“ဝ”ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္ (UWSA)၏ ၿငိမ္းခ်မ္းေရး ႏွစ္ ၃၀ ျပည့္အခမ္းအနား

ဓာတ္ပံု-မ်ိဳးမင္းစိုး/ဧရာ၀တီ

ဧၿပီ ၁၇ ရက္တြင္ က်ေရာက္မည့္ “ဝ”ျပည္ေသြးစည္းညီညြတ္ေရး တပ္မေတာ္ (UWSA)၏ ၿငိမ္းခ်မ္းေရး ႏွစ္ ၃၀ ျပည့္ အခမ္းအနား အတြက္ ပန္ဆန္းၿမိဳ႕တြင္ စစ္ေရးျပျခင္းမ်ားျပဳလုပ္ေနၿပီ ျဖစ္သည္။

ပန္ဆန္းၿမိဳ႕သည္ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း၏ ၿမိဳ႕ေတာ္ ျဖစ္ၿပီး ပန္ခမ္းၿမိဳ႕ေတာ္ဟုလည္း ေခၚသည္။

အခမ္းအနားက်င္းပမည့္ “ဝ”ျပည္သူ႔ခန္းမ ႏွင့္ ပန္းၿခံတြင္ “ဝ” တပ္သားအင္အား ၇၆၀၀ က စစ္ေရးျပေနၿပီး အခမ္းအနားကို တတ္ေရာက္လာသည့္ ဧည့္သည္ ၃၇၀၀ ခန္႔ ရွိသည္။

ဓာတ္ပံု-မ်ိဳးမင္းစိုး/ဧရာ၀တီ

အခမ္းအနားတြင္ ယူနီေဖာင္းဝတ္ တပ္သားအင္အားအျပင္ အရပ္သား”ဝ”လူမ်ိဳးေဒသခံမ်ားကလည္း စီတန္းၿပီး ရိုးရာဝတ္စံုမ်ား၊ ရိုးရာဝတ္စံုမဟုတ္သည့္ တူညီဝတ္စံုမ်ားျဖင့္လူအင္အား ၈၇၀၀ ခန္႔က တတ္ေရာက္လွ်က္ ရွိသည္။

အခမ္းအနားတတ္ေရာက္ရန္ သမၼတ၊ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အစုိးရထိပ္ပိုင္း ေခါင္းေဆာင္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားကို ဖိတ္ၾကားထားေၾကာင္း သိရေသာ္လည္း အခမ္းအနားသို႔ တတ္၊ မတတ္ကို မသိရွိရေသးပါ။

UWSA ၏ စစ္ေရး၊ ႏုိင္ငံေရး မဟာမိတ္မ်ား ျဖစ္သည့္ ေျမာက္ပိုင္းမဟာမိတ္ေခါင္းေဆာင္အခ်ိဳ႕မွာ အခမ္းအနား တတ္ေရာက္ရန္ ပန္ဆန္းၿမိဳ႕သို႔ ေရာက္ရွိေနၿပီျဖစ္သည္။

ဓာတ္ပံု-မ်ိဳးမင္းစိုး/ဧရာ၀တီ

UWSA သည္ ၁၉၈၉ ခုႏွစ္၊ ဧၿပီ ၁၇ ရက္တြင္ ဗမာျပည္ကြန္ျမဴနစ္ ပါတီကို တပ္တြင္းပုန္ကန္ကာ ခြဲထြက္ၿပီး UWSA ကို တည္ေထာင္ကာ စစ္အစိုးရႏွင့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္း ျဖစ္သည္။

UWSA သည္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအရ ရွမ္းျပည္နယ္ရွိ ဟိုပန္၊ မိုင္းေမာ၊ ပန္ဝိုင္၊ နားဖန္း၊ မက္မန္းႏွင့္ ပန္ဆန္းၿမို႕နယ္တို႔ကို ခရိုင္ ၂ခု ဖြဲ႔၍ “ဝ”ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ တိုင္းအျဖစ္ သတ္မွတ္ေၾကာင္း ဖြဲ႔စည္းပံု၏ အခန္း (၂) ႏုိင္ငံေတာ္ဖြဲ႔စည္းတည္ေဆာက္ပံု ၊ ပုဒ္မ ၅၆(စ) တြင္ ျပဌာန္းထားသည္။

UWSA ၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းအျဖစ္မွ တဆင့္ျမွင့္ၿပီးဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ “ဝ”ျပည္နယ္အျဖစ္ ရလိုေၾကာင္း ေျပာဆိုထားၿပီး ျပည္နယ္ရေရးကိုလည္း အစုိးရ၊ တပ္မေတာ္တို႔ႏွင့္ ညွိႏိႈင္းလ်က္ရွိသည္ ။

ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ သတ္မွတ္ထားျခင္း မရွိေသးေသာ္လည္းUWSA သည္ ၎တို႔ အုပ္ခ်ဳပ္သည့္ ေဒသမ်ားတြင္ “ဝ”ျပည္နယ္ ဟုသာ အမည္နာမ သံုးစြဲၿပီးUWSA အုပ္ခ်ဳပ္ေရးဌာနမ်ားကိုလည္း “ဝ”ျပည္သူ႔အစုိးရ ဟုသာ သုံးစြဲသည္။

UWSA ၏ ၿငိမ္းခ်မ္းေရး ႏွစ္ ၃၀ ျပည့္ အခမ္းအနားကို တတ္ေရာက္ရန္ မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားကိုလည္း ဖိတ္ၾကားထားသည္။

ဓာတ္ပံု-မ်ိဳးမင္းစိုး/ဧရာ၀တီ

UWSA သည္ ျမန္မာႏိုင္ငံတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔အစည္း ၂၀ အနက္ အင္အား အႀကီးဆံုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ျဖစ္ၿပီး တပ္သားအင္အား ခန္႔မွန္း သံုးေသာင္းခြဲခန္႔ ရွိသည္။

ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ တရားဝင္ ျပဌာန္းမထားေသာ္လည္း UWSA ၎၏ ေဒသမ်ားကို ဗဟိုအစုိးရ၏ စြက္ဖက္မႈ မရွိပဲ အျပည့္အဝ အုပ္ခ်ဳပ္စီမံခန္႔ခြဲလွ်က္ရွိသည္။

တပ္ပိုင္းဆိုင္ရာ က႑မ်ား၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ ေဒသ လံုၿခံဳေရး၊ လူမႈေရးဆုိင္ရာ က႑ အသီးသီးကို ဗဟိုအစိုးရ၏ စြက္ဖက္မႈ မပါရွိပဲ UWSA က အျပည့္အဝ အုပ္ခ်ဳပ္သည္။

ဓာတ္ပံု-မ်ိဳးမင္းစိုး/ဧရာ၀တီ


#Unicode Version

ဧပြီ ၁၇ ရက်တွင် ကျရောက်မည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနား အတွက် ပန်ဆန်းမြို့တွင် စစ်ရေးပြခြင်းများပြုလုပ်နေပြီ ဖြစ်သည်။

ပန်ဆန်းမြို့သည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ မြို့တော် ဖြစ်ပြီး ပန်ခမ်းမြို့တော်ဟုလည်း ခေါ်သည်။

အခမ်းအနားကျင်းပမည့် “ဝ”ပြည်သူ့ခန်းမ နှင့် ပန်းခြံတွင် “ဝ” တပ်သားအင်အား ၇၆၀၀ က စစ်ရေးပြနေပြီး အခမ်းအနားကို တတ်ရောက်လာသည့် ဧည့်သည် ၃၇၀၀ ခန့် ရှိသည်။

အခမ်းအနားတွင် ယူနီဖောင်းဝတ် တပ်သားအင်အားအပြင် အရပ်သား”ဝ”လူမျိုးဒေသခံများကလည်း စီတန်းပြီး ရိုးရာဝတ်စုံများ၊ ရိုးရာဝတ်စုံမဟုတ်သည့် တူညီဝတ်စုံများဖြင့်လူအင်အား ၈၇၀၀ ခန့်က တတ်ရောက်လျှက် ရှိသည်။

အခမ်းအနားတတ်ရောက်ရန် သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကို ဖိတ်ကြားထားကြောင်း သိရသော်လည်း အခမ်းအနားသို့ တတ်၊ မတတ်ကို မသိရှိရသေးပါ။

UWSA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များ ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်အချို့မှာ အခမ်းအနား တတ်ရောက်ရန် ပန်ဆန်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

UWSA သည် ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီကို တပ်တွင်းပုန်ကန်ကာ ခွဲထွက်ပြီး UWSA ကို တည်ထောင်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခု ဖွဲ့၍ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ကြောင်း ဖွဲ့စည်းပုံ၏ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆(စ) တွင် ပြဌာန်းထားသည်။

UWSA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်မှ တဆင့်မြှင့်ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ဝ”ပြည်နယ်အဖြစ် ရလိုကြောင်း ပြောဆိုထားပြီး ပြည်နယ်ရရေးကိုလည်း အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းလျက်ရှိသည် ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း
UWSA သည် ၎င်းတို့ အုပ်ချုပ်သည့် ဒေသများတွင် “ဝ”ပြည်နယ် ဟုသာ အမည်နာမ သုံးစွဲပြီးUWSA အုပ်ချုပ်ရေးဌာနများကိုလည်း “ဝ”ပြည်သူ့အစိုးရ ဟုသာ သုံးစွဲသည်။

UWSA ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို တတ်ရောက်ရန် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားသည်။

UWSA သည် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂၀ အနက် အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တပ်သားအင်အား ခန့်မှန်း သုံးသောင်းခွဲခန့် ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားဝင် ပြဌာန်းမထားသော်လည်း UWSA ၎င်း၏ ဒေသများကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မရှိပဲ အပြည့်အဝ အုပ်ချုပ်စီမံခန့်ခွဲလျှက်ရှိသည်။

တပ်ပိုင်းဆိုင်ရာ ကဏ္ဍများ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဒေသ လုံခြုံရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍ အသီးသီးကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မပါရှိပဲ UWSA က အပြည့်အဝ အုပ်ချုပ်သည်။

ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ