Sponsored

ဗြိတိန်နိုင်ငံ၏ ပါလီမန်အမတ်တစ်ဦးလည်းဖြစ်ပြီး အငယ်တန်းကျန်းမာရေးဝန်ကြီးလည်းဖြစ်သူ Nadine Dorries(အသက် ၆၂နှစ်)သည် COVID-19 သင့်နေသည်ကို စစ်ဆေးတွေ့ရှိ အတည်ပြုကြောင်း အစိုးရသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

@CNA

ကျွန်မကိုယ်တိုင် အတည်ပြုပေးနိုင်ပါတယ်။ ကျွန်မဆီမှာ ကိုရိုနာဗိုင်းရပ်စ်သင့်နေပြီဖြစ်ပြီး အိမ်မှာ သီးသန့် ခွဲနေပြီး ကုသမှုခံယူနေပါတယ်”ဟု ကွန်ဆာဗေးတစ်ပါတီအမတ် Nadine Dorries ကပြောသည်။

သူ့ထံသို့ ယင်းဗိုင်းရပ်စ် ကူးစက်လာမှုကို ခြေရာခံထောက်လှမ်းနေကြောင်း ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများကဆိုသည်။ သူသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗြိိတိန်ဝန်ကြီးချုပ်၏ အိမ်တွင်ပြုလုပ်သော ဝန်ကြီးချုပ်နှင့် ပါလီမန်အမတ်ရာနှင့်ချီ၍ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

Sponsored
@CNA

ကျွန်မကို ဆုမွန်ကောင်းတွေ အများကြီးတောင်းပေးကြတာကို ကျေးဇူးတင်ပါတယ်။ တော်တော်လေး ခံလိုက်ရပေမယ့် ခုတော့ အခြေအနေဆိုးကိုကျော်လွှားနိုင်လာပါပြီ။ ကျွန်မနဲ့အတူနေတဲ့ အသက် ၈၄ နှစ်အရွယ် ကျွန်မရဲ့ မိခင်ကြီးအတွက်ကိုသာ ပိုပြီးစိုးရိမ်နေတာပါ။ သူက ဒီနေ့ ချောင်းစပြီးဆိုးနေလို့ပါ။ နက်ဖြန်ကျရင် သူ့ကို စစ်ဆေးတော့မယ်လေ။ အားလုံး လက်တွေ သေသေချာချာဆေးကြပြီး လုံလုံခြုံခြုံနေကြပါ”ဟု မစ္စ Nadine Dorries က သူ၏ တရားဝင် တွစ်တာအကောင့်တွင် ယနေ့(မတ် ၁၁)ရေးသားထားသည်။

ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်မားလာပြီး မတ်လ(၁၀)ရက်နေ့တွင် အတည်ပြုလူနာအသစ် ၆၂ ဦးတွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ ၃၈၃ ဦးရှိပြီဖြစ်သည်။ ယင်းတို့အနက် ၆ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးမှာ ကုသပျောက်ကင်းခဲ့သဖြင့် လက်ရှိတွင် အတည်ပြုလူနာ ၃၅၉ ဦးကို ပြုစုကုသပေးနေလျှက်ရှိကြောင်းသိရသည်။

Source: CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *