Sponsored

ကိုရိုနာဗိုင်းရပ်စ် COVID-19 အတွက် စမ်းသပ်ကာကွယ်ဆေး အဆင့် ၁ ကို မတ် ၁၆ ရက်က အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့ ကိုင်ဆာကျန်းမာရေးသုတေသနဌာနမှာ စတင်စမ်းသပ်နေပါတယ်။

အဲဒီစမ်းသပ်သုတေသနလုပ်ငန်းကို အမျိုးသားဓာတ်မတည့်ရောဂါနဲ့ ကူးစက်ရောဂါအဖွဲ့အစည်း (NIAID) က ရန်ပုံငွေ ထောက်ပံ့နေတာပါ။

@BBC

သုတေသနအတွက် အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အကြား ကျန်းမာရေးကောင်းမွန်သူ ၄၅ ဦးကို သီတင်း ၆ ပတ်ကျော်အတွင်း စမ်းသပ်သွားမှာပါ။

Sponsored

အခုသုတေသနဟာ ကာကွယ်ဆေးအချိန်အဆ အမျိုးမျိုးသုံးပြီး စမ်းသပ်ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ စမ်းသပ်မှုမှာ ပါဝင်သူတွေရဲ့ ကိုယ်ခံစွမ်းအား တုံ့ပြန်မှု ဖြစ်ပေါ်နိုင်စွမ်းကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ COVID-19 ကာကွယ်ဆေး အကျိုးအာနိသင်ကို အကဲဖြတ်ဖို့ရာ စမ်းသပ်ချက်လုပ်ငန်းစဉ်တွေထဲက ပထမဆုံးအဆင့်လည်း ဖြစ်ပါတယ်။

@BBC

အဲဒီစမ်းသပ်ကာကွယ်ဆေးကို mRNA-1273 လို့ ခေါ်ဆိုပြီး (NIAID) အဖွဲ့အစည်း သိပ္ပံပညာရှင်တွေနဲ့ Moderna ဇီဝနည်းပညာကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *