Sponsored

ကမ္ဘာကျော် သရုပ်ဆောင်မင်းသားကြီး တွမ်ဟန့်နှင့် ဇနီးတို့ ကိုရိုနာဗိုင်းရပ်ပိုးတွေ့တယ်လို့ စိတ်မကောင်းစွာကြားသိလိုက်ရပါတယ်ခင်ဗျာ။

@Facebook

ဟောလီးဝုဒ်မှ ကမ္ဘာကျော်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ မင်းသားကြီး တွမ်ဟန့်နှင့် ဇနီးတို့သည် ဩစတြေးလျနိုင်ငံတွင် ရှိနေစဉ် ပင်ပန်းနွမ်းနယ်ခြင်း၊ အအေးမိခြင်း၊ ကိုက်ခဲခြင်း စသည့် လက္ခဏာများကြောင့် စစ်ဆေးကြည့်ရာတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်ဟု တွမ်ဟန့်က ၎င်း၏ အပြာရောင်အမှတ်သားခြစ်ရ Facebook စာမျက်နှာတွင် လွန်ခဲ့သော တစ်နာရီကျော်ကျော်ကမှ ရေးသားထားသည်။

“ကောင်းပြီ၊ ခု ဘာဆက်လုပ်ကြမလဲ။ (ပိုးတွေ့ရင်) လိုက်နာရမယ့် အချက်တွေကိုတော့ ကျန်းမာရေး အရာရှိတွေက ထုတ်ပြန်ထားတယ်။ အများပြည်သူ ကျန်းမာရေးနဲ့ ဘေးကင်းရေး ရှုထောင့်အရ လိုအပ်သလောက် ကျွန်တော်တို့ ဟန့် မောင်နှံကို စစ်ဆေးမယ်၊ စောင့်ကြည့်မယ်၊ သီးခြားခွဲထားမယ်။ ဒီနေ့အတွက်ပဲစဉ်းစား၊ နောက်နေ့အတွက်မပူနဲ့ ဆိုတဲ့ စကားအတိုင်းလား … သိပ်တော့မလွယ်ဘူးထင်တယ်နော်…။

Sponsored
@Facebook

“ကျွန်တော်တို့ရဲ့အခြေအနေကို ကမ္ဘာကသိအောင် ဆက်လက်ထုတ်ပြန်နေပါ့မယ် “ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ “ဟန့်မောင်နှံ” ဟု ရေးသားထားသည်။

Source: Tom Hank’s Fb

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *