အဆင္းရဲဆံုးႏိုင္ငံအျဖစ္က လြတ္ေျမာက္ရန္ စံသတ္မွတ္ခ်က္ ၃ ခုကို ျပည့္မီေအာင္ ေဆာင္ရြက္ႏိုင္ၿပီဟု သမၼတေျပာ

Myanmar President Office

ျမန္မာႏိုင္ငံအေနနဲ႔ ဖြံ႕ၿဖိဳးမႈအနည္းဆုံး ႏိုင္ငံမ်ားစာရင္း (LDC)က လြတ္ေျမာက္ေရး စံသတ္မွတ္ခ်က္ သံုးခုလုံးကို ၂၀၁၈ ခုႏွစ္မွာ ပထမအႀကိမ္ ျပည့္မီတဲ့ တိုးတက္မႈရလဒ္ ရရွိခဲ့တယ္လို႔ ႏိုင္ငံေတာ္ သမၼတ ဦး၀င္းျမင့္က ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ျမန္မာႏွစ္ဆန္း ၁ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတက ႏွစ္သစ္ကူးႏုတ္ခြန္းဆက္စကား ေျပာၾကားရာမွာ ထည့္သြင္းေျပာသြားတာပါ။

၂၀၁၈ ခုႏွစ္ ဧၿပီလမွ စက္တင္ဘာလအထိ ပထမ(၆)လမွာ တုိင္းျပည္ရဲ႕ စီးပြားေရးတိုးတက္မႈဟာလည္း ၆ ဒသမ ၅ ရာခိုင္ႏႈန္း တိုးတက္ခဲ့တယ္လို႔ သမၼတက ေျပာပါတယ္။

Myanmar President Office

အန္အယ္လ္ဒီ အစိုးရ စတင္တာဝန္ထမ္းေဆာင္ခဲ့တဲ့ ၂၀၁၆ – ၂၀၁၇ ဘ႑ာႏွစ္ ဧၿပီလ ၁ ရက္ကေန ၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္ မတ္လ ၃၁ ရက္ေန႔အထိ (၃) ႏွစ္တာ ကာလအတြင္း ျပည္ပႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွ စီးဝင္ခဲ့တဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအေရအတြက္ စုစုေပါင္း ၅၈၄ ခုရွိၿပီး တန္ဖိုး အေမရိကန္ေဒၚလာ ၁၅ ဒသမ ၉၉ ဘီလီယံ ရွိတယ္လို႔လည္း ဆိုပါတယ္။

အလားတူကာလအတြင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က စိစစ္ခြင့္ျပဳခဲ့တဲ့ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအေရအတြက္ကေတာ့ စုစုေပါင္း ၃၅၉ ခုနဲ႔ တန္ဖိုး က်ပ္ က်ပ္ ၇၃၉၀ ဒသမ ၃၄ ဘီလီယံ ရွိတယ္လို႔လည္း သမၼတက ေျပာပါတယ္။

အစိုးရအေနနဲ႔ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ လွ်ပ္စစ္မီးရရွိေရး တိုးျမႇင့္ေဆာင္႐ြက္ေပးႏိုင္ခဲ့ သလို ႏိုင္ငံတ၀န္း လမ္းပန္း ဆက္သြယ္ေရး အဆင္ေျပေခ်ာေမြ႕ေစဖို႔ လမ္းတံတားအသစ္ေတြ တည္ေဆာက္ေပးႏိုင္ခဲ့တယ္၊ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ နယ္ပယ္ခ်ဲ႕ထြင္ႏိုင္ခဲ့ၿပီး e-Visaစနစ္ ခြင့္ျပဳေပးတာနဲ႔ ေလဆိပ္ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ခဲ့ တယ္လို႔ ေျပာပါတယ္။

အစိုးရအဖြဲ႔အေနနဲ႔ ရရွိၿပီးျဖစ္တဲ့ ေအာင္ျမင္မႈေတြကို ၾကည့္ၿပီး တင္းတိမ္ေရာင့္ရဲေက်နပ္ေနမွာ မဟုတ္ဘဲ အမိျမန္မာႏိုင္ငံေတာ္ႀကီး ေခတ္မီဖြံ႕ၿဖိဳး တိုးတက္ၿပီး ကမၻာ့ အလယ္မွာ တင့္တယ္လာေအာင္၊ ႏိုင္ငံသူ ႏိုင္ငံသားေတြရဲ႕ လူမႈစီးပြားဘ၀ျမင့္မားလာၿပီး ေပ်ာ္႐ႊင္ခ်မ္းေျမ့ေအာင္၊ ျပည္သူေတြ ျမင္ခ်င္ ေတြ႕ခ်င္ေနတဲ့ အေျပာင္းအလဲေတြကို မ်က္ဝါး ထင္ထင္ေတြ႕ျမင္ရေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔လည္း သမၼတက ေျပာပါတယ္။

Via: DVB


#Unicode Version

မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း (LDC)က လွတ်မြောက်ရေး စံသတ်မှတ်ချက် သုံးခုလုံးကို ၂၀၁၈ ခုနှစ်မှာ ပထမအကြိမ် ပြည့်မီတဲ့ တိုးတက်မှုရလဒ် ရရှိခဲ့တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ နိုင်ငံတော်သမ္မတက နှစ်သစ်ကူးနုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ(၆)လမှာ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာလည်း ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်နေ့အထိ (၃) နှစ်တာ ကာလအတွင်း ပြည်ပနိုင်ငံပေါင်း ၂၂ နိုင်ငံမှ စီးဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် စုစုပေါင်း ၅၈၄ ခုရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉ ဘီလီယံ ရှိတယ်လို့လည်း ဆိုပါတယ်။

အလားတူကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်ကတော့ စုစုပေါင်း ၃၅၉ ခုနဲ့ တန်ဖိုး ကျပ် ကျပ် ၇၃၉၀ ဒသမ ၃၄ ဘီလီယံ ရှိတယ်လို့လည်း သမ္မတက ပြောပါတယ်။

အစိုးရအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးရရှိရေး တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ သလို နိုင်ငံတဝန်း လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ လမ်းတံတားအသစ်တွေ တည်ဆောက်ပေးနိုင်ခဲ့တယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ နယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပြီး e-Visaစနစ် ခွင့်ပြုပေးတာနဲ့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တယ်လို့ ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ရရှိပြီးဖြစ်တဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး တင်းတိမ်ရောင့်ရဲကျေနပ်နေမှာ မဟုတ်ဘဲ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ကမ္ဘာ့ အလယ်မှာ တင့်တယ်လာအောင်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝမြင့်မားလာပြီး ပျော်ရွှင်ချမ်းမြေ့အောင်၊ ပြည်သူတွေ မြင်ချင် တွေ့ချင်နေတဲ့ အပြောင်းအလဲတွေကို မျက်ဝါး ထင်ထင်တွေ့မြင်ရအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။

Via: DVB