ၾကံ့ခိုင္ေရး ဦးေဆာင္ေသာ မဟာမိတ္ပါတီမ်ား ၂၀၂၀ ေရြးေကာက္ပြဲ အႏိုင္ယူၿပီး အမ်ဳိးဘာသာသာသနာေစာင့္ေရွာက္ရန္ အင္းစိန္ရြာမဆရာေတာ္ မွာၾကား

Photo Credit - ေနဇင္လတ္

ၾကံ့ခိုင္ေရးပါတီ ဦးေဆာင္ေသာ မဟာမိတ္ပါတီမ်ားအေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အႏိုင္ယူၿပီး အမ်ဳိးဘာသာ သာသနာကို ေစာင့္ေရွာက္ရန္ အင္းစိန္ရြာမ ဆရာေတာ္ဦးတိေလာကဘိ၀ံသက မွာၾကားထားေၾကာင္း သိရွိရသည္။

ၾသဂုတ္လ ၃ ရက္ေန႔က ၾကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌးဦးေဆာင္၍ မဟာမိတ္ပါတီမ်ားက အင္းစိန္ ရြာမဆရာေတာ္ထံ သြားေရာက္ ဝါဆိုသကၤန္းဆပ္ကပ္လွဴဒါန္းစဥ္ ဆရာေတာ္က ထိုသို႔ မွာၾကားျခင္းျဖစ္ေၾကာင္း ေခတ္သစ္ျပည္သူ႕ပါတီဥကၠ႒ ဦးထြန္းေအာင္ေက်ာ္က ေျပာဆိုသည္။

Photo Credit – ေနဇင္လတ္

သီလယူၿပီးေတာ့ ႏိုင္ငံေရးပါတီေတြကလည္း လာမယ့္ ေရြးေကာက္ပြဲမွာ ေအာင္ေအာင္ျမင္ျမင္ျဖစ္ေအာင္ႀကိဳးစားပါ။ ပါတီတိုင္း ေရြးေကာက္ပြဲႏိုင္ေအာင္ ႀကိဳးစားပါ။ ဘာသာသာသနာကိုလည္း မ်က္ကြယ္ျပဳမထားပါနဲ႔ ဆရာေတာ္ႀကီးက အဲလိုေျပာတယ္။ အန္ကယ္တို႕ကလည္း ဆရာေတာ္ႀကီးကို ေလွ်ာက္ထားတယ္။ အရွင္ဘုရား တပည့္ေတာ္တို႔ ဗုဒၶဘာသာႀကီး တည္တံ့ခိုင္ၿမဲဖို႔အတြက္ အရွင္ဘုရားတို႔ စည္းစည္းလုံးလုံးနဲ႔ ႀကိဳးစားဖို႔ ေလွ်ာက္ထားပါတယ္ ဘုရား။ ဘုရားတပည့္ေတာ္တို႔ကလည္း ဘာသာ သာသနာအက်ဳိးကို တစ္ဖက္တစ္လမ္းကေန ေစာင့္ေရွာက္ပါ့မယ္လို႔ ေလွ်ာက္ထားတယ္” ဟု ဦးထြန္းေအာင္ေက်ာ္က ေျပာဆိုသည္။

ယင္းသို႔ ေတြ႕ဆုံၿပီးေနာက္ အင္းစိန္ရြာမေက်ာင္းတိုက္တြင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က တရားမ၀င္ဟု ေၾကညာထားသည့္ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း(ဗဟို) ဆိုေသာ ဆိုင္းဘုတ္မ်ားကို ျဖဳတ္ခ်လိုက္ေၾကာင္း သိရွိရသည္။

Source: Khit Thit Media


#Unicode Version

ကြံ့ခိုင်ရေးပါတီ ဦးဆောင်သော မဟာမိတ်ပါတီများအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ယူပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန် အင်းစိန်ရွာမ ဆရာတော်ဦးတိလောကဘိဝံသက မှာကြားထားကြောင်း သိရှိရသည်။

သြဂုတ်လ ၃ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်၍ မဟာမိတ်ပါတီများက အင်းစိန် ရွာမဆရာတော်ထံ သွားရောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းစဉ် ဆရာတော်က ထိုသို့ မှာကြားခြင်းဖြစ်ကြောင်း ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

သီလယူပြီးတော့ နိုင်ငံရေးပါတီတွေကလည်း လာမယ့် ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်အောင်ကြိုးစားပါ။ ပါတီတိုင်း ရွေးကောက်ပွဲနိုင်အောင် ကြိုးစားပါ။ ဘာသာသာသနာကိုလည်း မျက်ကွယ်ပြုမထားပါနဲ့ ဆရာတော်ကြီးက အဲလိုပြောတယ်။ အန်ကယ်တို့ကလည်း ဆရာတော်ကြီးကို လျှောက်ထားတယ်။ အရှင်ဘုရား တပည့်တော်တို့ ဗုဒ္ဓဘာသာကြီး တည်တံ့ခိုင်မြဲဖို့အတွက် အရှင်ဘုရားတို့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားဖို့ လျှောက်ထားပါတယ် ဘုရား။ ဘုရားတပည့်တော်တို့ကလည်း ဘာသာ သာသနာအကျိုးကို တစ်ဖက်တစ်လမ်းကနေ စောင့်ရှောက်ပါ့မယ်လို့ လျှောက်ထားတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ယင်းသို့ တွေ့ဆုံပြီးနောက် အင်းစိန်ရွာမကျောင်းတိုက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင်ဟု ကြေညာထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို) ဆိုသော ဆိုင်းဘုတ်များကို ဖြုတ်ချလိုက်ကြောင်း သိရှိရသည်။

Source: Khit Thit Media