ခ်န္ပီယံလိဂ္ အၾကိတ္အနယ္ပြဲေကာင္းေတြ လာျပီ

Getty Images

ေဘာလုံးခ်စ္ ပရိသတ္ေတြ စိတ္ဝင္စားေနတဲ့ ဥေရာပ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပြဲေတြကေတာ့ ဒီကေန႔မွာ ကစားဖို႔ ရွိပါတယ္။ ဆီမီးဖိုင္နယ္ အဆင့္ကို ပရီးမီးယားလိဂ္က ၂သင္းတက္ေရာက္ခဲ့ၿပီး စပိန္လာလီဂါနဲ႔ နယ္သာလန္လိဂ္က တစ္သင္းစီ တက္ခဲ့ၾကတာပါ။ ဆီမီးတက္တဲ့ ၄သင္းမွာ ေတာ့တင္ဟမ္ေဟာ့စပါးကလြဲၿပီး အားယက္စ္၊ ဘာစီလိုနာ၊ လီဗာပူးလ္တို႔က ခ်န္ပီယံ ျဖစ္ဖူးတဲ့ အသင္းေတြပါ။

ပထမဆုံး ဖိုင္နယ္ေရာက္ဖို႔ ပစ္မွတ္ထားေနတဲ့ စပါး

ေတာ့တင္ဟမ္ေဟာ့စပါး – အားယက္စ္
အခ်ိန္ – နံနက္ ၁နာရီခြဲ

မန္စီးတီးနဲ႔ အႀကိတ္အနယ္ကစားခဲ့ၿပီး ဆီမီးတက္ေရာက္လာတဲ့ စပါးအတြက္ ပထမဆုံး ခ်န္ပီယံလိဂ္ ဖိုင္နယ္ေရာက္ဖို႔ ပစ္မွတ္ထားေနတဲ့ပြဲပါ။ ကြင္းသစ္ႀကီးမွာ ရလဒ္ေတြ ဆက္တိုက္ေကာင္းခဲ့ၿပီးမွ ဒီတစ္ပတ္မွာ ဝက္စ္ဟမ္းကို ရႈံးခဲ့တဲ့ စပါးအတြက္ အားယက္စ္နဲ႔ ပြဲက်ပ္ ကစားရမွာပါ။ အထူးသျဖင့္ အေဝးကြင္းမွာ ကစားပုံပိုေကာင္းၿပီး အသင္းလိုက္ စြမ္းရည္ အေကာင္းဆုံး ျဖစ္တဲ့ အားယက္စ္ကစားပုံေၾကာင့္ အိမ္ကြင္း ျဖစ္ေပမယ့္ ပိုခ်က္တီႏိုရဲ႕ စပါး ခက္ခက္ခဲခဲ ရင္ဆိုင္ရႏိုင္ပါတယ္။

ဂ်ဴဗင္တပ္စ္၊ ရီးယဲယ္တို႔လို အသင္းႀကီးေတြကို အေဝးကြင္း ေက်ာ္လာခဲ့တဲ့ အားယက္စ္

ခ်န္ပီယံလိဂ္မွာ စပါးကစားပုံေကာင္းေပမယ့္ ခံစစ္ပိုင္းက ဂိုးေတြျပန္ေပးေနရတာေတာ့ သတိျပဳရမွာပါ။ ဂ်ဴဗင္တပ္စ္၊ ရီးယဲယ္တို႔လို အသင္းႀကီးေတြကို အေဝးကြင္းမွာ ဂိုးေတြသြင္းၿပီး ေက်ာ္ျဖတ္လာတဲ့ အားယက္စ္ေၾကာင့္ ပြဲက အႀကိတ္အနယ္ ျဖစ္ႏိုင္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ပထမဆုံး ေတြ႕မယ့္ ႏွစ္သင္းရဲ႕ ပြဲက ဘယ္အသင္း အႏိုင္ရမလဲ ေျပာရခက္တဲ့ပြဲပါ။

ဘာစီလိုနာ – လီဗာပူးလ္
အခ်ိန္ – နံနက္ ၁နာရီခြဲ

လီဗာပူးလ္က ပရီးမီးယားလိဂ္ကို အာ႐ုံစိုက္ေနရခ်ိန္ ဘာစီလိုနာကေတာ့ လာလီဂါမွာ ခ်န္ပီယံျဖစ္လို႔ ဒီၿပိဳင္ပြဲကိုသာ အဓိက အားစိုက္မယ့္ အေျခအေနပါ။ လက္ရွိ ဘာစီလိုနာေရာ လီဗာပူးလ္တို႔ဟာ သက္ဆိုင္ရာ လိဂ္ေတြမွာ အေကာင္းဆုံး ေျခစြမ္းျပေနတဲ့ ႏွစ္သင္းျဖစ္သလို တိုက္စစ္ပိုင္းကလည္း ဂိုးသြင္းႏိုင္စြမ္းရွိပါတယ္။

ၿပိဳင္ပြဲစုံ ၄၅ပြဲမွာ ၄၆ဂိုး သြင္းထားတဲ့ မက္ဆီ

ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ အဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ႏွစ္ေက်ာ့စလုံး လြယ္လြယ္ကူကူ ေက်ာ္ျဖတ္လာတာကို ၾကည့္ရင္ လီဗာပူးလ္ အခက္ေတြ႕ႏိုင္ပါတယ္။ ဘိုင္ယန္၊ ေပၚတို တို႔ကို ေက်ာ္ခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မွာ ဖာမီႏို မပါရင္ အားနည္းႏိုင္ပါတယ္။ ဆာလ၊ မာေန တို႔ဂိုးေပါက္ျပန္ေတြ႕ေနေပမယ့္ ဖာမီႏို မပါလာရင္ အရင္လို ၃ေယာက္အတြဲမိဖို႔ မေသခ်ာဘဲ ျဖစ္လာႏိုင္ပါတယ္။

မႏွစ္က ဖိုင္နယ္တက္ခဲ့ၿပီး ေျခစြမ္းတည္ၿငိမ္တဲ့ လီဗာပူးလ္

လီဗာပူးလ္ ခံစစ္ပိုင္းမွာ ဗန္ဒိုက္ ဦးေဆာင္ေနေပမယ့္ တစ္ဖက္မွာလည္း ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား မက္ဆီရွိတာေၾကာင့္ ယာဂမ္ကေလာ့ပ္ တစ္ေယာက္ ဘယ္လို ထိန္းခ်ဳပ္မလဲ စဥ္းစားရမွာပါ။ လ်င္ျမန္မႈနဲ႔ တင္ကစားတဲ့ လီဗာပူးလ္ ကစားပုံကို ဘာစီလိုနာ ကြင္းလယ္ ဘယ္လို ထိန္းခ်ဳပ္မလဲက ဒီပြဲရဲ႕ အဓိက ေျပာစရာ ျဖစ္လာႏိုင္ပါတယ္။ ထိပ္တိုက္ ဆုံေတြ႕မႈအရ ႏွစ္သင္းစလုံး တစ္ပြဲစီႏိုင္ထားၾကလို ဘယ္သူ အသာရမလဲ ေျပာရခက္ပါတယ္။ ပထမအေက်ာ့က ႏူးကမ့္ကြင္းမွာ ကန္ရမွာ ျဖစ္သလို အဂၤလန္ ကလပ္ေတြနဲ႔ဆို အိမ္ကြင္းမွာ ဂိုးျမဴးေလ့ရွိတဲ့ မက္ဆီေၾကာင့္ လီဗာပူးလ္ အခက္ေတြ႕ႏိုင္မယ့္ပြဲပါ။

Via: BBC


#Unicode Version

ဘောလုံးချစ် ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲတွေကတော့ ဒီကနေ့မှာ ကစားဖို့ ရှိပါတယ်။ ဆီမီးဖိုင်နယ် အဆင့်ကို ပရီးမီးယားလိဂ်က ၂သင်းတက်ရောက်ခဲ့ပြီး စပိန်လာလီဂါနဲ့ နယ်သာလန်လိဂ်က တစ်သင်းစီ တက်ခဲ့ကြတာပါ။ ဆီမီးတက်တဲ့ ၄သင်းမှာ တော့တင်ဟမ်ဟော့စပါးကလွဲပြီး အားယက်စ်၊ ဘာစီလိုနာ၊ လီဗာပူးလ်တို့က ချန်ပီယံ ဖြစ်ဖူးတဲ့ အသင်းတွေပါ။

တော့တင်ဟမ်ဟော့စပါး – အားယက်စ်
အချိန် – နံနက် ၁နာရီခွဲ

မန်စီးတီးနဲ့ အကြိတ်အနယ်ကစားခဲ့ပြီး ဆီမီးတက်ရောက်လာတဲ့ စပါးအတွက် ပထမဆုံး ချန်ပီယံလိဂ် ဖိုင်နယ်ရောက်ဖို့ ပစ်မှတ်ထားနေတဲ့ပွဲပါ။ ကွင်းသစ်ကြီးမှာ ရလဒ်တွေ ဆက်တိုက်ကောင်းခဲ့ပြီးမှ ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ စပါးအတွက် အားယက်စ်နဲ့ ပွဲကျပ် ကစားရမှာပါ။ အထူးသဖြင့် အဝေးကွင်းမှာ ကစားပုံပိုကောင်းပြီး အသင်းလိုက် စွမ်းရည် အကောင်းဆုံး ဖြစ်တဲ့ အားယက်စ်ကစားပုံကြောင့် အိမ်ကွင်း ဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ စပါး ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ပါတယ်။

ချန်ပီယံလိဂ်မှာ စပါးကစားပုံကောင်းပေမယ့် ခံစစ်ပိုင်းက ဂိုးတွေပြန်ပေးနေရတာတော့ သတိပြုရမှာပါ။ ဂျူဗင်တပ်စ်၊ ရီးယဲယ်တို့လို အသင်းကြီးတွေကို အဝေးကွင်းမှာ ဂိုးတွေသွင်းပြီး ကျော်ဖြတ်လာတဲ့ အားယက်စ်ကြောင့် ပွဲက အကြိတ်အနယ် ဖြစ်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုံး တွေ့မယ့် နှစ်သင်းရဲ့ ပွဲက ဘယ်အသင်း အနိုင်ရမလဲ ပြောရခက်တဲ့ပွဲပါ။

ဘာစီလိုနာ – လီဗာပူးလ်
အချိန် – နံနက် ၁နာရီခွဲ

လီဗာပူးလ်က ပရီးမီးယားလိဂ်ကို အာရုံစိုက်နေရချိန် ဘာစီလိုနာကတော့ လာလီဂါမှာ ချန်ပီယံဖြစ်လို့ ဒီပြိုင်ပွဲကိုသာ အဓိက အားစိုက်မယ့် အခြေအနေပါ။ လက်ရှိ ဘာစီလိုနာရော လီဗာပူးလ်တို့ဟာ သက်ဆိုင်ရာ လိဂ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ နှစ်သင်းဖြစ်သလို တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို နှစ်ကျော့စလုံး လွယ်လွယ်ကူကူ ကျော်ဖြတ်လာတာကို ကြည့်ရင် လီဗာပူးလ် အခက်တွေ့နိုင်ပါတယ်။ ဘိုင်ယန်၊ ပေါ်တို တို့ကို ကျော်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှာ ဖာမီနို မပါရင် အားနည်းနိုင်ပါတယ်။ ဆာလ၊ မာနေ တို့ဂိုးပေါက်ပြန်တွေ့နေပေမယ့် ဖာမီနို မပါလာရင် အရင်လို ၃ယောက်အတွဲမိဖို့ မသေချာဘဲ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးလ် ခံစစ်ပိုင်းမှာ ဗန်ဒိုက် ဦးဆောင်နေပေမယ့် တစ်ဖက်မှာလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီရှိတာကြောင့် ယာဂမ်ကလော့ပ် တစ်ယောက် ဘယ်လို ထိန်းချုပ်မလဲ စဉ်းစားရမှာပါ။ လျင်မြန်မှုနဲ့ တင်ကစားတဲ့ လီဗာပူးလ် ကစားပုံကို ဘာစီလိုနာ ကွင်းလယ် ဘယ်လို ထိန်းချုပ်မလဲက ဒီပွဲရဲ့ အဓိက ပြောစရာ ဖြစ်လာနိုင်ပါတယ်။ ထိပ်တိုက် ဆုံတွေ့မှုအရ နှစ်သင်းစလုံး တစ်ပွဲစီနိုင်ထားကြလို ဘယ်သူ အသာရမလဲ ပြောရခက်ပါတယ်။ ပထမအကျော့က နူးကမ့်ကွင်းမှာ ကန်ရမှာ ဖြစ်သလို အင်္ဂလန် ကလပ်တွေနဲ့ဆို အိမ်ကွင်းမှာ ဂိုးမြူးလေ့ရှိတဲ့ မက်ဆီကြောင့် လီဗာပူးလ် အခက်တွေ့နိုင်မယ့်ပွဲပါ။

Via: BBC