Sponsored

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၆ နာရီလောက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရမ်းဗြဲ အန်အယ်လ်ဒီက ပြောပါတယ်။

ရမ်းဗြဲမြိုနယ် အန်အယ်လ်ဒီ အလုပ်မှုဆောင် အတွင်းမှူး ဦးခင်ရီက “အဲဒီမှာ ကျောက်ဆောက် ဆိုတဲ့ရွာနဲ့ ကုလားပုန်း ဆိုတဲ့ရွာကြားမှာ အဖမ်းခံရတာ။ သူတို့ညီအစ်ကို နှစ်ယောက်က အလုပ်ပြီးလို့ ရန်ကုန်-ကျောက်ဖြူ ကားလမ်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်မှာ အေအေအဖွဲ့ကနေ ဖမ်းဆီးသွားတာပါ။ လက်နက်ကိုင်ထားတဲ့ လူ ၈ ယောက်နေ ဖမ်းဆီးသွားတာပါ။ သူတို့ ၈ ယောက်လုံးမှာလည်း ဆိုင်ကယ်နဲ့၊ အစ်ကိုဖြစ်သူကိုတော့ မဖမ်းဘူး၊ လွှတ်လိုက်တယ်။ ကိုဇေယျာမင်းကိုတော့ ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။

အန်အယ်လ်ဒီအလုပ်မှုဆောင် ဦးဇေယျာမင်း

ဦးဇေယျာမင်းဟာ ကုလားပုန်းကျေးရွာမှာ သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူတယောက် ဖြစ်ပြီး အေအေအဖွဲ့က အခုလို ဖမ်းဆီးသွားတဲ့အပေါ် ရဲစခန်းမှာ အမှုဖွင့်လှစ်မယ်လို့ ဦခင်ရီက ဒီဗွီဘီကို ပြောပါတယ်။

Sponsored

သူတို့မှာ သေနတ်ပါတယ်လေ။ အဲဒါကြောင့် ကျနော်တို့က အေအေလို့ ပြောတာပေါ့။ ကျနော်တို့နယ်မှာ အေးချမ်းတယ်လေ။ သေနတ်ကိုင်တယ် ဆိုတာလည်း အေအေပဲ ကိုင်မှာပေါ့။ အခု ကျနော်တို့ ကိုဇေယျာမင်း မိန်းမနဲ့ ရမ်းမြို့မရဲစခန်း ရောက်နေတယ်။ အမှုဖွင့်ဖို့ဆိုပြီးတော့ အခုလေးတင်ပဲ ရောက်နေကြပါတယ်။ မိန်းမဖြစ်သူကိုတော့ ရဲစစ်ဆေးချက် ယူနေပါတယ်။

မကြာခင်သေးခင်က ရမ်းဗြဲမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ လုပ်ဆောင်ခဲ့တာကြောင့် ဦးဇေယျာမင်းကို ဖမ်းဆီးခေါ်သွားတယ်လို့ ယူဆကြောင်း ဦးခင်ရီက ပြောပါတယ်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို အေအေအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာဟာ ရမ်းဗြဲမြို့နယ်နဲ့ ၁၀ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *