Sponsored

အမေရိကန် နိုင်ငံအတွင်း Coronavirus ကြောင့်သေဆုံးသူအရေအတွက် မြင့်တက်လာသည်နှင့်အမျှ သမ္မတ ထရန့်လဲ အစောပိုင်းနေ့တွေကလို သူကိုယ်တိုင်ရောဂါပိုးစစ်ဆေးဖို့မလိုဟု အတန်တန်ပြောနေရာကနေ ယခုတော့ စစ်ဆေးခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ ယခုလို စစ်ဆေးခံရတဲ့အခြားအကြောင်းလည်းရှိနေပါသေးတယ်။ ဒါကတော့ သူ့ရဲ့ ဖလော်ရီဒါက အပန်းဖြေရိပ်သာကို လာရောက်ခဲ့သူ ဘရာဇီး သမ္မတ ရွေးကောက်ပွဲဝင် အမတ်မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ပါ။

@CNA

သမ္မတ ထရန့်ရဲ့ဆေးစစ်ချက်အဖြေဟာ စနေနေ့က ထွက်လာခဲ့ပြီး အဖြေက negativeပါ။ ရောဂါပိုးကူးစက်မှုမခံရပါဘူးတဲ့။ ဒီအဖြေကို သမ္မတ ရဲ့ ကျန်းမာရေးအရာရှိ Sean Conley ထံမှတဆင့်သိရှိရခြင်းလည်းဖြစ်ပါတယ်။

ထိုဘရာဇီး သမ္မတ လောင်းနဲ့ ညစာအတူသုံးဆောင်ခဲ့ကြပြီး တစ်ပတ်ကြာသည်အထိ ထရန့်မှာ ရောဂါ အခြေနေအရိပ်အယောင်မပြပါဘူး။ ဒါ့အပြင် သမ္မတ ထရန့်ဟာ ယခင် ပြည်ဝင်ခွင့်ပိတ်ထားတဲ့ ဥရောပနိုင်ငံတွေထဲကို ဗြိတိန်နဲ့ အိုင်ယာလန်ကို ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

Sponsored

ဒါ့အပြင် အိမ်ဖြူတော်ထဲသတင်းဝင်ယူမယ့် သတင်းထောက်တွေဟာ အပူချိန်တိုင်းတာခြင်း ခံရမှာဖြစ်ပြီး သမ္မတ ထရန့်က သူရောဂါစစ်ဆေးမှုကို သောကြာနေ့က ပြုလုပ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ က အမေရိကန်နိုင်ငံသားတွေကို ပြည်တွင်းပြည်ပ ခရီးသွားခြင်းကို တတ်နိုင်သမျှ ဆင်ခြင်ဖို့ တိုက်တွန်းထားပါတယ်။

@CNA

အမေရိကန် ကူးစက်ရောဂါကာကွယ်အဖွဲ့ ဒါရိုက်တာ Anthony Fauci က ” အမေရိကန်နိုင်ငံသား ၂၂၂၆ ယောက်ဆီ ရောဂါရောက်ရှိနေပါပြီ၊ မထိန်းချုပ်နိုင်ခင် အခြေအနေဆိုးကို အရင်ဆုံး ရင်ဆိုက်ရဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေသိထားရမှာက ရောဂါဟာ အချိန်မီကုသရင် ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ ” လို့ဆိုပါတယ်။

တဖက်မှာလည်း ခရီးသွားခွင့်တွေတားမြစ်တာကြောင့် အမေရိကန် လေကြောင်းလိုင်းတွေ အနေနဲ့ ခရီးစဉ်အများစုကို တနလ်ာနေ့ကစလို့ ဖျက်သိမ်းရဖွယ်ရှိနေပါတယ်။ သို့ပေမယ့် အမေရိကန်နိုင်ငံသားနဲ့ တရားဝင်နေထိုင်သူတွေဟာ ဘယ်နိုင်ငံမှာပဲ ရောက်နေ ရောက်နေ အချိန်မရွေးပြန်လာခွင့်ရှိနေပါတယ်။

Getty Images

ဒါ့အပြင် အစားအသောက်ဝယ်ယူစုဆောင်းသာတွေကြောင့် စျေးဝယ်စင်တာတော်တော်များများ ပစ္စည်း ပျက်လပ်ကုန်ကြပါတယ်။ စနေနေ့မနက်ကဆို ကယ်လီဖိုးနီးယားက ကုန်တိုက်တစ်ခုအဝင်မှာ လူ၅ဖောင်လောက် အတန်းရှည်ကြီး ၂ တန်းစီကာ ဆိုင်ဖွင့်ချိန်ကို စောင့်နေကြတယ်လို့ သတင်းတစ်ခုအရ သိရပါတယ်။

Writer- ZWP
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *