ကားႏွစ္စီးေခါင္းျခင္းဆိုင္တိုက္.. ကူညီေပးခဲ့တဲ့ အေတြ႔အၾကံဳန႔ဲ ရရိွခဲ့တဲ့သင္ခန္းစာ

Facebook

ကားေမာင္း၊ ကားစီးတဲ့အခါ ထိုင္ခံုခါးပတ္ပတ္ၾကပါ။ ေန႔လည္က ကိစၥရွိလို႔ ရိပ္သာကေန ရန္ကုန္ျပန္လာၾကတာ။ ေထာက္ၾကံ့ အေက်ာ္နားမွာ ကားႏွစ္စီးေခါင္းျခင္းဆိုင္ တိုက္မိတာ နဲ႔ၾကံဳလိုက္တယ္။

ေရွ႕ကသြားႏွင့္တဲ့မိတ္ေဆြ ကို တိုက္မိတဲ့ကားေဘးမွာေတြ႕လိုက္ေတာ့ ေခါင္းႀကီးသြားတယ္။ ကားကိုၾကည့္လိုက္ေတာ့မွ သူ႔ကားမဟုတ္မွန္းသိလိုက္ရေတာ့ နည္းနည္းေပါ့သြားၿပီး ကားကိုလမ္းေဘးခ်ရပ္ ကေလးႏွစ္ေယာက္ကို ကားထဲမွာထားခဲ့အျပင္မထြက္နဲ႔ ကားထဲမွာေနခဲ့ေနာ္မွာခဲ့ျပီး တိုက္တဲ့ကားႏွစ္စီးနားသြားခဲ့တယ္။ ကၽြန္ေတာ္တို႔ ၃ ေယာက္ရယ္ ကူညီမယ့္သူ ၄/၅ ေယာက္ေလာက္ေတာ့ေရာက္လာၾကၿပီ။

Facebook

ကားတခါး ေတြကဖြင့္လို႔မရ ေတာ့ အထဲမွာညပ္ေနတဲ့လူေတြကို တစ္ေယာက္ခ်င္း အဆင္ေျပသလို ဆြဲထုတ္ရတယ္။ ရဲမႈဆိုေတာ့ အရင္ေရာက္ႏွင့္ေနတဲ့ တစ္ေယာက္က မထုတ္ရဲတဲ့ပံုစံနဲ႔ကၽြန္ေတာ့္ကိုလွမ္းေမးတယ္ အစ္ကို ထုတ္လို႔ရလားတဲ့။ ရတယ္မပူနဲ႔ ထုတ္သာထုတ္လို႔ ။

စိတ္ထဲကေတာ့ေျပာမိတယ္ ကၽြန္ေတာ္ၾကည့္ေတာင္းပန္ေျဖရွင္းေပးမယ္လို႔။ ကားႏွစ္စီးလံုးမွာရွိတဲ့ ေရွ႕ခန္းထိုင္တဲ့ ၄ ေယာက္လံုးက ညႇပ္မိေနၾကၿပီ။ တံခါးကလည္း အလြယ္တကူဖြင့္မရေတာ့ဘူး ေၾကမြေနၿပီ။

တံခါးဖြင့္လို႔မရဘူးဆိုေတာ့ ကၽြန္ေတာ္က ကားဟိုဘက္ျခမ္း လွည့္အသြား ဆီေတြတက္နင္းမိေတာ့ ေခ်ာ္ၿပီးအက် လက္ေထာက္မိတဲ့အခ်ိန္စဥ္းစားမိတာက လူမထုတ္ရေသးခင္ ကားမီးေလာင္သြားရင္ အထဲကလူေတြအကုန္ေသမွာ။ဘတၳ႐ီေခါင္းျဖဳတ္မလို႔ၾကည့္မိေသးတယ္ ကားေခါင္းကေၾကမြေနၿပီ။ ျဖဳတ္ဖို႔မလြယ္ဘူးျဖစ္ေနတယ္။ ဂြလည္းမပါတာနဲ႔ မျဖဳတ္ေတာ့ပဲထားလိုက္တယ္။

ကၽြန္ေတာ့္မိတ္ေဆြနဲ႔ တျခားကူညီတဲ့လူအခ်ိဳ႕က ကားတစ္စီးထဲက လူေတြ အျပင္ထုတ္ေနေတာ့ အနီးအနားရွိတဲ့လူေတြကို Ambulance ေခၚေပးဖို႔ လွမ္းေအာ္ရင္း ေနာက္တစ္စီး ရဲ႕ေနာက္ခန္းတံခါးဆြဲဖြင့္ၾကည့္ ေတာ့ပြင့္သြားတာနဲ႔ ေရွ႕ထိုင္ခံု ကို ေနာက္ဆြဲလွန္ခ်လိုက္တယ္။ ႏွစ္ေယာက္လံုးက ေကြးေကြးေလး လႈပ္လို႔မရတဲ့အေနအထားျဖစ္ေနၿပီ။ Driver seat ကလူကို စကားေျပာၾကည့္ေတာ့ သူကစကားျပန္ေျပာတယ္ ကၽြန္ေတာ္ကဘယ္လိုမွလႈပ္မရေတာ့ဘူးတဲ့။ ေနာက္တစ္ယာက္ကို ဆြဲလုွပ္ၿပီး ေမးၾကည့္တာ ဘာစကားသံမွမၾကားရေတာ့ဘူး။ အသက္ေတာ့႐ွဴ ေနေသးတယ္။

Facebook

အဲဒါနဲ႔ သူ႔ကိုအရင္ ဆြဲထုတ္ၾကည့္ေတာ့မရတာနဲ႔ အနားမွာရွိတဲ့တစ္ေယာက္ကို ဂ်ိဳင္းကဆြဲခိုင္းၿပီး သူ႔ေျခေထာက္တစ္ဖက္စီကိုေျဖးေျဖးခ်င္း ဆြဲထုတ္တာမရဘူး။ သူက walking shoe စီးထားေတာ့ ဖိနပ္နဲ႔တစ္ေနတယ္။ ဖိနပ္ႀကိဳးေျဖဖို႔လည္း လက္ကမမွီတာနဲ႔ ေျခေထာက္ကိုေျဖးေျဖးခ်င္းႏွဲ႕ၿပီး ဖိနပ္ထဲကအရင္ဆြဲထုတ္ရတယ္။ တစ္ဘက္ၿပီးတစ္ဘက္ ဆြြဲထုတ္ၿပီးေတာ့ မွအဲ့ဒီလူကို ေရွ႕ခံုကေနေနာက္ခန္းရေအာင္ဆြဲၿပီး ကားထဲကထုတ္ လမ္းေဘးေျမႀကီးေပၚခဏခ်ထားခဲ့ၿပီး ေနာက္လူေတြကယ္ဖို႔ဆက္ႀကိဳးစားၾကတယ္။

စကားျပန္ေျပာတဲ့ တစ္ေယာက္ကေတာ့ air bag ပြင့္ ေတာ့ အဆိုးထဲကအေကာင္းပဲေျပာရမွာပဲ။ အသက္မေသဘူးေပါ့။ Air bag သာမပြင့္ရင္ ပြဲျခင္းၿပီးမယ့္အေနအထားျဖစ္ေနၿပီ။ သူ႔ခံုကိုလည္း ေနာက္အသာ လွန္ခ်ၿပီး လူကိုဆြဲထုတ္ လမ္းေဘးခ်ေပးထားရတယ္။

ေနာက္တစ္စီးမွာၾကေတာ့

“ေမေမ ေရ၊ ေမေမေရနဲ႔ ကားထဲကအသံသာၾကားေနရတယ္လူကမေတြ႕ေသးဘူး။ ကေလးက ေျခနင္းခံုၾကားထဲမွာ အေမျဖစ္သူက သူ႔သမီးအေပၚမွာဖိထားတဲ့ပံုစံေတြ႕ရၿပီး၊ သားျဖစ္တဲ့သူရဲ႕ေခါင္းက ထိုင္ခံုႏွစ္ခုၾကားမွာညပ္ေနတယ္။ တံခါးကလည္းဖြင့္မရေတာ့ ကၽြန္ေတာ့္မိတ္ေဆြက အစ္မ ကၽြန္ေတာ္မွန္ခြဲမလို႔ မ်က္စိစင္မယ္ ေဘးနည္းနည္းတိုးပါလို႔ေျပာေတာ့ မ်က္ႏွာလႊဲေပးတယ္။ မွန္ႏွစ္ဘက္လံုးခြဲၿပီးမွ တံခါးကို ၃ ေယာက္ဝိုင္းဆြဲၾကေတာ့ တံခါးပြင့္သြားတယ္။ ေနာက္ခန္းကမိသားစု ၄ ေယာက္လံုးကိုလည္း အျပင္ေရာက္ေအာင္ထုတ္ႏိုင္ခဲ့ၾကၿပီ။ ေရွ႕ခန္းကတစ္ေယာက္ကေတာ့ ထုတ္လို႔ကလည္းမလြယ္ ႏွာေခါင္းနဲ႔ပါးစပ္မွာလည္း အစာေတြနဲ႔ ျပည့္ေနတာေတြ႕ရတယ္။

Facebook

အသက္ ၁၀ ႏွစ္အရြယ္ ကေလးမေလးက တုန္တုန္ရီရီ ျဖစ္ေနလို႔ ကၽြန္ေတာ္လည္းေရဘူးေလးသြားယူၿပီး သမီးေလး ေရေလးေသာက္လိုက္ပါ့လားဆိုေတာ့ သူ႔ပါးစပ္ေလးလက္နဲ႔အုပ္ထားရာကေနဖယ္ၿပီးျပ ေတာ့ ႏွားေခါင္းေရာ ပါးစပ္နားေရာေသြးေတြ ေတြ႕ရတယ္။ သူကေျပာရွာတယ္ သမီးေသာက္လို႔မရဘူး တအားနာတယ္တဲ့။ သူ႔အေဖျဖစ္ဟန္တူတဲ့သူက သူ႔သမီးကို တစ္ဘက္ သားကိုတစ္ဘက္ ကိုင္ထားရွာတယ္ သူကိုယ္တိုင္လည္း ခံစားေနရတဲ့ၾကားထဲက သားေခါင္းကဒါဏ္ရာကိုတစ္ဘက္ ဖိေပးရင္း သမီးကိုလည္း ဖက္ထား ၿပီး အားေပးေနရွာတယ္။ အမ်ိဳးသမီးကေတာ့ ႏွဖူးကြဲသြားၿပီး ရင္ဘက္တစ္ခုလံုးေသြးေတြရႊဲေနၿပီ။

အဲ့ဒီအခ်ိန္ပဲ Ambulance တစ္စီးစေရာက္လာ တယ္။ ကၽြန္ေတာ္လည္း ကားေပၚက stretcher ကူခ် ျပီး ရသလာက္တင္မယ္လို႔ေျပာရင္း သူ႔အစ္ကိုကို stretcher ေပၚတင္ေပးလိုက္တယ္။ ေရဘူးေလးခါးၾကားထိုး၊ ကေလးမေလးကိုေတာ့ေပြ႕ခ်ီၿပီးကားေပၚတင္ ေပး ေအာက္အခ်မွာ ၾကားလိုက္ရတဲ့စကားက ရင္ထဲကိုထိသြားတယ္။

ဦးရယ္ သမီးေျခေထာက္ကိုမခ်လိုက္ပါနဲ႔ ေျခေထာက္ကိုကိုင္ထားေပးပါ။ သမီးေျခေထာက္အရမ္းနာေနတယ္ “ဆိုၿပီး ငိုရင္းေျပာပါေလေရာ။ ၾကည့္လိုက္ေတာ့ ေျခေထာက္ကအ႐ုပ္ႀကိဳးျပတ္ တဲ့အတိုင္းေပ်ာ့ၿပီး ေပါင္႐ိုးကလည္ေနၿပီ။

သမီးအေဖေရာ သမီးအေဖေရာ ” သမီးအေဖ ေအာက္မွာရွိတယ္ ဦးသြားၾကည့္ေပးမယ္ စိတ္ေအးေအးထား ခဏေလးလွဲေနေနာ္ဆိုျပီး သူ႔ေျခေထာက္ေလးကို ခ်လိုက္ေတာ့ “အား” မရဘူး ….မရဘူး အရမ္းနာတယ္ မလႊတ္ပါနဲ႔ ကိုင္ထားေပးပါ လို႔ေအာ္ရွာတယ္။

Facebook

အဲဒါနဲ႔ ကၽြန္ေတာ္လည္း Ambulance ေပၚကေနပဲ မိတ္ေဆြကိုလွမ္းေခၚေနတုန္း ဦးရယ္မေခၚပါနဲ႔ သမီးေျခေထာက္ကိုပဲ ကိုင္ထားေပးပါ ဘာျဖစ္သြားလည္းမသိဘူး ဆိုၿပီး သူ႔ဗိုက္သူ လက္နဲ႔ စမ္းမိေတာ့ ေသြးေတြ ေတြ႕ၿပီးငိုပါေလေရာ။ အဲ့ဒီအခ်ိန္မွာ မလႈပ္ႏိုင္တဲ့ ေနာက္ထပ္လူနာတစ္ဦး ရယ္၊အမ်ိဳးသမီးရယ္ကားေပၚ ထပ္တင္ၿပီးၾကၿပီ။ ေနာက္ထပ္ အေရးေပၚကားေတြလည္း ေရာက္လာေတာ့ လူအင္အားလည္းမ်ားလာတယ္။

ၾကက္ေျခနီ ဝတ္စံုေလးေတြနဲ႔ ၁၀ ေက်ာ္သက္ အရြယ္ ေရွးဦးသူနာျပဳေလးေတြ ေတြတာနဲ႔၊ သမီးတို႔ေရဒီလာခဲ့ပါဦးေခၚၿပီး ဒီသမီးေလးကေျခေထာက္က်ိဳးသြားပံုရတယ္ သူ႔ေျခေထာက္ေလးကိုင္ၿပီး လိုက္သြားေပးပါေနာ္ဆိုၿပီး ေနရာလဲေပးလိုက္တယ္။

ကားေအာက္ျပန္ဆင္းလာေတာ့ ေနာက္ထပ္ လူနာ တင္ယာဥ္နဲ႔ ေစတနာ့ဝန္ထမ္းေတြက ဘယ္သူ႔ကို အရင္တင္မလဲေမးေနေတာ့ ရေသေလာက္အ ကုန္တင္ေပးပါဗ်ာ ေျပာၿပီး ဝိုင္းတင္ေနတုန္း ေနာက္ ထပ္လူနာတင္ယာဥ္ေတြေရာ၊ ေထာက္ၾကံ့ မီးသတ္ကားတစ္စီးနဲ႔ လူနာတင္ယာဥ္ေရာ၊ ဦးဦးရဲအရာရွိႀကီးေတြေရာေရာက္လာေတာ့ က်န္တဲ့ကားေတြေပၚမွ်တင္ေပးခဲ့ၾကပါတယ္။ အင္းစိန္ေဆးရံုကိုေမာင္းမယ္လို႔ေတာ့ေျပာပါတယ္။

ပုလဲ အရန္မီးသတ္က သတင္းအရေတာ့ တစ္ဦးဆံုးပါးသြားတယ္လို႔ၾကားရပါတယ္။ ကၽြန္ေတာ္တို႔လည္း အလုပ္ရွိေသးေတာ့ အင္းစိန္ေဆးရံုထိလိုက္မကူညီႏိုင္ၾကေတာ့ပါဘူး။

ခ်ီးက်ဴးမိတာက မေတာ္တဆျဖစ္ေနတဲ့ အေတာအတြင္းမွာ ဓါတ္ပံုပဲ႐ိုက္ေနတဲ့သူမရွိသေလာက္နည္းပါၿပီး အားလံုးလိုလိုအကူအညီေပးၾကတာ၊ ခဏေလးမွာပဲ ပရဟိတအသင္းအဖြဲ႕ေတြက အေရးေပၚလူနာတင္ယာဥ္ေတြေရာက္လာတာရယ္၊ သၾကၤန္တြင္းမွာ ၁၀ ေက်ာ္သက္ေလးေတြ မကစားပဲ တူညီဝတ္စံုေလးေတြနဲ႔ ပါလာၾကတာရယ္ပါ။ (ခုပံုေတြကလည္း သူမ်ားစီကရထားတာေလးေတြပါ။)

အခု Accident ျဖစ္အၿပီး သင္ခန္းစာေတြအမ်ား ႀကီးရလိုက္ပါတယ္။ ကားေမာင္းတဲ့အခါ ကိုယ္က ဘယ္ေလာက္ပဲမွန္ ေနပါေစ၊ ကိုယ္ကဘယ္ေလာက္ပဲ ကၽြမ္းက်င္ေနပါေစ၊ တစ္ဘက္ကားရဲ႕ အမွားေၾကာင့္ မိမိခ်က္ခ်င္းေသသြားႏိုင္ပါတယ္။ ၅ ႏွစ္အရြယ္ကၽြန္ေတာ့္သားေလးပါ ပါလာေတာ့ သူ႔ကို သင္ခန္းစာေပးဖို႔ေမးလိုက္မိပါတယ္။ သား ေရ အခုလို ကားတိုက္မႈျဖစ္ေတာ့ သားေရာ၊ ေဖေဖေရာ ေသသြားႏိုင္လားဆိုေတာ့၊ ဟုတ္ေသသြားႏိုင္ပါတယ္တဲ့။ သား ဟိုတစ္ေန႔ကေျပာေတာ့ အသက္ႀကီးဆံုးျဖစ္တဲ့ဖြားဖြားကအရင္ေသမယ္၊ ၿပီးရင္ေဖေဖေသမယ္၊ ၿပီးရင္ေမေမေသမယ္၊ ၿပီးမွ ကိုကိုနဲ႔ သားေသမယ္ဆိုတာ မွန္ပါ့မလား ေမးေတာ့ မမွန္ေတာ့ဘူး၊ သူလည္းအရင္ေသႏိုင္ပါတယ္ဆိုတဲ့အသိေလးရသြားရွာပါတယ္။

ငါသည္မုခ်ေသရမည္၊ ငါသည္ယခုပင္ေသႏိုင္သည္၊ အခ်ိန္လံုးဝမရွိေတာ့ၿပီ ဆိုတဲ့ မရဏာႏုႆတိ ကိုအၿမဲႏွလံုးသြင္းဆင္ျခင္ႏိုင္ၾကပါေစ။

Credit/Writer J C Ko Ko
၁၄.၀၄.၂၀၁၉


#Unicode Version

ကားမောင်း၊ ကားစီးတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ကြပါ။ နေ့လည်က ကိစ္စရှိလို့ ရိပ်သာကနေ ရန်ကုန်ပြန်လာကြတာ။ ထောက်ကြံ့ အကျော်နားမှာ ကားနှစ်စီးခေါင်းခြင်းဆိုင် တိုက်မိတာ နဲ့ကြုံလိုက်တယ်။

ရှေ့ကသွားနှင့်တဲ့မိတ်ဆွေ ကို တိုက်မိတဲ့ကားဘေးမှာတွေ့လိုက်တော့ ခေါင်းကြီးသွားတယ်။ ကားကိုကြည့်လိုက်တော့မှ သူ့ကားမဟုတ်မှန်းသိလိုက်ရတော့ နည်းနည်းပေါ့သွားပြီး ကားကိုလမ်းဘေးချရပ် ကလေးနှစ်ယောက်ကို ကားထဲမှာထားခဲ့အပြင်မထွက်နဲ့ ကားထဲမှာနေခဲ့နော်မှာခဲ့ပြီး တိုက်တဲ့ကားနှစ်စီးနားသွားခဲ့တယ်။ ကျွန်တော်တို့ ၃ ယောက်ရယ် ကူညီမယ့်သူ ၄/၅ ယောက်လောက်တော့ရောက်လာကြပြီ။

ကားတခါး တွေကဖွင့်လို့မရ တော့ အထဲမှာညပ်နေတဲ့လူတွေကို တစ်ယောက်ချင်း အဆင်ပြေသလို ဆွဲထုတ်ရတယ်။ ရဲမှုဆိုတော့ အရင်ရောက်နှင့်နေတဲ့ တစ်ယောက်က မထုတ်ရဲတဲ့ပုံစံနဲ့ကျွန်တော့်ကိုလှမ်းမေးတယ် အစ်ကို ထုတ်လို့ရလားတဲ့။ ရတယ်မပူနဲ့ ထုတ်သာထုတ်လို့ ။

စိတ်ထဲကတော့ပြောမိတယ် ကျွန်တော်ကြည့်တောင်းပန်ဖြေရှင်းပေးမယ်လို့။ ကားနှစ်စီးလုံးမှာရှိတဲ့ ရှေ့ခန်းထိုင်တဲ့ ၄ ယောက်လုံးက ညှပ်မိနေကြပြီ။ တံခါးကလည်း အလွယ်တကူဖွင့်မရတော့ဘူး ကြေမွနေပြီ။

တံခါးဖွင့်လို့မရဘူးဆိုတော့ ကျွန်တော်က ကားဟိုဘက်ခြမ်း လှည့်အသွား ဆီတွေတက်နင်းမိတော့ ချော်ပြီးအကျ လက်ထောက်မိတဲ့အချိန်စဉ်းစားမိတာက လူမထုတ်ရသေးခင် ကားမီးလောင်သွားရင် အထဲကလူတွေအကုန်သေမှာ။ဘတ္ထရီခေါင်းဖြုတ်မလို့ကြည့်မိသေးတယ် ကားခေါင်းကကြေမွနေပြီ။ ဖြုတ်ဖို့မလွယ်ဘူးဖြစ်နေတယ်။ ဂွလည်းမပါတာနဲ့ မဖြုတ်တော့ပဲထားလိုက်တယ်။

ကျွန်တော့်မိတ်ဆွေနဲ့ တခြားကူညီတဲ့လူအချို့က ကားတစ်စီးထဲက လူတွေ အပြင်ထုတ်နေတော့ အနီးအနားရှိတဲ့လူတွေကို Ambulance ခေါ်ပေးဖို့ လှမ်းအော်ရင်း နောက်တစ်စီး ရဲ့နောက်ခန်းတံခါးဆွဲဖွင့်ကြည့် တော့ပွင့်သွားတာနဲ့ ရှေ့ထိုင်ခုံ ကို နောက်ဆွဲလှန်ချလိုက်တယ်။ နှစ်ယောက်လုံးက ကွေးကွေးလေး လှုပ်လို့မရတဲ့အနေအထားဖြစ်နေပြီ။ Driver seat ကလူကို စကားပြောကြည့်တော့ သူကစကားပြန်ပြောတယ် ကျွန်တော်ကဘယ်လိုမှလှုပ်မရတော့ဘူးတဲ့။ နောက်တစ်ယာက်ကို ဆွဲလုှပ်ပြီး မေးကြည့်တာ ဘာစကားသံမှမကြားရတော့ဘူး။ အသက်တော့ရှူ နေသေးတယ်။

အဲဒါနဲ့ သူ့ကိုအရင် ဆွဲထုတ်ကြည့်တော့မရတာနဲ့ အနားမှာရှိတဲ့တစ်ယောက်ကို ဂျိုင်းကဆွဲခိုင်းပြီး သူ့ခြေထောက်တစ်ဖက်စီကိုဖြေးဖြေးချင်း ဆွဲထုတ်တာမရဘူး။ သူက walking shoe စီးထားတော့ ဖိနပ်နဲ့တစ်နေတယ်။ ဖိနပ်ကြိုးဖြေဖို့လည်း လက်ကမမှီတာနဲ့ ခြေထောက်ကိုဖြေးဖြေးချင်းနှဲ့ပြီး ဖိနပ်ထဲကအရင်ဆွဲထုတ်ရတယ်။ တစ်ဘက်ပြီးတစ်ဘက် ဆွဲထုတ်ပြီးတော့ မှအဲ့ဒီလူကို ရှေ့ခုံကနေနောက်ခန်းရအောင်ဆွဲပြီး ကားထဲကထုတ် လမ်းဘေးမြေကြီးပေါ်ခဏချထားခဲ့ပြီး နောက်လူတွေကယ်ဖို့ဆက်ကြိုးစားကြတယ်။

စကားပြန်ပြောတဲ့ တစ်ယောက်ကတော့ air bag ပွင့် တော့ အဆိုးထဲကအကောင်းပဲပြောရမှာပဲ။ အသက်မသေဘူးပေါ့။ Air bag သာမပွင့်ရင် ပွဲခြင်းပြီးမယ့်အနေအထားဖြစ်နေပြီ။ သူ့ခုံကိုလည်း နောက်အသာ လှန်ချပြီး လူကိုဆွဲထုတ် လမ်းဘေးချပေးထားရတယ်။

နောက်တစ်စီးမှာကြတော့

“မေမေ ရေ၊ မေမေရေနဲ့ ကားထဲကအသံသာကြားနေရတယ်လူကမတွေ့သေးဘူး။ ကလေးက ခြေနင်းခုံကြားထဲမှာ အမေဖြစ်သူက သူ့သမီးအပေါ်မှာဖိထားတဲ့ပုံစံတွေ့ရပြီး၊ သားဖြစ်တဲ့သူရဲ့ခေါင်းက ထိုင်ခုံနှစ်ခုကြားမှာညပ်နေတယ်။ တံခါးကလည်းဖွင့်မရတော့ ကျွန်တော့်မိတ်ဆွေက အစ်မ ကျွန်တော်မှန်ခွဲမလို့ မျက်စိစင်မယ် ဘေးနည်းနည်းတိုးပါလို့ပြောတော့ မျက်နှာလွှဲပေးတယ်။ မှန်နှစ်ဘက်လုံးခွဲပြီးမှ တံခါးကို ၃ ယောက်ဝိုင်းဆွဲကြတော့ တံခါးပွင့်သွားတယ်။ နောက်ခန်းကမိသားစု ၄ ယောက်လုံးကိုလည်း အပြင်ရောက်အောင်ထုတ်နိုင်ခဲ့ကြပြီ။ ရှေ့ခန်းကတစ်ယောက်ကတော့ ထုတ်လို့ကလည်းမလွယ် နှာခေါင်းနဲ့ပါးစပ်မှာလည်း အစာတွေနဲ့ ပြည့်နေတာတွေ့ရတယ်။

အသက် ၁၀ နှစ်အရွယ် ကလေးမလေးက တုန်တုန်ရီရီ ဖြစ်နေလို့ ကျွန်တော်လည်းရေဘူးလေးသွားယူပြီး သမီးလေး ရေလေးသောက်လိုက်ပါ့လားဆိုတော့ သူ့ပါးစပ်လေးလက်နဲ့အုပ်ထားရာကနေဖယ်ပြီးပြ တော့ နှားခေါင်းရော ပါးစပ်နားရောသွေးတွေ တွေ့ရတယ်။ သူကပြောရှာတယ် သမီးသောက်လို့မရဘူး တအားနာတယ်တဲ့။ သူ့အဖေဖြစ်ဟန်တူတဲ့သူက သူ့သမီးကို တစ်ဘက် သားကိုတစ်ဘက် ကိုင်ထားရှာတယ် သူကိုယ်တိုင်လည်း ခံစားနေရတဲ့ကြားထဲက သားခေါင်းကဒါဏ်ရာကိုတစ်ဘက် ဖိပေးရင်း သမီးကိုလည်း ဖက်ထား ပြီး အားပေးနေရှာတယ်။ အမျိုးသမီးကတော့ နှဖူးကွဲသွားပြီး ရင်ဘက်တစ်ခုလုံးသွေးတွေရွှဲနေပြီ။

အဲ့ဒီအချိန်ပဲ Ambulance တစ်စီးစရောက်လာ တယ်။ ကျွန်တော်လည်း ကားပေါ်က stretcher ကူချ ပြီး ရသလာက်တင်မယ်လို့ပြောရင်း သူ့အစ်ကိုကို stretcher ပေါ်တင်ပေးလိုက်တယ်။ ရေဘူးလေးခါးကြားထိုး၊ ကလေးမလေးကိုတော့ပွေ့ချီပြီးကားပေါ်တင် ပေး အောက်အချမှာ ကြားလိုက်ရတဲ့စကားက ရင်ထဲကိုထိသွားတယ်။

ဦးရယ် သမီးခြေထောက်ကိုမချလိုက်ပါနဲ့ ခြေထောက်ကိုကိုင်ထားပေးပါ။ သမီးခြေထောက်အရမ်းနာနေတယ် “ဆိုပြီး ငိုရင်းပြောပါလေရော။ ကြည့်လိုက်တော့ ခြေထောက်ကအရုပ်ကြိုးပြတ် တဲ့အတိုင်းပျော့ပြီး ပေါင်ရိုးကလည်နေပြီ။

သမီးအဖေရော သမီးအဖေရော ” သမီးအဖေ အောက်မှာရှိတယ် ဦးသွားကြည့်ပေးမယ် စိတ်အေးအေးထား ခဏလေးလှဲနေနော်ဆိုပြီး သူ့ခြေထောက်လေးကို ချလိုက်တော့ “အား” မရဘူး ….မရဘူး အရမ်းနာတယ် မလွှတ်ပါနဲ့ ကိုင်ထားပေးပါ လို့အော်ရှာတယ်။

အဲဒါနဲ့ ကျွန်တော်လည်း Ambulance ပေါ်ကနေပဲ မိတ်ဆွေကိုလှမ်းခေါ်နေတုန်း ဦးရယ်မခေါ်ပါနဲ့ သမီးခြေထောက်ကိုပဲ ကိုင်ထားပေးပါ ဘာဖြစ်သွားလည်းမသိဘူး ဆိုပြီး သူ့ဗိုက်သူ လက်နဲ့ စမ်းမိတော့ သွေးတွေ တွေ့ပြီးငိုပါလေရော။ အဲ့ဒီအချိန်မှာ မလှုပ်နိုင်တဲ့ နောက်ထပ်လူနာတစ်ဦး ရယ်၊အမျိုးသမီးရယ်ကားပေါ် ထပ်တင်ပြီးကြပြီ။ နောက်ထပ် အရေးပေါ်ကားတွေလည်း ရောက်လာတော့ လူအင်အားလည်းများလာတယ်။

ကြက်ခြေနီ ဝတ်စုံလေးတွေနဲ့ ၁၀ ကျော်သက် အရွယ် ရှေးဦးသူနာပြုလေးတွေ တွေတာနဲ့၊ သမီးတို့ရေဒီလာခဲ့ပါဦးခေါ်ပြီး ဒီသမီးလေးကခြေထောက်ကျိုးသွားပုံရတယ် သူ့ခြေထောက်လေးကိုင်ပြီး လိုက်သွားပေးပါနော်ဆိုပြီး နေရာလဲပေးလိုက်တယ်။

ကားအောက်ပြန်ဆင်းလာတော့ နောက်ထပ် လူနာ တင်ယာဉ်နဲ့ စေတနာ့ဝန်ထမ်းတွေက ဘယ်သူ့ကို အရင်တင်မလဲမေးနေတော့ ရသေလောက်အ ကုန်တင်ပေးပါဗျာ ပြောပြီး ဝိုင်းတင်နေတုန်း နောက် ထပ်လူနာတင်ယာဉ်တွေရော၊ ထောက်ကြံ့ မီးသတ်ကားတစ်စီးနဲ့ လူနာတင်ယာဉ်ရော၊ ဦးဦးရဲအရာရှိကြီးတွေရောရောက်လာတော့ ကျန်တဲ့ကားတွေပေါ်မျှတင်ပေးခဲ့ကြပါတယ်။ အင်းစိန်ဆေးရုံကိုမောင်းမယ်လို့တော့ပြောပါတယ်။

ပုလဲ အရန်မီးသတ်က သတင်းအရတော့ တစ်ဦးဆုံးပါးသွားတယ်လို့ကြားရပါတယ်။ ကျွန်တော်တို့လည်း အလုပ်ရှိသေးတော့ အင်းစိန်ဆေးရုံထိလိုက်မကူညီနိုင်ကြတော့ပါဘူး။

ချီးကျူးမိတာက မတော်တဆဖြစ်နေတဲ့ အတောအတွင်းမှာ ဓါတ်ပုံပဲရိုက်နေတဲ့သူမရှိသလောက်နည်းပါပြီး အားလုံးလိုလိုအကူအညီပေးကြတာ၊ ခဏလေးမှာပဲ ပရဟိတအသင်းအဖွဲ့တွေက အရေးပေါ်လူနာတင်ယာဉ်တွေရောက်လာတာရယ်၊ သြင်္ကန်တွင်းမှာ ၁၀ ကျော်သက်လေးတွေ မကစားပဲ တူညီဝတ်စုံလေးတွေနဲ့ ပါလာကြတာရယ်ပါ။ (ခုပုံတွေကလည်း သူများစီကရထားတာလေးတွေပါ။)

အခု Accident ဖြစ်အပြီး သင်ခန်းစာတွေအများ ကြီးရလိုက်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က ဘယ်လောက်ပဲမှန် နေပါစေ၊ ကိုယ်ကဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ၊ တစ်ဘက်ကားရဲ့ အမှားကြောင့် မိမိချက်ချင်းသေသွားနိုင်ပါတယ်။ ၅ နှစ်အရွယ်ကျွန်တော့်သားလေးပါ ပါလာတော့ သူ့ကို သင်ခန်းစာပေးဖို့မေးလိုက်မိပါတယ်။ သား ရေ အခုလို ကားတိုက်မှုဖြစ်တော့ သားရော၊ ဖေဖေရော သေသွားနိုင်လားဆိုတော့၊ ဟုတ်သေသွားနိုင်ပါတယ်တဲ့။ သား ဟိုတစ်နေ့ကပြောတော့ အသက်ကြီးဆုံးဖြစ်တဲ့ဖွားဖွားကအရင်သေမယ်၊ ပြီးရင်ဖေဖေသေမယ်၊ ပြီးရင်မေမေသေမယ်၊ ပြီးမှ ကိုကိုနဲ့ သားသေမယ်ဆိုတာ မှန်ပါ့မလား မေးတော့ မမှန်တော့ဘူး၊ သူလည်းအရင်သေနိုင်ပါတယ်ဆိုတဲ့အသိလေးရသွားရှာပါတယ်။

ငါသည်မုချသေရမည်၊ ငါသည်ယခုပင်သေနိုင်သည်၊ အချိန်လုံးဝမရှိတော့ပြီ ဆိုတဲ့ မရဏာနုဿတိ ကိုအမြဲနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေ။

Credit/Writer J C Ko Ko
၁၄.၀၄.၂၀၁၉