Sponsored

ထိုင်းနိုင်ငံကနေ လူသတ်ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကရင်ပြည်နယ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

လွှဲပြောင်းပေးအပ်တဲ့ တရုတ်လူမျိုး ၂ ဦးဟာ ဖေဖော်ဝါရီ ၂၅ ရက်က ထိုင်းနိုင်ငံ ကမ်းဖဲဖေ့ခရိုင်မှာ ဂိမ်းလောင်းကစားဆုံးရှုံးခဲ့တဲ့အကြွေး ပြန်တောင်းရာက အချင်းများကာ အမျိုးသမီးက အော်ဟစ်တဲ့အတွက် ဝမ်းဗိုက်ကို ဓားနဲ့ ထိုးသတ်ခဲ့ပြီး အမျိုးသားကိုတော့ ပါးစပ်ပိတ်ကြိုးတုတ်ကာ ခရီးသည်အိတ်ထဲထည့်ကာ ကမ်းဖဲဖေ့ခရိုင်တံတားပေါ်ကနေ မဲ့ပိန်းမြစ်အတွင်းပြစ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံသား ၂ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ ၄ရက်နေ့မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပြောင်းပေး

ဒီနောက် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာမှာ တရုတ်နိုင်ငံသား လူသတ်သမားကို ဖမ်းဆီးပေးဖို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ထိုင်းဘက်က တရားဝင်အကူအညီတောင်းခဲ့တဲ့အတွက် မတ်လ ၂ ရက်နေ့မှာ ငွေဆောင်ကမ်းခြေမှာ မြန်မာရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Sponsored

သူတို့ကို ငွေဆောင်မှာတွေ့တာ ရခိုင်က ဂွမြို့ကို သွားဖို့ လှေငှားနေတာကိုတွေ့လို့ မသင်္ကာလို့ ဖမ်းပြီးထိန်းသိမ်းထားခဲ့တာ။မြန်မာပြည်မှာတော့ ပြစ်မှုကျုးလွန်ထားတာတော့မရှိဘူး။ ထိုင်းဘက်က အကူညီတောင်းထားလို့ ထိုင်းဘက်ကိုလွှဲပေးဖို့ မနေ့ကပဲ မြဝတီဘက်ကို သွားပို့ခဲ့တယ်။ ”လို့ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို လွှဲပြောင်းပေးခဲ့

အခုလွှဲပြောင်းပေးခဲ့သူတွေဟာ ထိုင်းနိုင်ငံ ပတ္တယားမှာ နေထိုင်တဲ့ လင်မယား ၂ဦးကို သတ်ပြီးနောက် အလောင်းတွေကို Kum phan phet ကမ်ဖင်န်ဖက်သ် ကို သယ်ဆောင်ပြီး ဖျောက်ဖျက်ခဲ့တဲ့အမှုမှာ ပါဝင်သူတွေအဖြစ် ထိုင်းနိုင်ငံဘက်က အလိုရှိနေသူတွေဟုတ်မဟုတ်ဆိုတာကိုတော့ ထိုင်းနိုင်ငံဘက်က စစ်ဆေးပြီးမှသာ သိရမှာဖြစ်တယ်လို့လည်း ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ဖိုးစီ
ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *