ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ သမုိင္းဝင္ကားကုိ သိန္း (၅၀၀၀) ျဖင့္ ေလလံတင္ေရာင္းခ်မည္

ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ သမုိင္းဝင္ကား

“ပါတီရန္​ပုံ​ေငြ လိုအပ္​ခ်က္​​ေၾကာင့္ အေမ​ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ TOYOTA Mark II JZX100 ​ေမာ္​​ေတာ္​ယာဥ္​ ကို ​ေလလံတင္ ေရာင္းခ်မည္”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ စီးနင္းခဲ့ေသာ TOYOTA Mark II JZX100 အမ်ိဳးအစား ေမာ္ေတာ္ယာဥ္မွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ တာ၀န္ယူထားစဥ္ကထဲက ျမန္မာႏိုင္ငံတစ္၀ွမ္း လွည့္လည္ သြားေရာက္ခဲ့ရာတြင္ အသံုးျပဳ ခဲ့ေသာ ေမာ္ေတာ္ယာဥ္ျဖစ္ပါတယ္​။

ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ သမုိင္းဝင္ကား

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ရန္ပံုေငြ အတြက္ ရည္ရြယ္၍ ရရွိေငြမ်ားအား အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (ရံုးခ်ဳပ္) တည္ေဆာက္ေရး လုပ္ငန္းမ်ားတြင္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္းကိုလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုတိယ ဥကၠ႒ ျဖစ္သူ ေဒါက္တာ ေဇာ္ျမင့္ေမာင္ မွ ေျပာၾကားခဲ့ပါတယ္။

ေရာင္းခ်မႈကိုေတာ့ လာမယ့္ သႀကၤန္ၿပီးမွာ ေဆာင္ရြက္ျဖစ္လိမ့္မည္ျဖစ္ၿပီး ၾကမ္းခင္းေစ်း အေနျဖင့္ သိန္း (၅၀၀၀) မွ စတင္သြားျဖစ္ေၾကာင္းကိုလည္း ေဒါက္တာေဇာ္ျမင့္ေမာင္မွ ေျပာၾကားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ သမုိင္းဝင္ကား

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီရံုးခ်ဳပ္ (ေနျပည္ေတာ္)ကို လြန္ခဲ့တဲ့ ေဖေဖာ္၀ါရီလထဲမွာ ေနျပည္ေတာ္၊ ဒကၡိဏသီရိ ၿမိဳ႕နယ္ရွိ ႏိုင္ငံေတာ္ေဂဟာ အနီး ေျမဧက ၂၁ ဧက ေပၚတြင္ ေဆာက္လုပ္ရန္အတြက္ ေျမေနရာရွင္းလင္းေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္လွ်က္ရွိေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ယခုကဲ့သို႕ ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ ေမာ္ေတာ္ယာဥ္ကို ေစ်းၿပိဳင္ ေလလံစနစ္ျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း သတင္းထြက္ရွိခဲ့ျခင္းျဖစ္ပါတယ္။ ေရာင္းခ်ပြဲကိုေတာ့ ေနျပည္္ေတာ္ MICC 2 ခန္းမတြင္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သတင္းရရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ စီးနင္းခဲ့ေသာ သမုိင္းဝင္ကား

ေက်ာ္သူရ (လယ္ေ၀း)၊ ZN.H (ေလးစားမႈျဖင့္ ခရက္ဒစ္)


#Unicode Version

“ပါတီရန်ပုံငွေ လိုအပ်ချက်ကြောင့် အမေဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော TOYOTA Mark II JZX100 မော်တော်ယာဉ် ကို လေလံတင် ရောင်းချမည်”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စီးနင်းခဲ့သော TOYOTA Mark II JZX100 အမျိုးအစား မော်တော်ယာဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကထဲက မြန်မာနိုင်ငံတစ်ဝှမ်း လှည့်လည် သွားရောက်ခဲ့ရာတွင် အသုံးပြု ခဲ့သော မော်တော်ယာဉ်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရန်ပုံငွေ အတွက် ရည်ရွယ်၍ ရရှိငွေများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ရုံးချုပ်) တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် မှ ပြောကြားခဲ့ပါတယ်။

ရောင်းချမှုကိုတော့ လာမယ့် သြင်္ကန်ပြီးမှာ ဆောင်ရွက်ဖြစ်လိမ့်မည်ဖြစ်ပြီး ကြမ်းခင်းဈေး အနေဖြင့် သိန်း (၅၀၀၀) မှ စတင်သွားဖြစ်ကြောင်းကိုလည်း ဒေါက်တာဇော်မြင့်မောင်မှ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ် (နေပြည်တော်)ကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နိုင်ငံတော်ဂေဟာ အနီး မြေဧက ၂၁ ဧက ပေါ်တွင် ဆောက်လုပ်ရန်အတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော မော်တော်ယာဉ်ကို ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းထွက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရောင်းချပွဲကိုတော့ နေပြည်တော် MICC 2 ခန်းမတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကျော်သူရ (လယ်ဝေး)၊ ZN.H (လေးစားမှုဖြင့် ခရက်ဒစ်)