းကိုသာ စစ်ဆေးနေဆဲကာလဖြစ်ပြီး ဝေဠုကျော်ကတော့ သိန်း ၅၀ ဖြင့် အချုပ်လွတ်အာမခံဖြင့် ရုံးချိန်းများကို လာရောက်ကြားနာလျက် ရှိပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ မတ်လ ၂၈ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

Via: The Irrawaddy