Sponsored

ယနေ့( ဖေဖော်ဝါရီ ၁၈ )နံနက် ၁၀ နာရီက ဒလမြို့ဘက်ခြမ်း ဘောဆိပ်ကမ်းတွင် ထွက်ခွာစပြုနေပြီဖြစ် သည့် သင်္ဘောပေါ်မှ အမျိုးသမီးတစ်ဦး ရေထဲသို့ပြုတ်ကျခဲ့ပြီး ဦးဆောင်ကယ်တင်သူ ရေယာဉ်မှူးနှင့် ဝိုင်းဝန်းကူညီ ကယ်ဆယ်သူများကို သတင်းကြားသိရသူများက ဝိုင်းဝန်း ချီးကျူးနေကြသည်။

ထွက်ခါစသင်္ဘောပေါ်မှ အမျိုးသမီးတစ်ဦးရေထဲသို့ ပြုတ်ကျသွားချိန်တွင် သင်္ဘောပေါ်မှ အသက်ကြီးကြီးလူတစ်ဦးက အရင်လိုက်ဆင်းသွားပြီးနောက် သင်္ဘောသားတစ်ဦးလည်း ရေထဲသို့လိုက်ဆင်းကာ ကူ ညီကယ်ဆယ်ခဲ့သည်။ ထို့အတူ ကမ်းပေါ်တွင် ရှိသူများကလည်း ဆွဲတင်ပေးခြင်းများဖြင့် ကူညီပေးခဲ့ကြသည်။

Photo: Kyaw Win

နောက်ပိုင်းတွင် ထိုကဲ့သို့ရေထဲသို့ချက်ခြင်းလိုက်ဆင်းသွားပြီး ကယ်ဆယ်ခဲ့သူမှာ အဆိုပါ ချယ်ရီ- ၁ သင်္ဘော၏ရေယာဉ်မှူးဖြစ်သူ ဦးမြင့်အေးဖြစ်ကြောင်း သိရသည်။

Sponsored

ရေထဲသို့ပြုတ်ကျသွားသည့်အမျိုးသမီးမှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိကာ မွန်ပြည်နယ်ရေးမြို့ဒေသခံဖြစ် ကြောင်းသိရသည်။ သင်္ဘောပေါ်ရောက်ပြီးနောက် သူမ၏အဖော်ဖြစ်သူမှာ ကမ်းပေါ်တွင် ကျန်ခဲ့သည့်အတွက် ကမ်းမှထွက်ခါစသင်္ဘောပေါ်မှ တံခါးကိုဖွင့်ကာ ကမ်းပေါ်သို့ပြန်တက်ခဲ့စဉ် ရေထဲသို့ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Photo: Kyaw Win

အဆိုပါအမျိုးသမီးမှာ ထဘီစကတ်ဝတ်ထားပြီး ထွက်ခါစ သင်္ဘောနှင့် ဘော အကြား ရေထဲတွင် နစ်မြှပ် လိုက်ပေါ်လိုက်ဖြစ်နေချိန်တွင် သင်္ဘောအပေါ်ဆုံးထပ်မှ ရေယာဉ်မှူ ဦးမြင့်အေးက ၎င်း၏ ဖိနပ်ကိုပင် မချွတ်တော့ဘဲ ရေထဲသို့လိုက်ဆင်းသွားကာ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယခုဖြစ်စဉ်ကလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့နေကာ ရေယာဉ်မှူ းနှင့် သင်္ဘောသားအပါအဝင် ဝိုင်းဝန်းကူညီကယ်ဆယ်ပေးခဲ့ကြသူများကို ချီးကျူ းနေကြခြင်းဖြစ်
သည်။

Credit : Kyaw Win

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *