Sponsored

မြဝတီမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ကျပ်တစ်ထောင်တန် လစာငွေ ငါးသိန်းကို ပြည်သူများအား ဇန်နဝါရီလ ၇ ရက်နေ့ နံနက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည် ဒီဇင်ဘာလအတွက် ရရှိသော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူ ၅ သိန်းကျပ်ကို မြဝတီမြို့မှ ပြည်သူများအား တစ်ဦးလျှင် တစ်ရွက်စီ ဝေငှလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

@Facebook

ပြည်သူများ နှစ်၊ လချီ မျှော်လင့်စောင့်ဆိုင်းခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငွေစက္ကူများ ပြည်သူ့လက်ထဲသို့ ရောက်စေချင်၍ ယခုကဲ့သို့ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားခဲ့သည်။

Sponsored
@Facebook

ဗိုလ်ချုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေတဲ့ ကျပ်တစ်ထောင်တန် ငွေစက္ကူ တစ်ရွက်စီကို တစ်ဦးချင်း ဝေပေးတာပါ၊ ပြည်သူတွေအားလုံးက ဗျိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူကို မျှော်လင့်နေကြတာ ကြာခဲ့ပါပြီ၊ ဒီနေ့မှ ကျွန်တော့်လက်ထဲ ရရှိခဲ့တာမို့ ကျွန်တော့်လစာ ၅ သိန်းကျပ်ကို တစ်ရွက်စီ ဝေပေးတာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ နည်းကောင်းနည်းပေမဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော် ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ပုံ ပါရှိနေတာမို့ တန်ဖိုးဖြတ်လို့တော့ မရဘူးပေါ့။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း မျှော်လင့်နေကြတယ်။

@Facebook

ပြည်သူအားလုံးလက်ထဲ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေ ချက်ချင်းရောက်ဖို့က မလွယ်ဘူးလေ၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တာမို့ ရင်ထဲမှာ အားရဝမ်းသာ ဖြစ်မိတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ပုံပါ ကျပ်တစ်ထောင်တန် ၅ သိန်းကို ဒီနေ့ပြည်သူတွေကို အမှတ်တရ ဝေပေးလိုက်တာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

@Facebook

ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံအား အစိုးရဌာနဆိုင်ရာ ရုံးခန်းများ၊ ခန်းမများနှင့် စာသင်ကျောင်းများတွင် မြတ်နိုးစွာဖြင့် ချိတ်ဆွဲ၍ အလေးအမြတ်ထား ဂုဏ်ပြုပေးနိုင်ရေးအတွက် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ကရင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သူ တစ်ဦးဖြစ်ကာ ၎င်းအဆို တင်သွင်းမှုမှာလည်း အောင်မြင်ခဲ့ကြောင်း သိရသည်။ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်သည်။

@Facebook

ကျနော်တွင် ရှိနေသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(ပုံပါ) ငွေစက္ကူများကို နှစ်သစ်ကူး လက်ဆောင်အဖြစ် တစ်ဦးလျှင် (၁၀၀၀) ကျပ်တန် တစ်ရွက်ယနေ့ (၇-၁-၂၀၂၀) ရက်နေ့တွင် အမှတ်တရ လက်ဆောင်အဖြစ် ပေးသွားမည် ဖြစ်ပါကြောင်း ၎င်း၏ကိုယ်ပိုင် ဖေ့ဘုတ် အကောင့်တွင် အများသိစေရန် ရေးသားခဲ့သည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *