Sponsored

ရန်ကုန်- COVID-19ရောဂါပိုးကူးစက်ခံထားရသည့် လူနာနှစ်ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကကြေညာခဲ့ပြီးနောက် တက္ကသိုလ်များ၌ ကျင်းပနေဆဲ ပထမနှစ်ဝက် စာမေးပွဲကို ယနေ့မှစတင် ရပ်ဆိုင်းလိုက်သည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ အစိုးရ‌စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများက မတ်လ ၂၄ရက်မှစကာ စာမေးပွဲကို ယာယီ ရပ်ဆိုင်းကြောင်း မတ်လ ၂၄ ရက် နံနက် စောတွင် ကြေညာသည်။

တက္ကသိုလ်စာမေးပွဲများ ရပ်ဆိုင်းလိုက်ရပြီ

တက္ကသိုလ်အများစု၏ ပထမနှစ်ဝက်စာမေးပွဲများ ကို မတ်လ ၁၈ရက်က စတင်‌ကျင်းပရာ မတ်လ ၂၄ရက်တွင် အချို့ တက္ကသိုလ်များက ဘာသာရပ်နှစ်ခု ၊အချို့က နှစ်ဘာသာထက်ပိုကာ စာမေးပွဲ‌ဖြေဆိုရန် ကျန်ရှိနေသေးသည်။

Sponsored

‌‌ဖြေဆိုရန်ကျန်နေသေးသည့်ဘာသာရပ်များကို အစားထိုးစာမေးပွဲ ပြန်လည်ပြုလုပ်ချိန်တွင် ‌ဖြေဆိုရမည်ဟု တက္ကသိုလ်များက ကြေညာသည်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကလည်း မတ်လ၂၆ ရက်တွင် စတင်မည့် ပထမနှစ်ဝက်စာမေးပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာသည်။

တက္ကသိုလ်စာမေးပွဲ ဆက်လက်ကျင်းပမှု၊ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်ပညာရေးအဖွဲ့ကို ဆုံးဖြတ်ခွင့်ပေး ထားကြောင်းနှင့် ဝန်ကြီးရုံးကလည်း တရားဝင်ကြေညာပေးမည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။

အခြားတက္ကသိုလ်များကလည်း စာမေးပွဲရပ်ဆိုင်းမှု၊ ဆက်လက်ကျင်းပမှု နှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးများ မတ်လ ၂၄ရက် နံနက် ၇နာရီထက် နောက်မကျဘဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာကျောင်းသားသမဂ္ဂများက သတင်းထုတ်ပြန်ထားသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *