Sponsored

ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာကူးစက်ဖြစ်ပွားပြီး သေဆုံးနေသည့် တရုတ်နိုင်ငံဝူဟန်မြို့သို့ ပညာတော်သင်များအဖြစ် ရောက်ရှိနေသည့် မြန်မာကျောင်းသူ/သား ၆၃ ဦးကို ယနေ့ (ဖေဖော်ဝါရီ၁ရက်)ညနေတွင် သွားရောက်ခေါ်ယူတော့မည်ဖြစ်သည်။

ဝူဟန်တွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများအား မြန်မာအစိုးရက ပြန်ခေါ်ရန်အစီစဉ်များပြုလုပ်ခဲ့ရာတွင် ယနေ့ညနေ၌ MNA လေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရန်သေချာသွားခဲ့ခြင်းဖြစ်သည်။

@Facebook

မြန်မာကျောင်းသား ၆၃ ဦးကို ၎င်းတို့နေထိုင်ရာနေရာများမှ ဝူဟန်မြို့ လေဆိပ်သို့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ စုစည်းပို့ဆောင်ပေးထားမည်ဖြစ်ပြီးမြန်မာအမျိုးသား MNAလေကြောင်းလိုင်းမှ လေယာဉ် သည် ဝူဟန်မြို့ လေဆိပ်သို့ ဆိုက်ရောက်သည်နှင့် တပြိုင်နက် ကျောင်းသားများကို တင်ဆောင်ကာ မြန် မာနိုင်ငံသို့ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားခြင်းဖြစ်သည်။

Sponsored

ယနေ့ညနေ ၆နာရီအချိန်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည်ဖြစ်ပြီး ယနေ့မွန်းလွဲ၁နာရီကလည်း သွားရောက်ခေါ်ယူမည့်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆေးဘက်ဆိုင်ရာညွှန်ကြားချက်များလည်း ပြုလုပ်ပေးခဲ့သည်။

@Facebook

ဝူဟန်မှ မြန်မာကျောင်းသားများကို သွားရောက်ခေါ်ယူမည့်အဖွဲ့တွင် လေယာဉ်မှုးကြီး Capt Khup Khan Maung ဦးဆောင်သည့်လေယာဉ်မှုးသုံးဦး၊ လေယာဉ် မောင် ၄ ဦး၊ အင်ဂျင်နီယာ ၂ဦး၊ လေကြောင်းလိုင်း အမှုထမ်းတစ်ဦးနှင့် ကျန်းမာရေးဘက်မှ ဆရာဝန် ၃ ဦးပါဝင်သည့်အဖွဲ့ က သွားရောက်ခေါ်ယူရန် စီစဉ် ထားခြင်းဖြစ်သည်။

ယခုကဲ့သို့သွားရောက်ခေါ်ယူမည့်အဖွဲ့တွင် အဖွဲ့ဝင် အားလုံးမှာ volunteer များအဖြစ်သာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း လေယာဉ်မှုးကြီး Capt Khup Khan Maung ကပြောကြားထားသည်။

@Facebook

သွားရောက်ခေါ်ယူမည့် အဖွဲ့ဝင်အားလုံးမှာ PPE (Personal Protective Equipment)ဝတ်စုံများကို ဝတ်ဆင်ထားမည်ဖြစ်သည်။ ဝူဟန်လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် မြန်မာကျောင်းသား ၆၃ ဦးနှင့်အတူ မြန်မာသံရုံးမှ ဝန်ထမ်းတစ်ဦးလည်း ပြန်လည် လိုက်ပါလာမည်ဖြစ်သည်။

မြန်မာကျောင်းသားများကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့ပို့ဆောင်နိုင်ရန် မန္တလေးလေဆိပ်သို့ မောင်းနှင်ပြီးနောက် ရန်ကုန်သို့ပြန်လည်မောင်းနှင်လာမည်ဟု လေယာဉ်မှုးကြီး၏ပြောကြားထားမှုများအရလည်း သိရသည်။

@Facebook

ရန်ကုန်သို့ ပြန်လည် မောင်းနှင်လာပြီးနောက် လေယာဉ်ကိုပိုးသတ်သည့်လုပ်ငန်းစဉ်များကိုလည်း စနစ် တကျလုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု လေယာဉ်မှုးကြီး၏ ပြောကြားမှုများအရသိရသည်။

ဝူဟန်မှ ကျောင်းသားများကို ပြန်လည်ခေါ်ယူနိုင်ရေးတွင် အစိုးရပိုင်းအနေဖြင့် ခက်ခဲစွာ ဆောင်ရွက်ခဲ့ရသည့်အပိုင်းများလည်းရှိသည်။ ထို့အတူ ယခုကဲ့သို့ ကျောင်းသားများကို ပြန်ခေါ်ရေးလုပ်ငန်းစဉ်တွင် မိမိတို့ကိုယ်တိုင်၏ စေတနာအလျောက် ပါဝင်ဆောင်ရွက်ကူညီခဲ့ကြသည့် အဖွဲ့ဝင်များအားလုံးကိုလည်း ပရဟိတစိတ်ကောင်းရှိသည့် volunteerသူရဲကောင်း များအဖြစ် လူမှုကွန်ယက်တွင် ချီးကျူးမှုများရှိနေပြီးလေယာဉ်အမှုထမ်းများနှင့် ကျန်းမာရေးအဖွဲ့များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးမှုများ ရှိနေသည်။

@Facebook

Credit : ထွန်းထွန်းဝင်း

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *