Sponsored

အမေရိကန် သိပ္ပံပညာ ရှင်တွေဟာ နိုင်ငံအတွင်းရောဂါထိန်းချုပ်နေပုံကိုလေ့လာပြီး တစ်နေ့မှာ အမေရိကန်ဟာ ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံရလိမ့်မယ်ခန့်မှန်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်ဟာ မနေ့က ရောက်ရှိခဲ့ပါပြီ။

ယနေ့မနက်အစောပိုင်းနောက်ဆုံးသတင်းအရ ကူးစက်ခံရသူ ၈၂,၀၀၀ ကျော်နဲ့ သေဆုံးသူဦးရေ ၁၀၀၀ ကျော်သွားပါပြီ။ လူဦးရေ ၃၃၀ မီလီယံနဲ့ ကမ္ဘာ့ တတိယလူဦးရေ အများဆုံးဖြစ်တဲ့ အမေရိကန်ဟာ ရောဂါကူးစက်မှုဒဏ်ကို အလူးအလဲခံနေရပါပြီ။

Getty Images

ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူ့ပြည်နယ်နှင့်သူ အုပ်ချုပ်ရေးမှူးတွေကိုင်တွယ်ကြတာကြောင့် နိုင်ငံတော့အဆင့်ကပေးတဲ့ လမ်းညွှန်ချက်တွေဟာ တချို့ပြည်နယ်တွေမရောက်ရှိပဲ ခုလို ဗြုတ်စဗြင်းတောင်း တွေဖြစ်ကုန်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ နောက်တစ်ချက်ကတော့ ကြိုတင်ပြင်ဆင်မှုအားနည်းတာပါ။ အဲ့ဒီအချက်က အမေရိကန်ကို အလဲထိုးသွားခဲ့တာပါ။

Sponsored

New York Columbia University က ဗိုင်းရပ်စ်လေ့လာသူ Angela Rasmussen က ” ပထမဆုံး ရောဂါကူးစက်ခံရသူတွေနဲ့ နောက်ကြောင်းကို အတိအကျ ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင် ဒီအခြေအနေထိ မရောက်နိုင်ပါဘူး” လို့လည်းထောက်ပြခဲ့ပါတယ်၊ တရုတ်နိုင်ငံကိုလည်း ဒီအချက်ကပဲ ဒုက္ခ လှလှတွေ့စေခဲ့တာပါ။

Getty Images

ယခုဆိုရင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှာ လူပေါင်း ၅၁၂,၉၀၀ အထိကူးစက်ခံနေရပါပြီ။ တရုတ်နိုင်ငံဟာ အဆိုးဆုံးရင်ဆိုင်ခဲ့ရပေမယ့် နိုင်ငံပေါ်လစီအရ တစ်နိုင်ငံလုံးနီးပါး အပြင်မထွက်ရအမိနိ့ကို ချက်ချင်းချလိုက်နိုင်ပါတယ်။ တရုတ်ဆီက သင်ခန်းစာကို စင်ကာပူ၊တိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကလေ့လာပြီး အဆိုးဆုံးကိုရက်ဆိုင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါကြောင့် ကူးစက်မှုများပေမယ့် ထိန်းချုပ်နိုင်ခဲ့တာပါ။

Getty Images

ပင်တဂွန်မှာ ကမ္ဘာကပ်အတွက် တပ်ဖွဲ့သီးသန့်မရှိနေပါဘူး။ အိမ်ဖြူတော်က ဗိုင်းရပ်တိုက်ဖျက်ရေးအဖွဲ့ကခေါင်းဆောင်ပိုင်းတေွမှာ ဆရာဝန်တွေထက် နိုင်ငံရေးသမားကများနေပါတယ်။ ခုဆိုရင် အမေရိကန်နိုင်ငံသား ၁၆၀ မီလီယံ အပြက်မထွက်ဖို့ တိုက်တွန်းနေပါပြီ။ စားသောက်ဆိုင်ကစလို့ အလှပြင်ဆိုင် အထိ ပိတ်ရပါပြီ။ နယူးယော့ခ် မြို့ကြီးက ဆေးရုံတွေမှာ လူနာတွေ တန်းစီလို့နေပါပြီ။

Writer- ZWP ( The Lifestyle Myanmar )
Source- New York Times

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *