ေလထဲတိုက္အိမ္ေဆာက္မယ့္ကိစၥမေျပာဟု ႀကံ့ဖြံ႕ပါတီ ေျပာ

အမရပူရၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳး႐ုံးဝင္းအတြင္း ယေန႕ျပဳလုပ္ခဲ့ေသာ ရပ္ကြက္၊ေက်း႐ြာအဆင့္ ပါတီဥကၠဌမ်ား တာဝန္ေပးအပ္ပြဲအခမ္းအနား / ျမတ္ျပည့္ၿဖိဳး / ဧရာဝတီ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက နိုင္ငံဦးေဆာင္မႈအခန္းက႑ကို ေနာက္တႀကိမ္ ျပန္လည္ ရရွိပါက မိုးေပၚကက်လာမည့္ အကူအညီမ်ားကို ေမွ်ာ္မေနဘဲ အမ်ိဳးသားအက်ိဳးစီးပြားတိုးတက္ေအာင္ ေဆာင္႐ြက္သြားမည္ဟု ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးဝ႑ေမာင္လြင္က ဆိုသည္။

မိုးေပၚက က်လာတဲ့အကူအညီေတြကို ေစာင့္ေမွ်ာ္ရင္း နက္ဖန္သဘက္ခါပဲ ဟိုနိုင္ငံကို ေက်ာ္မယ္၊ ဒီနိုင္ငံ ကို ေက်ာ္ရမယ္ဆိုၿပီး ေလထဲ တိုက္အိမ္ေဆာက္မဲ့ကိစၥေတြ က်ေနာ္တို႔မေျပာဘူး။ ” ဟု အမရပူရၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ႐ုံးတြင္ ယေန႕ျပဳလုပ္သည့္ ရပ္ကြက္၊ ေက်း႐ြာ အုပ္စု ပါတီဥကၠ႒မ်ား တာဝန္ေပးအပ္ပြဲႏွင့္ ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲတြင္ ဦးဝ႑ေမာင္လြင္က ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အကယ္၍ ျပည္ခိုင္ၿဖိဳးပါတီသာ နိုင္ငံဦးေဆာင္မႈ အခန္းက႑ကို ျပန္လည္ရရွိလာတဲ့အခ်ိန္က် အမ်ိဳးသား အက်ိဳး စီးပြား တိုးတက္ေရး၊ ျပည္သူမ်ား၏ ေန႕စဥ္လူမႈဘဝတိုးတက္ေရးႏွင့္ နိုင္ငံ အခ်ဳပ္အျခာ အာဏာ တည္တံ့ေရး မူဝါဒ တို႔ကို ဦးစားေပးေဆာင္႐ြက္သြားမည္ ဟု ဆိုသည္။

လာမည့္နိုဝင္ဘာတြင္ က်င္းပမည့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီက မႏၲေလးတိုင္းရွိ မဲဆႏၵနယ္ ၃ ခုအပါအဝင္ လစ္လပ္မဲဆႏၵနယ္ေပါင္း ၁၀ ခုတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳး ပါတီက ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ယမန္ေန႕ကထုတ္ျပန္ခဲ့သည္။

က်ေနာ္တို႔ပါတီအေနနဲ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သမာသမတ္က်မႈကို လာမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ဝင္ရင္းနဲ႕ ေစာင့္ၾကည့္အကဲခတ္သြားမွာျဖစ္ပါတယ္” ဟု ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။

ျပည္ခိုင္ၿဖိဳးပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားမွာ ကခ်င္ျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္အ မွတ္ ၂ မဲဆႏၵနယ္အတြက္ ဦးဆီဟူးေဒြ႕၊ ခ်င္းျပည္နယ္ ကန္ပက္လက္ ျပည္သူ႕လႊတ္ေတာ္ ေနရာအတြက္ ဦးမနားနိုင္း၊ စစ္ကိုင္းတိုင္း တမူးၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ ၂ အတြက္ ဦးရိုထန္းပြီးယား၊ ပဲခူးတိုင္း(အေရွ႕) တိုင္းလႊတ္ေတာ္ အုတ္တြင္း ၁ အတြက္ ဦးဝင္းျမင့္၊ မေကြးတိုင္းလႊတ္ေတာ္ မင္းဘူး ၂ ေနရာအတြက္ ဦးစိန္ေ႐ႊမင္း၊ မႏၲေလးတိုင္း ျမင္းၿခံျပည္သူ႕လႊတ္ေတာ္ အတြက္ ေဒါက္တာသန္းဝင္း၊ မႏၲေလးတိုင္း သပိတ္က်င္း(၁) တိုင္းလႊတ္ေတာ္ အတြက္ ဦးျမင့္စိုး၊ မႏၲေလးတိုင္း ရွမ္းတိုင္းရင္းသားကိုယ္စားလွယ္အတြက္ ဦးစိုင္းေအာင္ၾကည္၊ ရန္ကုန္တိုင္း တာေမြ ျပည္သူ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအတြက္ ဦးမ်ိဳးဝင္းေက်ာ္၊ ရန္ကုန္တိုင္းလႊတ္ေတာ္ ဆိပ္ကမ္း(၂) ေနရာအတြက္ ဦးေနမ်ိဳးေအာင္တို႔ ျဖစ္သည္။

ထို႔အတြက္ သက္ဆိုင္ရာမဲဆႏၵနယ္ေျမမ်ားတြင္ မဲဆြယ္စည္း႐ုံးမႈမ်ားလည္း စတင္ေဆာင္႐ြက္ေနရာ လာမည့္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲတြင္ ပါတီလႈပ္ရွားမႈ ပိုမိုက်စ္လစ္ခိုင္မာေအာင္ ေဆာင္႐ြက္နိုင္ရန္ ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲက ထားရွိခဲ့ေသာ ရပ္ကြက္ေက်း႐ြာအဆင့္ ပါတီစည္း႐ုံးေရးမႉး မ်ားအား ဥကၠ႒အျဖစ္ ခန႔္အပ္တာဝန္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွ စ၍ ပါတီအတြင္း ေခါင္းေဆာင္မႈအပါအဝင္ လိုအပ္သည့္ျပန္လည္ တည္ေဆာက္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ရပ္ကြက္၊ ေက်း႐ြာအဆင့္ ပါတီဥကၠ႒မ်ားသည္ ပါတီ၏ မူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ရာတြင္ အေျခခံက်သည့္ အုတ္ျမစ္မ်ားျဖစ္သည့္အတြက္ ယခုလို တာဝန္ေပးအပ္ျခင္း ျဖစ္သည္ဟု ဦးဝ႑ေမာင္လြင္က ဆိုသည္။

ယေန႕အခမ္းအနားတြင္ ျပည္ခိုင္ၿဖိဳးပါတီမွ တာဝန္ရွိသူမ်ား အပါအဝင္ လူေပါင္း ၂၀၀ ေက်ာ္ခန႔္ တက္ေရာက္ခဲ့ၿပီး ပါတီဝင္အဆိုျပဳလႊာ ၅၀၀ ေက်ာ္ခန႔္ လက္ခံရရွိေၾကာင္း ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ဧရာဝတီကို ေျပာသည္။

လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီ၏ ပါတီဝင္အင္အား အေရအတြက္မွာ စာရင္းတည္ၿငိမ္မႈမရွိေသးသည့္အတြက္ ထုတ္ျပန္ျခင္း မရွိေသးေသာ္လည္း ပါတီဥကၠ႒ ဦးသန္းေဌးလက္ထက္တြင္ ပါတီဝင္အသစ္မ်ား ေသာင္း ဂဏန္းအထိ တိုးလာသည္ဟု ၎က ဆိုသည္။

Via: The Irrawaddy


#Unicode Version

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံဦးဆောင်မှုအခန်းကဏ္ဍကို နောက်တကြိမ် ပြန်လည် ရရှိပါက မိုးပေါ်ကကျလာမည့် အကူအညီများကို မျှော်မနေဘဲ အမျိုးသားအကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဍမောင်လွင်က ဆိုသည်။

မိုးပေါ်က ကျလာတဲ့အကူအညီတွေကို စောင့်မျှော်ရင်း နက်ဖန်သဘက်ခါပဲ ဟိုနိုင်ငံကို ကျော်မယ်၊ ဒီနိုင်ငံ ကို ကျော်ရမယ်ဆိုပြီး လေထဲ တိုက်အိမ်ဆောက်မဲ့ကိစ္စတွေ ကျနော်တို့မပြောဘူး။ ” ဟု အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ဦးဝဏ္ဍမောင်လွင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ပြည်ခိုင်ဖြိုးပါတီသာ နိုင်ငံဦးဆောင်မှု အခန်းကဏ္ဍကို ပြန်လည်ရရှိလာတဲ့အချိန်ကျ အမျိုးသား အကျိုး စီးပွား တိုးတက်ရေး၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝတိုးတက်ရေးနှင့် နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ရေး မူဝါဒ တို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဟု ဆိုသည်။

လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မန္တလေးတိုင်းရှိ မဲဆန္ဒနယ် ၃ ခုအပါအဝင် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၀ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ကထုတ်ပြန်ခဲ့သည်။

ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရင်းနဲ့ စောင့်ကြည့်အကဲခတ်သွားမှာဖြစ်ပါတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အ မှတ် ၂ မဲဆန္ဒနယ်အတွက် ဦးဆီဟူးဒွေ့၊ ချင်းပြည်နယ် ကန်ပက်လက် ပြည်သူ့လွှတ်တော် နေရာအတွက် ဦးမနားနိုင်း၊ စစ်ကိုင်းတိုင်း တမူးမြို့နယ် တိုင်းလွှတ်တော် ၂ အတွက် ဦးရိုထန်းပွီးယား၊ ပဲခူးတိုင်း(အရှေ့) တိုင်းလွှတ်တော် အုတ်တွင်း ၁ အတွက် ဦးဝင်းမြင့်၊ မကွေးတိုင်းလွှတ်တော် မင်းဘူး ၂ နေရာအတွက် ဦးစိန်ရွှေမင်း၊ မန္တလေးတိုင်း မြင်းခြံပြည်သူ့လွှတ်တော် အတွက် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်း သပိတ်ကျင်း(၁) တိုင်းလွှတ်တော် အတွက် ဦးမြင့်စိုး၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်အတွက် ဦးစိုင်းအောင်ကြည်၊ ရန်ကုန်တိုင်း တာမွေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးမျိုးဝင်းကျော်၊ ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကမ်း(၂) နေရာအတွက် ဦးနေမျိုးအောင်တို့ ဖြစ်သည်။

ထို့အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် မဲဆွယ်စည်းရုံးမှုများလည်း စတင်ဆောင်ရွက်နေရာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီလှုပ်ရှားမှု ပိုမိုကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့်ရွေးကောက်ပွဲက ထားရှိခဲ့သော ရပ်ကွက်ကျေးရွာအဆင့် ပါတီစည်းရုံးရေးမှူး များအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လမှ စ၍ ပါတီအတွင်း ခေါင်းဆောင်မှုအပါအဝင် လိုအပ်သည့်ပြန်လည် တည်ဆောက်မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပါတီဥက္ကဋ္ဌများသည် ပါတီ၏ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံကျသည့် အုတ်မြစ်များဖြစ်သည့်အတွက် ယခုလို တာဝန်ပေးအပ်ခြင်း ဖြစ်သည်ဟု ဦးဝဏ္ဍမောင်လွင်က ဆိုသည်။

ယနေ့အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၅၀၀ ကျော်ခန့် လက်ခံရရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အား အရေအတွက်မှာ စာရင်းတည်ငြိမ်မှုမရှိသေးသည့်အတွက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးလက်ထက်တွင် ပါတီဝင်အသစ်များ သောင်း ဂဏန်းအထိ တိုးလာသည်ဟု ၎င်းက ဆိုသည်။