Sponsored

နယူးကာဆယ်အသင်းဟာ အင်တာမီလန်ကနေ အငှားစာချုပ်နဲ့ခေါ်ယူလိုက်တဲ့ တောင်ပံ ကစားသမား လာဇာယိုကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အသက် ၂၃နှစ်ရှိသြစတြီးယားသားလာဇာယိုဟာ နည်းပြ ကွန်တီလက်အောက်မှာ ၄ပွဲပါဝင်ကစားခဲ့ပြီး ပေါင်၁.၂၅ သန်းကာဆယ်အသင်းကပေးချေရမှာဖြစ်ပါ တယ်။

Getty Images

ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ နောက်ခံလူအစွန်လူတွေဖြစ်ကြတဲ့ ဒီဆီဂလီယိုနဲ့ ကာဇာဝါ တို့ ကို အလဲအလှယ်လုပ်ဖို့ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ Goal.com ကအတည်ပြုခဲ့ပါတယ်။ အာဆင်နယ်နဲ့ သတင်းထွက်ခဲ့တဲ့ ပီအက်စ်ဂျီ နောက်ခံလူ ကာဇာဝါဟာလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေတာ ကြောင့် ဂျူဗင်တပ်အသင်းက အာဆင်နယ်ထက်လက်ဦးမူရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Getty Images

အင်တာမီလန်အသင်းဟာ စပါးကွင်းလယ်လူအဲရစ်ဆင်ကိုယူရိုသန်း၂၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ် ပါတယ်။အင်တာမီလန်အသင်းဟာ လာမယ့်တစ်ပတ်အတွင်းမှာပဲ အဲရစ်ဆင်ကို ၄နှစ်ခွဲစာချုပ် ချုပ်ဆ ိုမှာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၂သိန်း၆သောင်းပေးချေမယ်လို့သတင်းထွက်ပေါ်လာခဲ့တာဖြစ် ပါတယ်။

Sponsored
Getty Images

လီယွန်တိုက်စစ်မှူး ဒမ်ဘီလီနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီတို့နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပယ်ချသွားခဲ့ပါတယ်။အဆိုပါသတင်းတွေဟာ မှန်ကန်မူမရှိတဲ့ သတင်းတွေသာဖြစ်ပြီး ဘယ်သူနဲ့မှာ ဆွေ့ဆုံဆွေးနွေးတာမျိုးမရှိခဲ့ကြောင်းလမ်း ပတ်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။

Getty Images

စပါးနောက်ခံလူ ဒယ်နီရို့စ်ကိုခေါ်ယူဖို့အတွက် ဘုန်းမောက်နဲ့ ဝက်ဖို့ဒ်အသင်းတို့အပြိုင်အဆိုင်ဖြစ် နေပါတယ်။အင်္ဂလန်နောက်ခံလူ ဒယ်နီရို့စ်ဟာ မော်ရင်ညိုရဲ့လက်ထက်မှာ အဆင်မပြေဖြစ်နေပြီး ၁၈လစာချုပ်ပဲကျန်ရှိတော့တာဖြစ်ပါတယ်။အသင်းဘက်ကလည်း ထွက်ခွါခွင့်ပြုဖွယ်ရှိလို့ အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ်ဖို့ရှိတယ်လို့သိရပါတယ်။

Getty Images

ရှက်တာဒိုးနက် နောက်ခံလူ မက်ဗီယန်ကို နဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး အာ ဆင်နယ်နည်းပြ အာတီတာက ဖြေကြားဖို့ ငြင်းဆန်လိုက်ပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ် သက်ပြီးထုတ်ဖော်ပြောပြဖို့ အဆင်သင့်မဖြစ်သေးကြောင်းနဲ့နောက်ခံလူနေရာအတွက် ကစားသမားလိုအပ်နေတာမှန်ကန်သလို တခြားနေရာတွေအတွက်လည်း လိုအပ်တယ်လို့ အာတီတာ ကဆိုခဲ့ပါတယ်။

Getty Images

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *