Sponsored

လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များကို မေ့ချန်ထား၍ ရသည့် နေရာ နှစ်နေရာသာရှိပြီး ကျန်သည့်နေရာများတွင် ချန်ထားခဲ့၍မရကြောင်း မင်းကင်းမြို့နယ် ကိုယ်စားလှယ် ဦးမောင်မြင့်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မင်းကင်းမြို့နယ် ကိုယ်စားလှယ် ဦးမောင်မြင့်

တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း လွှတ်တော် ကိုယ်စားလှယ်တွေပဲ၊ တပ်မတော်သားကိုယ်စားလှယ်တွေကို မေ့ထားခဲ့လို့ရတာနှစ်နေရာပဲ ရှိတယ်။ နံပါတ်တစ်က လစာပေးစရာမလိုဘူး။ သူတို့ကိုတပ်မတော်က လစာပေးတယ်။ နံပါတ် ၂ က တော့ ဒုတိယသမ္မတလောင်း ရွေးချယ်တဲ့နေရာမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ မဲပေးစရာမလိုဘူး။ ဒီနှစ်ခုကလွဲရင် ကျန်တာအကုန်လုံးသည် တပ်မတော်သားတွေကို ချန်ထားခဲ့လို့ မရဘူး”ဟု ဦးမောင်မြင့်က ပြောသည်။

တပ်ကိုယ်စားလှယ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၉ ရက်တိုင်တိုင် မဲခွဲဆုံးဖြတ်မှုများ ရှိနေပြီး၊ ယခင်ရက်ကလည်း ထောင်းပလောင်းချေအောင် ဆွေးနွေးခဲ့ကြခြင်းကြောင့် ပြည်သူများ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်ကို ပိုမိုပြီးကြေညက် လာသည်၊ နိုင်ငံရေး ရေချိန်မြင့်လာသည် ဟုလည်း ၎င်းကဆိုသည်။

Sponsored

နိုင်ငံရေးရေချိန်မြင့်လာလေ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မယ့်သူ တွေ ပိုများလာလေဆိုရင် ပိုပြီးတော့မှ ဒီလိုမျိုးဆောင်ရွက်ပေးတဲ့ လွှတ်တော်ကြီးကိုပဲ ပိုပြီးကျေးဇူးတင်တယ်လို့ပြောရမှာပါ”ဟု ဦးမောင်မြင့်က ဆက်လက်ပြောကြား ခဲ့သည်။

Source: Hluttaw Channel

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *