ရန္ကုန္ၿမိဳ႕ ေရမႀကီးေစရန္ ေန႔စဥ္ ဘုရားရွိခိုး၍ ဆုေတာင္းေနရေၾကာင္း ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး ေျပာၾကား

ရန္ကုန္ၿမိဳ႕ ေရမႀကီးေစရန္ ေန႔စဥ္ ဘုရားရွိခိုး၍ ဆုေတာင္းေနရေၾကာင္း ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး ေျပာၾကား

ရန္ကုန္ၿမိဳ႕ ေရမႀကီးေစရန္ ေန႔စဥ္ ဘုရားရွိခိုး၍ ဆုေတာင္းေနရေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ၾသဂုတ္ ၁၁ ရက္တြင္ ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္မ်ား ေတြ႕ဆုံ၍ ရန္ကုန္ၿမိဳ႕အတြင္း ေရစီးေရလာ ေကာင္းမြန္ေရး၊ က်န္းမာေရးႏွင့္ ေရအေလအလြင့္ ထိန္းခ်ဳပ္ေရး စသည့္တို႔ကို လုပ္ငန္းလမ္းၫႊန္ ၾသဝါဒေပးရာတြင္ ယင္းကဲ့သို႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕၌ ေရမႀကီးေစေရးအတြက္ ေရစီးေရလာ ေကာင္းမြန္ေအာင္ ႐ုန္းကန္ထားၿပီး ရန္ကုန္တြင္ ေရမႀကီးေၾကာင္းကို မႂကြားရဲေသးေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး

အခု ရာသီဥတုကလည္း ဆိုးသြမ္းတဲ့အခ်ိန္ဆိုေတာ့ ႐ုန္းရမယ္။ အခု႐ုန္းထားတဲ့အတြက္ေၾကာင့္ ရန္ကုန္ အေျခအေနဟာ ေတာ္ေတာ္ေလး ကြၽန္ေတာ္ ႂကြားတာ မဟုတ္ဘူး။ မႂကြားရဲဘူး။ ႂကြားတာၿပီးရင္ ေနာက္က ထပ္ျဖစ္ျဖစ္လာမွာ ဆိုးတဲ့အတြက္ မႂကြားရဲဘူး။ သိပ္ေၾကာက္တာ သူမ်ားေရႀကီးတဲ့အတြက္လည္း စိတ္မေကာင္းဘူး။ ဒါေပမဲ့ ကိုယ္လည္း ဆုေတာင္းၿပီးေတာ့ ေန႔တိုင္း ဘုရားရွိခိုးေနရတာ ေရမႀကီးပါေစနဲ႔ဆိုၿပီး ေတာ့။ ေတြ႕တယ္မလား ေရမႀကီးဘူး ဘာညာဆိုၿပီး မႂကြားရဲဘူး။ ၿမိဳ႕ေတာ္ဝန္ တစ္ေယာက္အေနနဲ႔ ေၾကာက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သဘာဝေဘးအႏၲရာယ္ဆိုတာ ေျပာလို႔မရဘူး။ တစ္နည္းေျပာရရင္ မြန္ျပည္နယ္တို႔ ျဖစ္တဲ့ဘက္မွာ ကူညီေစခ်င္တယ္။ ကူညီခြင့္ရရင္ ကူညီခ်င္တယ္။ သို႔ေသာ္လည္း ကိုယ့္ဘက္ကလည္း တာလႊတ္လို႔ရသလား ဆိုေတာ့ မရတဲ့အေျခအေန ႐ုန္းေနရတာဆိုေတာ့ ကြၽန္ေတာ္တို႔ ဆက္႐ုန္းရေအာင္ ေခၚေျပာတာပါ”ဟု ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အတြင္း ေရစီးေရလာေကာင္းမြန္ေအာင္ ေဆာင္႐ြက္ႏိုင္မႈေၾကာင့္ တစ္နာရီအတြင္း ေရျပန္က်ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ ေရမႀကီးေစရန္ ေန႔စဥ္ ဘုရားရွိခိုး၍ ဆုေတာင္းေနရေၾကာင္း ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး ေျပာၾကား

ကြၽန္ေတာ္တို႔ အခု ေရစီးေရလာကို ႏိုင္ႏိုင္နင္းနင္း လုပ္တဲ့အတြက္ေၾကာင့္ ဥကၠ႒မ်ား အားလုံးေရာ အဖြဲ႕ဝင္ေတြေရာ၊ EO ေတြေရာ၊ ေထြအုပ္ေတြေရာ ေက်းဇူးတင္ပါတယ္။ အမွန္မွန္ဆိုရင္ အရင္အတိုင္း အရင္ဘဝအတိုင္းဆိုရင္ ရန္ကုန္ၿမိဳ႕ဟာ တခ်ိဳ႕ေနရာေတြမွာ ေပါင္လယ္ေလာက္ ေရာက္ခဲ့ပါတယ္။ ဒါ အခုဟာ တစ္နာရီအတြင္း ခ်က္ခ်င္း ျပန္က်တဲ့အတြက္ေၾကာင့္ ေတာ္ေတာ္မ်ားမ်ား ရန္ကုန္သူ၊ ရန္ကုန္သားမ်ားဟာ ခ်ီးက်ဴးခဲပါတယ္။ အျပစ္ေျပာရင္သာ လြယ္ပါတယ္။ ကြၽန္ေတာ္တို႔က အျပစ္ေျပာတာကိုလည္း ဂ႐ုမစိုက္ပါဘူး။ လုပ္စရာရွိတာေတာ့ လုပ္ရမွာပဲ။ ခ်ီးက်ဴးလည္း အေရးႀကီးမႀကီးပါဘူး။ ကိုယ့္ဘာသာ လုပ္ရတာပဲ။ သို႔ေသာ္လည္း မခ်ီးက်ဴးခဲတဲ့ကိစၥမွာ သူတို႔ ဝန္ခံလာတယ္။ ေကာင္းလာၿပီ။ ျပန္စဥ္းစားၾကည့္ရင္ ေကာင္းတာ ပြင့္ပြင့္လင္းလင္း ေျပာရရင္ YCDC ပံ့ပိုးမႈနဲ႔ တကယ့္ကို ကာယကံျဖစ္တဲ့ ဥကၠ႒နဲ႔ အဖြဲ႕ဝင္ေတြ၊ ၿမိဳ႕နယ္ EO ေတြရဲ႕ စြမ္းစြမ္းတမံ လုပ္သြားတဲ့အတြက္ ဒါေတြဟာ ရလဒ္ကိုရတဲ့အတြက္ ေက်းဇူးတင္ပါတယ္”ဟု ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

ထို႔ျပင္ ေရႀကီးေရလွ်ံမႈ၏ ေနာက္ဆက္တြဲ က်န္းမာေရးကိစၥမ်ားျဖစ္သည့္ တုပ္ေကြးေရာဂါအတြက္ တစ္ကိုယ္ေရ သန႔္ရွင္းေရး၊ ေရစီးေရလာ ေကာင္းမြန္ေရး၊ ေရေပးေဝေရးစနစ္ကို စနစ္တက် ျပဳလုပ္ထားသည့္ အတြက္ေၾကာင့္ တုပ္ေကြးျဖစ္ပြားမႈကို ဟန႔္တားသင့္သေလာက္ ဟန႔္တားထားေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕အတြင္း ေရေပးေဝးေရးတြင္ အလြဲသုံးစားလုပ္ျခင္းမ်ား မ်ားျပားေနၿပီး ေရပိုက္ေပါက္သုံးစြဲျခင္း၊ တရားမဝင္ ေရခိုးသြယ္ျခင္း၊ ေရခိုးေရာင္းျခင္းမ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးမွ စည္ပင္ေကာ္မတီဝင္မ်ား က ထိန္းသိမ္းၾကရန္ ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

Source: Eleven Media


#Unicode version

ရန်ကုန်မြို့ ရေမကြီးစေရန် နေ့စဉ် ဘုရားရှိခိုး၍ ဆုတောင်းနေရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ် ၁၁ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံ၍ ရန်ကုန်မြို့အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ရေအလေအလွင့် ထိန်းချုပ်ရေး စသည့်တို့ကို လုပ်ငန်းလမ်းညွှန် သြဝါဒပေးရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၌ ရေမကြီးစေရေးအတွက် ရေစီးရေလာ ကောင်းမွန်အောင် ရုန်းကန်ထားပြီး ရန်ကုန်တွင် ရေမကြီးကြောင်းကို မကြွားရဲသေးကြောင်း မြို့တော်ဝန်က ပြောကြားသည်။

အခု ရာသီဥတုကလည်း ဆိုးသွမ်းတဲ့အချိန်ဆိုတော့ ရုန်းရမယ်။ အခုရုန်းထားတဲ့အတွက်ကြောင့် ရန်ကုန် အခြေအနေဟာ တော်တော်လေး ကျွန်တော် ကြွားတာ မဟုတ်ဘူး။ မကြွားရဲဘူး။ ကြွားတာပြီးရင် နောက်က ထပ်ဖြစ်ဖြစ်လာမှာ ဆိုးတဲ့အတွက် မကြွားရဲဘူး။ သိပ်ကြောက်တာ သူများရေကြီးတဲ့အတွက်လည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ်လည်း ဆုတောင်းပြီးတော့ နေ့တိုင်း ဘုရားရှိခိုးနေရတာ ရေမကြီးပါစေနဲ့ဆိုပြီး တော့။ တွေ့တယ်မလား ရေမကြီးဘူး ဘာညာဆိုပြီး မကြွားရဲဘူး။ မြို့တော်ဝန် တစ်ယောက်အနေနဲ့ ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝဘေးအန္တရာယ်ဆိုတာ ပြောလို့မရဘူး။ တစ်နည်းပြောရရင် မွန်ပြည်နယ်တို့ ဖြစ်တဲ့ဘက်မှာ ကူညီစေချင်တယ်။ ကူညီခွင့်ရရင် ကူညီချင်တယ်။ သို့သော်လည်း ကိုယ့်ဘက်ကလည်း တာလွှတ်လို့ရသလား ဆိုတော့ မရတဲ့အခြေအနေ ရုန်းနေရတာဆိုတော့ ကျွန်တော်တို့ ဆက်ရုန်းရအောင် ခေါ်ပြောတာပါ”ဟု မြို့တော်ဝန်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နိုင်မှုကြောင့် တစ်နာရီအတွင်း ရေပြန်ကျကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ကျွန်တော်တို့ အခု ရေစီးရေလာကို နိုင်နိုင်နင်းနင်း လုပ်တဲ့အတွက်ကြောင့် ဥက္ကဋ္ဌများ အားလုံးရော အဖွဲ့ဝင်တွေရော၊ EO တွေရော၊ ထွေအုပ်တွေရော ကျေးဇူးတင်ပါတယ်။ အမှန်မှန်ဆိုရင် အရင်အတိုင်း အရင်ဘဝအတိုင်းဆိုရင် ရန်ကုန်မြို့ဟာ တချို့နေရာတွေမှာ ပေါင်လယ်လောက် ရောက်ခဲ့ပါတယ်။ ဒါ အခုဟာ တစ်နာရီအတွင်း ချက်ချင်း ပြန်ကျတဲ့အတွက်ကြောင့် တော်တော်များများ ရန်ကုန်သူ၊ ရန်ကုန်သားများဟာ ချီးကျူးခဲပါတယ်။ အပြစ်ပြောရင်သာ လွယ်ပါတယ်။ ကျွန်တော်တို့က အပြစ်ပြောတာကိုလည်း ဂရုမစိုက်ပါဘူး။ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ ချီးကျူးလည်း အရေးကြီးမကြီးပါဘူး။ ကိုယ့်ဘာသာ လုပ်ရတာပဲ။ သို့သော်လည်း မချီးကျူးခဲတဲ့ကိစ္စမှာ သူတို့ ဝန်ခံလာတယ်။ ကောင်းလာပြီ။ ပြန်စဉ်းစားကြည့်ရင် ကောင်းတာ ပွင့်ပွင့်လင်းလင်း ပြောရရင် YCDC ပံ့ပိုးမှုနဲ့ တကယ့်ကို ကာယကံဖြစ်တဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ် EO တွေရဲ့ စွမ်းစွမ်းတမံ လုပ်သွားတဲ့အတွက် ဒါတွေဟာ ရလဒ်ကိုရတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု မြို့တော်ဝန်က ပြောကြားသည်။

ထို့ပြင် ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေးကိစ္စများဖြစ်သည့် တုပ်ကွေးရောဂါအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေပေးဝေရေးစနစ်ကို စနစ်တကျ ပြုလုပ်ထားသည့် အတွက်ကြောင့် တုပ်ကွေးဖြစ်ပွားမှုကို ဟန့်တားသင့်သလောက် ဟန့်တားထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်မြို့အတွင်း ရေပေးဝေးရေးတွင် အလွဲသုံးစားလုပ်ခြင်းများ များပြားနေပြီး ရေပိုက်ပေါက်သုံးစွဲခြင်း၊ တရားမဝင် ရေခိုးသွယ်ခြင်း၊ ရေခိုးရောင်းခြင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ စည်ပင်ကော်မတီဝင်များ က ထိန်းသိမ်းကြရန် မြို့တော်ဝန်က ပြောကြားသည်။

Source: Eleven Media