Sponsored

ရန်ကုန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ CB ဘဏ်ခွဲတခုကို ဓားပြတိုက်ပြီး ဗုံးအတုထောင်ထွက်ပြေးသွားသူတွေကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်း အမှတ် ၁၂၁၇ မှာရှိတဲ့ CB ဘဏ်ကို ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းက လူနှစ်ဦးကဝင်ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာဖြစ်ပါတယ်။

Photo – Ye Myo Khant / MPA

သေနတ်ပြ ဓားပြတိုက်သူမှာ ၂ ဦးဟာ ဘဏ်ကနေ ငွေကျပ်သိန်း ၆၀၀ နီးပါးယူဆောင်ကာ ချိန်ကိုက်ဗုံးတခုထားရှိကာ ငှားယာဉ် ပရိုဘောက် CC/9965 နဲ့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

Sponsored

အဆိုပါချိန်ကိုက်ဗုံးကို ပြည်သူလူထုတွေ ထိခိုက်မှုမရှိစေဖို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဗုံးရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ဗုံး အတုဖြစ်နေတာကို စစ်ဆေးတွေ့ရှိပါတယ်။

Photo – Ye Myo Khant / MPA
Photo – Ye Myo Khant / MPA

Photo – Ye Myo Khant / MPA

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *