အမှိုက်ကနေ ရွှေဖြစ်အောင် သက်သေပြနိုင်ခဲ့တဲ့ ဒေါက်တာရဲလွင်

Ye Lwin's Facebook

မန်းမြို့တော်ဝန်က မန္တလေးက လမ်းတွေပြင်ဆင် အသစ်ခင်းနေတာ ကုန်သလောက်ရှိလာတော့ ခုတစ်ခါ နောက်တစ်မျိုး လုပ်ချလိုက်ပြန်ပါပြီ …

အဲ့ဒါကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး စနစ်တကျ သန့်ရှင်းသော အမှိုက်စွန့်ပစ်ကျင်းကြီးကို မန္တလေးမြို့ အတွက် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာရဲ့ ကျောက်ကြမ်းတောင်ဒေသမှာ တည်ဆောက်နေတာ မကြာခင်မှာ ပြီးစီးပါတော့မယ်တဲ့ …

Ye Lwin’s Facebook

အဲ့ဒီ့ခေတ်မှီအမှိုက်ကျင်းကြီးက စတုရန်းပေ သုံးသိန်း ကျယ်ပြီး မန္တလေးမြို့တော်မှ နေ့စဉ်ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို အမှိုက်တန်ချိန် ၄ သိန်း ၆ သောင်းထိလက်ခံနိုင်မှာဖြစ်ပြီး သက်တမ်းဆယ်နှစ်ကြာ အသုံးပြု နိုင်မှာပါတဲ့..

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာမည့် Leachate (ရေဆိုး) များ ကိုလည်း မြေအောက်စိမ့်မဝင်နိုင်အောင် ၂ မီလီမီတာ အထူရှိသော Polyethelene Sheet အမှိုက်ကျင်း အောက်ခြေ စတုရန်းပေ (သုံးသိန်းသုံးသောင်း)ကျော် အပြည့် ခင်းထားပြီး ကာကွယ်ထားပေးပါတယ်တဲ့…

Ye Lwin’s Facebook

ဒါတင်သာမက အမှိုက်တွေက ထွက်လာမဲ့ မီသိန်းဓာတ်ငွေ့ တွေကိုလည်း စုဆောင်းပြီး ဂျင်နရေတာနဲ့ လျှပ်စစ်ဓါတ်အား ၇၅ ကီလိုဝပ် ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်ဦးမှာပါတဲ့ အဲ့ဒီ့လျှပ်စစ်ဓါတ်အားကို အမှိုက်တွေ ပြန်လည် စီစစ် ရွေးထုတ်တဲ့ စက်တွေတည်ဆောက် လည်ပတ်တဲ့ နေရာမှာ ပြန်အသုံးပြုသွားမယ်တဲ့ …

Ye Lwin’s Facebook

Sorting plant ကရွေးထုတ်ပြီး ပြန်ထွက်လာမယ့် အော်ဂဲနစ်အမှိုက်တွေကို compost လုပ်ပြီး မြေဆွေး အဖြစ် ပြန်လည်အသုံးချမယ်။ ပလတ်စတစ်တွေကို Recycle ပြန်လုပ်ပြီး Recycle ပြန်လုပ်လို့မရတာကို RDF (Refuse-Derived-Fuel) လောင်စာတောင့် ထုတ်လုပ်သွားဖို့ မြို့တော်ဝန်က စီစဉ်ထားပါတယ်တဲ့။

အမှိုက်ကို ရွှေဖြစ်အောင် အပြောနဲ့မဟုတ် ဒေါက်တာရဲလွင်က အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါပြီ …

ZN.H (AU)