Sponsored

မဲတစ်ပြားသည် တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုးကိုဖန်တီးနိုင်ခြင်းကြောင့် ပထွေးတို့ မိထွေးတို့ကို မရွေးမိရန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်ပြောကြားသည်။

ကန်ကြီးဒေါင့်မြို့နယ်သို့ နိုင်ငံတော်သမ္မ(ငြိမ်း) ဦးသိန်းစိန် ရောက်ရှိခဲ့စဉ်က လယ်သမားမိသားစုများက ဂါရဝပြုကန်တော့ခွင့် တောင်းခံသဖြင့် ဂါရဝပြုခံခဲ့စဉ် ယင်းသို့ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်

ဒီမဲတစ်ပြားက တိုင်းပြည်အတွက်လည်း ကောင်းကျိုးဆိုးကျိုးကိုဖန်တီးနိုင်တယ် ဒေသအတွက်လည်း ကောင်းကျိုးဆိုးကျိုးကိုဖန်တီးနိုင်တယ် ကိုယ့်အတွက်လည်း ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်တယ် ပထွေးတို့ မိထွေးတို့ကို မရွေးမိဖို့အရေးကြီးတယ် ဖအေအရင်း မအေ အရင်းကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးအပေါ်မှာစေတနာအရှိဆုံးပဲမေတ္တာအရှိဆုံးပဲ”ဟု နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကပြောသည်။

Sponsored

ထို့အတူ ကိုယ့်တိုင်းပြည်ကောင်းအောင်လုပ်မည့်သူ၊ ကိုယ့်လူမျိုးကောင်းအောင်လုပ်မည့်သူကို လုပ်စေချင်ကြောင်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကိုယ့်ထက်ပိုလုပ်နိုင်မည် ဆိုသည့်မျှော်လင့်ချက်ဖြင့် လွှဲပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးသိန်းစိန်ကပြောသည်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ့်ထက်ပိုပြီးတော့ လုပ်နိုင်မှာပဲ တို့ဘဝတွေတော့တိုးတက်လာမှာပဲ တို့ဘဝတွေဘာပဲဖြစ်ဖြစ် ပိုပြီးပြည့်စုံလာမယ် တို့တိုင်းပြည် ကလည်း ပိုပြီးစီးပွားရေးကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ခင်ဗျားတို့လည်း မဲထည့်ကြပြုကြတာပဲ ၊ကျွန်တော်တို့လည်း နောက်တက်လာမယ့် အစိုးရက ကိုယ့်ထက်ပိုပြီးတော့ လုပ်နိုင်မှာပဲဆိုပြီး ဒီလိုမျှော်လင့်ချက်နဲ့ လွှဲပြုပေးတာပဲ အစိုးရလဲသူတက်နိုင်သလောက်တော့ သူလုပ်ပြုပေးတာပေါ့ ဒါပေမယ့်လည်း ကောင်းတယ်မကောင်းဘူးဆိုတာကတော့ ခင်ဗျားတို့ရဲ့အဆုံးအဖြတ်အပေါ်မှာမူတည်တာပေါ့ “ဟု နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ပြောကြားခဲ့သည်။

Source: USDP

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *