Sponsored

သူဌေးသား တယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲကို မြင်တော့ အားကျ တဲ့ သူတချို့ အားကျကြတယ်…။ တချို့ကလည်း အပုပ်ချတယ်။

သတို့သမီးလေးအကြောင်း ကြားတဲ့အခါ ကိုယ် ကတော့ ဒီမိန်းကလေး ကံကောင်းလိုက်တာ ကံလည်းကောင်း အရည်အချင်းတွေလည်း ရှိလို့သာ ဒီလို တန်ဖိုးထား ခြင်းခံရတယ်လို့ မုဒိတာ ဖြစ်ရသလို ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ် စေမယ် ဆိုတဲ့ သတို့သားလေးရဲ့ အချစ်ကိုလည်း လေးစားသွားတယ်။

ဒီမိန်းကလေး ကံကောင်းလိုက်တာ ကံလည်းကောင်း အရည်အချင်းတွေလည်း ရှိလို့သာ ဒီလို တန်ဖိုးထား ခြင်းခံရတယ်လို့ မုဒိတာ ဖြစ်ရသလို

တဆက်ထဲမှာပဲ ကိုယ်အားကျဖူးတဲ့ သူဌေးသားတယောက် အကြောင်း သွားတွေးမိတယ်…။ သူကတော့ မလေးရှားက ဒုတိယ အချမ်းသာဆုံး 6.4 ဘီလီယံ ကြွယ်ဝတဲ့ သူဌေးကြီး Ananda Krishnan ရဲ့သား ပေါ့..။

Sponsored

သူဌေးကြီးရဲ့ သားက ဘာသာစကား ၈ မျိုး တတ် တယ် UK က တကယ့်တက္ကသိုလ်ကြီးတွေက ဘွဲ့ရခဲ့တယ် .. ။ အင်မတန်ပြည့်စုံတဲ့ သူ့ဘဝကို စွန့်လွှတ်ပြီး တောထဲမှာ တောရဆောက်တည်တဲ့ ရဟန်းဘဝကိုခံယူသွားတော့ အားလုံးအံ့အားသင့်စရာဖြစ်သွားတယ်။

သူဌေးကြီးကတော့ သူ့သားတနေ့ လူထွက်နိုးနိုးနဲ့ မျှော်တာပေါ့…။ သားသွားလေရာလိုက်ပြီး ကျောင်းဆောက် ဆွမ်း ကပ်လုပ်ပေမယ့် သားက လက်မခံဘူး။ သူက တောရဆောက်တည်ပြီး ခံဆွမ်းသာ စားတာမို့ အဖေ လှူတာကို ငြင်းတာ…။ နောက်တချက်က အဖေရဲ့ စည်းစိမ်ဥစ္စာတွေဟာ မသန့်စင်ဘူးလို့ ယူဆတာကြောင့် အလှူမခံ တာမို့ နောက်တော့ သူဌေးကြီးက သူ့ ကာစီနို လုပ်ငန်းတွေ တခြားအကုသိုလ်ဖြစ်စေတဲ့ လုပ်ငန်းတွေကို ဆက်မလုပ်ပဲ ရပ်ပစ်ခဲ့တယ် ..။

အင်မတန်ပြည့်စုံတဲ့ သူ့ဘဝကို စွန့်လွှတ်ပြီး တောထဲမှာ တောရဆောက်တည်တဲ့ ရဟန်းဘဝကိုခံယူသွားတော့ အားလုံးအံ့အားသင့်စရာဖြစ်သွားတယ်။

သူ့ အသက် ၇၀ ပြည့်မွေးနေ့ကို သူ့ကိုယ်ပိုင် လေယာဉ်လွှတ်ပြီး သူ့သားကိုပင့်လို့ ကြွလာတော့ သူအရမ်းပျော်ခဲ့တယ် အဲဒီတုန်းက သတင်းစာတွေက အဲဒီအကြောင်း ရေးကြတယ်။ ကျောင်းအတည်တကျနဲ့ မနေပဲ တောထဲမှာ အဆင်ပြေသလို လှည့်လည်သတင်းသုံးတဲ့ သူ့သားရဟန်း သွားလေရာမှာ ကျောင်းလေးတွေ လိုက် ဆောက် လှူလေ့ရှိတယ်…။

ချောက ကံကောင်းထောက်မစွာနဲ့ ၂၀၁၂ က အရှင် ဆရီပညော ကိုတာဘာရူး ကို ကြွလာလို့ ဆွမ်း သင်္ဃန်း ကပ်ခွင့်ရခဲ့တယ်…။ မီဒီယာ က အရှင် ဆရီပညော သွားလေရာလိုက်ပြီး မေးခွန်းတွေမေးလို့ အမြဲ တင်းကြပ်စွာတားမြစ်လေ့ရှိတယ်..။ ချောက မေးခွန်းတခုလောက် မေးခွင့်ပြုပါ ဆိုတော့ ဖြေနိုင်တာဆို ဖြေပါ့မယ်လို့ ပြောလို့ ပါစင်နယ် မေးခွန်း မေးခွင့်ရခဲ့တယ်…။

စည်းစိမ်ဥစ္စာတွေဟာ ဟိုဘက်မှာ ရှိတဲ့ ချမ်းသာ နဲ့ ယှဉ်ရင် ဘာမှ ကိုမပြောပလောက် လို့ တကယ် ချမ်းသာချင်လို့ ဒီလမ်းကို ရွေးခဲ့ပါတယ် တဲ့ ..။

မေးခဲ့တာက ဘယ်လို အကြောင်းတရား သံဝေဂတွေက များ ဒီလောက်များလှတဲ့ စည်းစိမ်ဥစ္စာကို စွန့်လွှတ်ပြီး ရဟန်းဘဝ ခံယူရလောက်အောင် သံဝေဂ ဖြစ်စေခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။

အရှင်ပြန်ဖြေတာက ဘယ်လောက်များတဲ့ စည်းစိမ် ဥစ္စာမဆို အို နာ သေ ကို မကယ်နိုင်ဘူး…။ ဒီဘက် က စည်းစိမ်ဥစ္စာတွေဟာ ဟိုဘက်မှာ ရှိတဲ့ ချမ်းသာ နဲ့ ယှဉ်ရင် ဘာမှ ကိုမပြောပလောက် လို့ တကယ် ချမ်းသာချင်လို့ ဒီလမ်းကို ရွေးခဲ့ပါတယ် တဲ့ ..။

ကိုယ့်စိတ်ကိုယ် ပြန်ကြည့်တော့ လောကီမှာနေပြီး စည်းစိမ်ဥစ္စာတွေ ချမ်းသာတာတွေ မြင်မိတဲ့အခိုက် ခဏလောက် အားကျသလို ဖြစ်မိပေမယ့် အဲဒါက ခဏပဲ .. ။ တကယ့် နက်နက်နဲနဲ တွေးကြည့်တော့ ပြည့်စုံခြင်းကို ရှာလို့မတွေ့ဘူး။ စိတ်က တကယ်ထူးဆန်းတယ်။ လိုချင်တာ ဘယ်လိုချမ်းသာမျိုးလဲ လို့ ခဏခဏ ကိုယ့် ကိုယ်ကို မေးနေမိတယ် ..။

Source: Chaw Sukhita

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *