
BBC




CNNး









Via: Myanmar Now


#Unicode Version

အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့သည် နှစ်ဖက် သွင်းကုန်များကို ထပ်ဆောင်းအခွန်များ တိုးမြှင့်ကာ ကိုယ်ကျိုးစီးပွားကာကွယ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်များတွင် ထိခိုက်လျက်ရှိပေရာ စုစုပေါင်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်တွင် ဒေါ်လာ တစ်ထရီလီယံဖိုး ဆုံးရှုံးနေပြီဖြစ်သည်။

အမေရိကန်က တရုတ်မှလာသည့် သွင်းကုန်များကို ထပ်ဆောင်းအခွန်များဖြင့် စည်းကျပ်ခဲ့ပြီးနောက် အမေရိကန်ကုန်စည်များကို အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံဖိုး ထပ်တိုးအခွန်ဖြင့် တုံ့ပြန်မည်ဟု တရုတ်က ကြေညာလိုက်ပြီးနောက် ဖြစ်ပေါ်လာသော စတော့ဈေးကျဆင်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်တွင် ဒေါ်လာ တစ်ထရီလီယံဖိုး ဆုံးရှုံးရခြင်းတွင် နည်းပညာကဏ္ဍက ထိပ်ဆုံးက ဖြစ်သည်။

ဥရောပ စတော့ဈေးကွက်တွင် ရှယ်ယာတန်ဘိုးများ ၁ ဒသမ၂ ရာခိုင်နူန်းအမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်တွင် ဒေါ်လာ တစ်ထရီလီယံဖိုး ဆုံးရှုံးကာ ထွန်းသစ်စ နိုင်ငံများ၏ စတော့များတွင်မူ ၁ ဒသမ ၇ ရာခိုင်နူန်းအထိ ကျဆင်းသည်။

အမေရိကန်ပြည်ထောင်စုဘက်တွင်လည်း ပြင်းထန်စွာထိခိုက်ခဲ့ကာ စတော့ဈေးကွက်များတွင် ၂ ဒသမ ၄ ရာခိုင်နူန်းအထိ ကျသွားခဲ့သည်။ Nasdaq စတော့ဈေးကွက် တွင်လည်း စတော့တန်ဖိုးများ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျခဲ့ရာ တစ်နှစ်အတွင်း အမြင့်ဆုံး အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်တွင် ဒေါ်လာ တစ်ထရီလီယံဖိုး ဆုံးရှုံးမှုနူန်းဖြစ်ခဲ့သည်။

တရုတ်ဘက်က ထပ်ဆောင်းအခွန်စည်းကျပ်မယ့် လှုပ်ရှားမှုကို မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ပြင်းထန်မှုက ရင်းနှီးမြှုပ်နှံသူများကို အံ့သြသွားစေပါတယ်” ဟု နယူးယောက်အခြေစိုက် ဘဏ္ဍာရေးဆိုင်ရာအတိုင်ပင်ခံ ကုမ္ပဏီ Wedbush Securities မှ နည်းပညာကဏ္ဍသုံးသပ်သူ ဒန်အိုက်ဗ်စ် က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူများက အမေရိကန်အစိုးရဘက်မှ ခြိမ်းခြောက်လာမှုများကို လေ့လာနေပြီး၊ လာမည့်ရက်များ အတွင်း တရုတ်ဘက်က တန်ပြန်လုပ်ဆောင်လာချက်များကို စောင့်ကြည့်နေကြစဉ် တရုတ်ဘက် ကုန်သွယ်ရေး စစ်မျက်နှာစာသည် Apple နှင့် အမေရိကန်နည်းပညာ ကဏ္ဍအတွက် ချက်ခြင်းအရေးတကြီး ကိုင်တွယ်ရမည့် အရေးမဟုတ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

အမေရိကန်ထိပ်တန်း နည်းပညာကုမ္ပဏီများသည် စတော့လောကတွင် အဆိုးရွားဆုံး ထိခိုက်ကြရသည်။

Intel သည် ၂ ဒသမ ၇ ရာခိုင်နူန်းကျဆင်းပြီး Apple က ၅ ဒသမ ၄ ရာခိုင်နူန်းကျဆင်းကာ Caterpillar က ၅ ရာခိုင်နူန်း ကျဆင်းသွားသည်။

အမေရိကန်သွင်းကုန် ဒေါ်လာ ၆၀ ဘီလီယံဖိုးကို ၂၅ ရာခိုင်နူန်းအခွန်ကောက်မည်ဟု တရုတ်က ကြေညာလိုက်ပြီး အမေရိကန်စတော့ ဈေးကွက်တွင် ထိခိုက်မှုများ ဖြစ်လာကာ၊ တရုတ်၏ အဆိုပါ အစီအစဉ်သည် ဇွန်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

အမေရိကန်ကုန်စည် ၂၄၉၃ မျိုး သည် ထပ်ဆောင်းကုန်စည်ခွန် ၂၅ ရာခိုင်နူန်း တိုးဆောင်ရမည်ဖြစ်ကာ ၊ အမေရိကန်ကုန်စည် ၁၀၇၈ မျိုးသည် ၂၀ ရာခိုင်နူန်းတိုးဆောင်ရမည်ဖြစ်ပြီး ၊ အမေရိကန်ကုန်စည် ၉၇၄ မျိုးက ၁၀ရာခိုင်နူန်း ထပ်တိုးခွန်ဆောင်ရမည်ဖြစ်သည်။ ၅ ရာခိုင်နူန်းထပ်တိုးဆောင်ရမည့် ကုန်စည် ၅၉၅ မျိုးလည်း ရှိသည်။

အမြင့်ဆုံးထိမည့် ကုန်စည်များတွင် ဟင်းချက်ဆီများ၊ အေးခဲ ဟင်းသီးဟင်းရွက်များ၊ ဝိုင်၊ ဘီယာ နှင့် အခြား အဖျော်ယမကာများ၊ စက်မှုသုံး ဓာတ်သတ္တုများ၊ ဓါတုပစ္စည်းများ၊ အထည်အလိပ်နှင့် ကျောက်မျက်ရတနာများ၊ သတ္တုထုတ်ကုန်များ၊ စက်ကိရိယာများ၊ အိမ်သုံးပစ္စည်းများမှသည် ကွန်ဒုံးများအထိ ပါဝင်သည်။

Ref: South China Morning Post
Via: Myanmar Now