Sponsored

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးအပ်သော လူမှုရေးထောက်ပံ့ငွေများကို ရပ်ကွွက်အုပ်ချုပ်ရေးမှူးက အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်တော့် အနေနဲ့ လုံးဝမကျေနပ်ဘူး ဒီလိုနိုင်ငံတော်က သက်ကြီးရွယ်အိုတွေကို ထောက်ပ့ံပေးတဲ့ငွေတောင် အုပ်ချုပ်ရေးမှူးတွေက အခုလို ထုတ်မပေးပဲ လက်ဗွေအတုလုပ်ပြီး ထုတ်ယူတာက ကြားလို့မှမကောင်းဘူး အဘ ဖြင့် ခေတ်အဆက်ဆက် နေလာတာ ၈၅ နှစ် ဒီလောက်ဆိုးတာ မကြားမိဖူးဘူး ဒီက တာဝန်ရှိတဲ့ အုပ်ချုပ်ရေးမှူးကို ထိထိရောက်ရောက် အရေးယူပေးမှ အဘအနေနဲ့ကျေနပ်နိုင်မှာဖြစ်တယ်” လို့အသက် ၈၅ နှစ်အရွယ် ဦးတင့်ဝေကပြောပါတယ်။

ဓာတ်ပုံ – ငွေအလွဲသုံးစားပြုလုပ်ခံရသူ ဦးတင့်ဝေ

မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့စံခေါင်ရပ် အ ကွက် (၃၁) ဦးတင့်ဝေ DJ ၁၅၅၄၆၃၊ ၉၊ /မနမ(နိုင်) ၀၁ ၉၅၈၁ သည် ၂၀၁၈ ခုနှစ်တွင် အသက်(၈၅)နှစ် ပြည့်ခဲ့တာကြောင့် ၂၀၁၈ခုနှစ် (၁၀)လပိုင်းမှ စကာ နိုင်ငံတော်မှ(၃)လတစ်ကြိမ်ထောက်ပံ့တဲ့ ငွေများကို ထုတ်ပေးခဲ့ရာ ၂၀၁၉-ခုနှစ် ဇွန် လအထိ ထုတ်ပေးခဲ့ပေမယ့် ဇူလိုင် သြဂုတ်၊ စက်တင် ဘာ(၃)လစာ ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လက်ဗွေအတုများနဲ့ထုတ်ယူ သုံးစွဲခဲ့ကြောင်းသိရပါတယ်။

Sponsored

အဲ့ဒီရာအိမ်မှူးကတော့ လစ်သွားပီ သူလုပ်ထားတဲ့ဟာတွေကို ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ စိုက်ပြီး ဘိုးဘွားတစ်ယောက်ချင်းဆီကို ကျွန်တော်တို့ လိုက်ပေးနေပါတယ်။ ဘိုဘွားဦးရေကတော့ (၇၃)ယောက်ဖြစ်ပါတယ် အလွဲသုံးစားပြုလုပ်သူကတော့ ရာအိမ်မှူး ဦးသန့်ဇင် ဖြစ်ပါတယ်။“လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းက ပြောပါတယ်။

ဓာတ်ပုံ – မင်းထွဋ်ခေါင်

သက်ကြီးဘိုးဘွားထောက်ပ့ံငွေကို အလွဲသုံးစားပြုလုပ် လက်ဗွေအတုလုပ်ပြီး ထုတ်ယူသွားတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူကို အရေးယူဆောင်ရွက်ပေးရန် ဇန်နဝါရီလ(၁၄)ရက်နေ့က မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များရုံးကို နှုတ်ဖြင့်လည်းကောင်း၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌထံ လိပ်မူတက်ပြီး မိတ္တူများကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများရုံးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လည်းကောင်း တိုင်တန်းခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်း အရေးယူဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးစေလိုကြောင်း ထုတ်ယူသုံးစွဲခံရသူ ဘိုးဘွားများက လိုလားနေကြပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့စံခေါင်ရပ် အ ကွက်အတွင်းမှာ ၈၅ နှစ်ပြည့်ပြီးသူ ဘိုးဘွား ၉၂ ဦးရှိတဲ့ရပ်ကွက်တခုလည်းဖြစ်ပါတယ်။

သတင်း ဓာတ်ပုံ – မင်းထွဋ်ခေါင်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *