Sponsored

အာဖဂန်နစ္စတန်ပဋိပက္ခမှာ အမေရိကန်နဲ့ နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ခွင့်လိုက်တဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

နိုင်ငံရေးအရ လုပ်ပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက အဲဒီလို ခွင့်ပြုလိုက်တဲ့လုပ်ရပ်ဟာ အံ့အားသင့်စရာဖြစ်ကြောင်း ICC ရဲ့ ကြေညာချက် ထွက်လာအပြီး နာရီပိုင်းအကြာမှာဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဝါရှင်တန် ဒီစီမြို့မှာ ကြာသပတေးနေ့က ပြောလိုက်တာပါ။

Sponsored

အာဖဂန်နစ္စတန်နိုင်ငံအတွင်း လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်း စစ်ဆေးရေးခြင်းမပြုဖို့ ၂၀၁၉ ခုနှစ်၊ ဧပြီလက ဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ အခြေစိုက်တဲ့ ICC က ကြာသပတေးနေ့မှာ ပယ်ချလိုက်တာ ဖြစ်ပါတယ်။

ICC ရဲ့ အခု ဆုံးဖြတ်ချက်အသစ်ကြောင့် ICC အမှုလိုက်အရာရှိ Fatou Bensouda အနေနဲ့ အာဖဂန်ပဋိပက္ခမှာ ပါဝင် ပတ်သက်နေကြတဲ့ အမေရိကန်တပ်ဖွဲ့တွေ၊ CIA ၊ တာလီဘန်အဖွဲ့၊ အာဖဂန်အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေအပြင် တခြား လက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးခွင့်ရှိမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ကြောင်းနဲ့ ဒီ တရားမဝင် တရားရုံးရဲ့ လုပ်ရပ်တွေကနေ အမေရိကန်နိုင်ငံသားတွေကို အတတ်နိုင်ဆုံး ခုခံ ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောပါတယ်။

Source(VOA)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *