Sponsored

အမေရိကန် သမ္မတ ထရန့် က Coronavirus ဟာ နိုင်ငံအဆင့်အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ဆက်လက်ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ အားလုံးလက်တွဲညီညီပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နောက်တစ်ခုကတော့ အရေးပေါ်ကယ်ဆယ်ရေးသုံးငွေကို ဒေါ်လာ ၅၀ဘီလီယံအထိ တိုးမြင့်ဖို့ သဘောတူညီခွင့်ပြုခဲ့ပါတယ်။

@CNN

ယခုလို့ ဘက်ဂျက်တိုးမြင့်လိုက်တဲ့အတွက် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့်ကုသခြင်းကို အရှိန်အဟုန်မြင့်တင်နိုင်တော့မှာဖြစ်တယ်လို့လည်းပြောပါတယ်။ ယခုနောက်ဆုံးအချိန်အထိ အမေရိကန်နိုင်ငံတွင် ၁၇၀၁ ဦးကူးစက်ခံနေရပြီး သေဆုံးသူ ၄၀ဦးရှိပြီလည်းဖြစ်ပါတယ်။

အမေရိကန် ပြည်နယ်တွေမှာ ကူးစက်မှုကို ဟန့်တားရန်အတွက် လူစုလူဝေးပွဲတွေ၊ အားကစားပွဲတွေနဲ့ ကျောင်းတွေကို ခဏတာ ပိတ်ထားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က တရုတ်မှာစတင်ခဲ့တဲ့ Coronavirus ရောဂါပိုးရဲ့ အဓိကကူးစက်မှုနေရာဟာ တရုတ်ပြည်မှ ယခုဆိုရင် ဥရောပသို့ ကူးစက်လာပြီဖြစ်ပါတယ် ။

Sponsored
@CNN

ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ တဟုန်ထိုး ထိုးတက်နေပြီး WHO ကပါ ကပ်ရောဂါအဆင့်ကြေငြာရသည်အထိဖြစ်သွားခဲ့တာပါ။ အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်းက လူ ၂၅၀ ဦးအထိသေဆုံးခဲ့ပြီး သေဆုံးသူ ဦးရေ ၁၂၆၆ ဦးအထိရှိလာပြီဖြစ်ပါတယ်။ ကူးစက်ခံရသူကတော့ ၁၇,၆၆၀ ဦးဖြစ်ပါတယ်။

သမ္မတ ထရန့် ရဲ့ယခုကြေငြာချက်ကဟာ အိမ်ဖြူတော်သတင်းတိုက်ရိုက်ထုတ်လွှင့်မှုမှ ထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ၂လ လောက်က တကယ့်ကို အရေးပေါ်အခြေအနေပါ လို့လည်းထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အမေရိကန်ု ဆေးကုသမှုဆိုင်ရာ ဥပဒေတွေကို လျော့ချ ပေးမှာဖြစ်ပြီး ဆေးဝန်ထမ်းတွေအတွက် အခြေခံလက်မှတ်ရှိရုံနဲ့တင် ယခုအတောအတွင်း လူနာတွေကို စောင့်ရှောက်နိုင်မှာလည်းဖြစ်ပါတယ်။ ဆေးရုံတွေကို အမြဲအသင့်အနေအထားရှိစေမှာဖြစ်ပြီး နောက်အပတ်ထဲမှာ Coronvairus စစ်ဆေးကရိယာအစုံ ၅သိန်းကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

@CNN

နောက်တစ်ခုကတော့ President Trump ဟာ ယခုလက်တလော ရောဂါကူးစက်ခံရသူ နိုင်ငံခေါင်းဆောင်တချို့နဲ့ အစည်းအဝေးတွေမှာ တူတူရှိခဲ့တာကြောင့် ရောဂါစစ်ဆေးသင့်တယ်လို့ တချို့ကတိုက်တွန်းနေပေမယ့် သူကတော့ ယခုအချိန်အထိ သူ့မှာ ရောဂါအခြေအနေမပြသေးကြောင်းနဲ့ စစ်ဆေးဖို့ မလိုသေးကြောင်းပဲ ထပ်တလဲလဲပြောနေပါတယ်။ ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ကတော့ သူ့အမျိုးသမီးကူးစက်ခံရတဲ့အတွက် သူပါ နေအိမ်အတွင်းခွဲခြားနေထိုင်ခြင်းကိုပြုလုပ်နေရပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေဟာ အမေရိကန်နိုင်ငံတွင် President မှာသာလျှင်ထုတ်ပြန်နိုင်ခွင့်ရှိတာဖြစ်ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *